top of page
Search
  • Writer's pictureMyat Tun Oo
သမ္မတကြီးနဲ့ဆရာဖေရှင်းပြီ
Unicode version
သမ္မတကြီးနဲ့ဆရာဖေရှင်းပြီ
စာရေးသူ၁၀/၂/၂၀၁၉ကဆောင်းပါးရေးဖူးပါတယ်။ဆောင်းပါးအမည်က"ပြန်ကြားရေးအတွက်စဉ်းစားပါဆရာဖေ" ဖြစ်ပါတယ်။၂၂/၇/၁၉ကမြန်မာ့အသံကညွှန်ချုပ်ဦးမြင့်ထွေးကိုထုတ်လိုက်ပါပြီ။အကျဉ်းဦးစီးကညွှန်ချုပ်လဲလာပါမယ်။ကြာတတ်ပါတယ်။ဒါပေမယ့်လာပါမယ်။
--------
Unicode version
ပြန်ကြားရေးအတွက်စဉ်းစားပါဆရာဖေ
လွှတ်တော်မှာတပ်မတော်ကမတ်တပ်ရပ်လို့ဆွေးနွေးစဉ်ဟေမာနေဝင်းလေးနဲ့မြန်မာ့ရုပ်မြင်သံကြားဖြတ်ပြီးတင်ဆက်လိ်ုက်ပါတယ်။နောက်ပိုင်းမှာမြန်မာ့ရုပ်မြင်MRTV ကလွှတ်တော်ကနေMRTV ကိုသွားတဲ့မြေအောက်ကြိုးကတပ်ကုန်းအဖြတ်မှာတပ်ကိုဖြတ်သွားရလို့ပြတ်သွားတယ်ဆိုပြီးပြောပါတယ်။တပ်ကတော့မနေ့ထဲကပြင်ပြီးသားလို့ပြောပါတယ်။ဘယ်သူလိမ်နေတာလဲ?
ဒီနေရာမှာဘယ်သူလိမ်လိမ်မလိမ်လိမ်အစိုးရအနေနဲ့သတိထားရမှာနှစ်ခုရှိပါတယ်။ပထမကဒီမြေအောက်ကြိုးကတပ်ပိုင်မြေကဖြတ်သွားလို့တပ်ကအချိန်မရွေးဖြတ်လို့ရတယ်ဆိုတာပါ။ဒါကိုကျော်ဖြတ်ဖို့ဆရာဖေအနေနဲ့ကျွမ်းကျင်တဲ့အင်ဂျင်နီယာများနဲ့စစ်ဆေးသင့်ပါတယ်။မဟုတ်ရင်နောက်ခြေဥဆွေးနွေးရင်၊မဲခွဲရင်အငြင်းပွားရင်အာဏာသိမ်းရင်လွှတ်တော်ထဲဝင်စရာမလိုဘဲတပ်ကုန်းကကြိုးဖြတ်ရုံနဲ့အဆင်ပြေသွားပါမယ်။
အဲ့ဒီနေ့ကအစီအစဉ်ကိုဖြတ်တာဟာပြန်ကြားရေးကလက်ကျန်မိုးကျတွေလဲဖြစ်နိုင်ပါတယ်။ဖားတာပေါ့။ဒါဆိုရင်တပ်ကပြောတာအမှန်ဆိုရင်စုံစမ်းစစ်ဆေးပြီးအရေးယူသင့်ပါတယ်။ဒီနေရာမှာစန္ဒရားတင်ဝင်းလှိုင်ကရှက်ရင်ထွက်ပါလို့ပြောစဉ်ကမထွက်ခဲ့သူမိုးကျများကိုထုတ်ဖို့အချိန်ကောင်းပါ။
ဒုတိယအနေနဲ့ကNLD အစိုးရအနေနဲ့sky net လိုDVB ကဲ့သို့ပြည်ပအသံလွှင့်ဌာနတွေကိုလွှတ်တော်ထဲမှာSky Net လိုတိုက်ရိုက်လွှင့်ခွင့်ပေးဖို့ပါ။ဒါဆိုရင်MRTVကပြဿနာမျိုးကိုကာကွယ်နိုင်ရုံမကအာဏာသိမ်းရင်လဲသူတို့ကတိုက်ရိုက်လွှင့်နိုင်မှာပါ။
ဒါကြောင့်ဆရာဖေအနေနဲ့MRTV ကိုစုံစမ်းပြီးအရေးယူပါ။ဒီမြေအောက်ကြိုးပြဿနာကိုရှင်းပါ။တပ်ထဲဝင်လို့မရရင်သူတို့ဖြတ်ရင်ခံရပါမယ်။လက်တွေ့ကတော့DVB တို့အခြားအသံလွှင့်ဌာနတွေကိုဂြိုလ်တုနေလွှတ်တော်ကိုတိုက်ရိုက်လွှင့်နိုင်အောင်စီစဉ်ပေးပါ။မဟုတ်ရင်တော့ခံပေအုံးတော့လို့သာဆရာဖေကိုပြောပါရစေ။
2,509 views0 comments
Comments
bottom of page