top of page
Search

သမ္မတထရမ့်မှပြောသော ကိုဗစ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 2, 2020
  • 1 min read

ree

သမ္မတထရမ့်ဟာ ကမ္ဘာပေါ်က နံပတ်တစ်တိုင်းပြည်ကြီးရဲ့ သမ္မတပါ။ အကြီးဆုံးတပ်ရဲ့ စစ်သေနာပတိချုပ်ပါ။ သူ့မှာ အစောင့်တွေများစွာရှိပါတယ်။ သူ့နားကို ရန်သူလာဖို့ ခက်ပါတယ်။ သူ့မှာ သမ္မတစီးတဲ့လေယဉ်၊ ရဟတ်ယဉ်၊ ကား အစုံရှိပါတယ်။

သူဟာကိုဗစ်ကို ရောဂါအနေနဲ့ ဟုတ် မဟုတ် ယခင်က မေးခွန်းထုတ်ခဲ့သူပါ။ နှာခေါင်းစည်းကိုလဲ အယုံအကြည်မရှိခဲ့သူပါ။ နှာခေါင်းစည်းတပ်ဖို့ အစပိုင်းမှာ ငြင်းဆန်ခဲ့ပြီး နောက်ပိုင်းမှာ မတတ်ချင် တတ်ချင်နဲ့ တတ်ခဲ့ပါတယ်။

ယခုသူ့ရဲ့ အိမ်ဖြူတော်အကူမှာ ပိုးတွေ့ရာကနေ စစ်ဆေးစဉ် သူလဲ ပိုးတွ့ခဲ့ပါတယ်။ သူက မနေ့ကညပိုင်းမှာ အဖျားရှိလာပါတယ်။ သူဟာ နည်းနည်းမောတာရှိပေမယ့် စိတ်တက်ကြွနေဆဲပါလို့ သူ့ဆေးမှူးက ပြောထားပါတယ်။ သမ္မတထရမ့်ကို နောက်ဆုံးပေါ် စမ်းသပ်ဆေးဖြစ်တဲ့ Regeneron ဆေးပေါင်းကိုပေးထားတယ်လို့ဆိုပါတယ်။ ဒီဆေးဟာ ရောဂါပိုး Virus အရေအတွက်ကို လျှော့ချနိုင်ဖို့လို့ ဆိုပါတယ်။ နောက်သမ္မတထရမ့်ဟာ Vitamin D, Zinc, Melatonin, Aspirin နဲ့ အစာအိမ်အနာမဖြစ်အောင်အက်စစ်လျှော့တဲ့ Famotidine ကိုလဲ သောက်နေပါတယ်။ သမ္မတထရမ့်ဟာ ဝပြီး အသက် ၇၄ ဖြစ်နေလို့ စိုးရိမ်ရတဲ့ အုပ်စုထဲမှာ ပါနေပါတယ်။ ယခုဆောင်းပါးရေးချိန်မှာဘဲ စစ်ဆေးရုံဖြစ်တဲ့ Walter Reed Medical centre ကို ပြောင်းရွှေ့ထားလိုက်ပါပြီ။


စာရေးသူတို့လို မြန်မာပြည်က သာမန်ပြည်သူတွေအတွက် သံဝေဂရဖို့က ကိုဗစ်ဟာ အမေရိကန်သမ္မတရော၊ ယူကေဝန်ကြီးချုပ်ရော၊ အာရပ်ကဘုရင်တွေရော ကူးတယ်ဆိုတာပါ။ သူတို့က ပိုက်ဆံတတ်နိုင်ပေမယ့် စာရေးသူတို့က မလွယ်ပါ။ NLD မှာလဲ မဲဆွယ်ဖို့ အခက်အခဲရှိနိုင်ပေမယ့် ယခုရက်ပိုင်းအတွင်း လူစုလူဝေးနဲ့ အပြင်ထွက် မဲမဆွယ်ပါနဲ့။ မဲစာရင်းသာ တပ်ကကြိုတင်မဲကို ဘာကြောင့်လဲ နိုင်အောင်စစ်ပါ။ ဒါဟာ မဲဆွယ်တာထက် ပိုထိရောက်ပါတယ်။ နှင်းဆီကျော်မြင့် ပြည်သူ့ထံကလိမ်ထားတာကို ပြည်သူကို ပြန်ပေးနိုင်ရင် တောင်ပြိုကမ်းပြို နိုင်သွားပါမယ်။ စစ်သားသာ ကြိုတင်မဲကို ရှေ့တန်းထွက်ရင်ခွင့်ပြုပြီး မိသားစုတွေ ကြိုတင်မဲကို ခွင့်မပြုပါနဲ့။ ကြိုတင်မဲဟာ ဖွတ်မဲပါ။ တပ်မိသားစုတွေ အရပ်မဲရုံမှာ မဲပေးနိုင်ရင် တနိုင်းမှာ NLD နိုင်ပါမယ်။


ပြည်သူများ ကိုဗစ်ကိုနိုင်ဖို့ လိုက်နာရမှာက


✅ အိမ်ထဲမှာနေပါ

✅ လက်ဆေးပါ

✅ နှာခေါင်းစည်းတပ်ပါ

✅ ဖြစ်နိုင်ရင် ၆ ပေလောက် ခပ်ခွါခွါနေပါလို့သာ ထပ်ခါထပ်ခါ ပြောပါရစေ။

✅ ဖျားရင် အနံ့ပျောက်ရင် ချက်ခြင်း သတင်းပို့ပါ။

✅ သင့်ကြောင့် ကိုဗစ် မကူးပါစေနဲ့


News Credit: CNN, FT

 
 
 

Recent Posts

See All
မိုးကုတ်

မိုးကုတ်နားကနေ အတိုးအဆုတ်ကို ဆုံးဖြတ်မှာပါ။ ပြည်သူက အငြင်းမပွါးဘဲ ဘယ် ERO မှ အပြစ်မတင်ဘဲ NUG ကို PRF ကနေ ကူပေးပါ။ ဒါဆို ရလာဒ်ကောင်းမှာပါ။

 
 
 
မိုက်တီးလိုရိုက်

မိုက်တီးကိုဖမ်းရင် ညိုစောရဲ့မရီးမေသဇာဦး၊ ယုန်လေးတို့ကို မမေ့ဖို့လိုသလို နေတိုးတို့အဖွဲ့ကိုလဲ ဖမ်းနိုင်ဖို့လိုပါတယ်။ သနားရင် မအလအုပ်ချုပ်တာ ခံသွားပါ။ကြေညာချက်မထုတ်ပါနဲ့။ စစ်ရေးဆိုတာ အလစ်အငိုက်ပါ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Oct 03, 2020

ဦးမြတ်! အဆိုအမိန့် ၊ အဆုံးအမများ ဦးထိပ်ပန်ဆင် တင်ပြပါရစေ


ဒီမိုကရေစီစနစ် ဖြစ်ထွန်းအောင်မြင်ရန် ပြည်သူပြည်သားတို့သည် အသိဉာဏ်ပညာ နှင့် ဆင်ခြင်တုံတရား လုံလောက်အောင် ရှိကြရပါမည်။

အသိဉာဏ် ကင်းမဲ့သော နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်။

ဦးသန့်

မြန်မာနိုင်ငံသား

ကုလ. တွင်းရေးမှုးချုပ်


*****************************


**စည်း**ဆိုတဲ့ စကားလုံး၊ ကျွန်မတို့ လူ့အသိုင်းအဝိုင်းအတွက် အလွန်အရေးပါပါတယ်။

**စည်း ကို**လုံခြုံမှု ဖန်တီးပေးတာလား ? ကြပ်တည်းမှုကို ဖြစ်စေတာလား ?ဆိုတာကတော့*အမြင်*ပေါ် မူတည်ပါတယ်။ မျှတစေတဲ့ သဘောနဲ့ ကြည့်တတ်ဖို့ လိုပါတယ်။ **စည်း**

**စောင့်ခြင်း**က နှစ်ဦး နှစ်ဖက်

ကောင်းကျိုး ရရှိစေပါတယ်။


ဒေါ်အောင်ဆန်းစုကြည်


%%%%%%%%%%%%%%%%


ခုမနက် လက်ဖက်ရည်ဆိုင်က စမူဆာ ဝယ်ဖို့အသွား။ စမူဆာထုပ် ရပ်စောင့်နေစဥ် ၂၀ ကျော် ၂၅ အလန်းလေး တစ်ယောက် ရောက်လာပြီး ၅ခုဟု နှုတ်ကလည်းပြော ၊ စမူဆာ လင်ပန်းပေါ်

(ပူ မပူ သိနိုင်ရန်)လက်ခုံနဲ့ တလင်ပန်းလုံး အနှံ့ကပ်၊ သစ်သီးဝယ်သလို တခုချင်း ရှာဖွေ မွှေနှောက် ဝင်ရောက်ရွေးချယ်ဝယ်သွားပါသည်။ လက်အိတ်စွပ်ထားသော ဆိုင်ရှင်က (အားနာသောအကြည့်ဖြင့်)အခြားသူများကို မျက်လုံးဖြင့် တုန့်ပြန်သည်ကို တွေ့လိုက်ရပါသည်။**သဘောပေါက် နားလည်ပြီးသားပါ**။ ယခုလိုကာလမှာ ဤအပြုအမူမျိုး လုပ်သင့် မလုပ်သင့်

ချင့်ချိန်နိုင်သော ဉာဏ်စွမ်းအား ?

သူမ ရုပ်ကလေးက သူဌေးသမီးမို့ လန်း ပေမယ့် အသိဉာဏ်နဲ့ ကိုယ်ကျင့်တရားကတော့ နွမ်းလျ ကြွေကျ နေပါသည်။အနည်းဆုံးတော့ လက်အိတ်စွပ် နှာအုပ်နဲ့ ရောင်းနေတဲ့ ဆိုင်ရှင်ရဲ့အသွင်ကိုတော့ အားနာ ရိုကျိုးသင့်ပါသည်။

##ဂါရဝေါစနိဝါတောစ##


****************************


မြို့လေးက အလယ်ပိုင်းမြေပြန်ဆိုပေမယ့် ဆင်ခြေလျောလမ်းများ အများစု တည်ရှိပါသည်။ မိုးကြီးလျှင် ရေသဘာဝ

မြင့်ရာမှ နိမ့်ရာ စီးဆင်းပါ၏။မို့မို့မြင့်ရာ အရပ်မှာ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page