top of page
Search
  • Writer's pictureMyat Tun Oo

သတင်းအတည်မပြုခင်စဉ်းစားရန်


စာရေးသူအနေနဲ့ မြို့ပေါ်မှာ လှုပ်ရှားနေသူ UG များကို အင်မတန်လေးစားပါတယ်။ ယခုဟာကလုံခြုံရေးအတွက် အထူးသတိပေးလိုတာပါ။

မိမိလူတွေကို နေ့တိုင်း ဗီဒီယိုကနေခေါ်ပြီး လူစစ်ပါ။ ဖုန်းနံပတ်ကနေ မလုပ်ပါနဲ့။ ဥပမာ facebook messenger ကနေ လူချင်း ဗီဒီယိုခေါ်ပြီး ပြောတာမျိုးပါ။ စစ်တပ်မှာ တန်းစီလူစစ်သတင်းပို့တာမျိုးပေါ့။ မနက် ၉ နာရီ၊ ည ၉ နာရီလုပ်ပါ။ မိမိ မလုပ်နိုင်ရင်လဲ မိမိရဲ့ နိုင်ငံခြားက ထိန်းချုပ်သူ (handler) ကို ဗီဒီယိုကခေါ်ပြီး လူစစ်ခိုင်းပါ။ မိမိတို့ ဗီဒီယိုခေါ်ချိန် မတက်လာခဲ့ရင် အဆိုပါလူ အဖမ်းခံရတယ်လို့ မှတ်ယူပြီး ကျန်လူက နေရာပြောင်းပါ။ ဒါက အခြေခံ ထောက်လှမ်းရေးတွေ ရန်သူ့နယ်မှာ လုပ်နေကြပါ။

ဒုတိယက မိမိလူအဖမ်းခံရလို့ မအလက ကြေညာရင် သတင်းဌာနတွေနဲ့  အင်တာဗျူးပြီး အတည်ပြုတာမျိုး လုံးဝလုံးဝ မလုပ်ပါနဲ့။ အဖမ်းခံရသူတွေကို မအလက နိုင်ငံရေးအကျဉ်းသားလိုအသိအမှတ်ပြုနေတာမဟုတ်ပါ။ အင်တာဗျူးပေးပြီး မိမိလူအဖမ်းခံရတာကို ကြေညာချက်ထုတ်လို့ဘီဘီစီကိုပြောလို့ အထဲကအဖမ်းခံရသူ ဘာမှ အကျိုးမများသွားပါ။

မအလဟာ လူပေါင်းများစွာကို ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းပါတယ်။ သူဖမ်းထားတဲ့လူဟာ တကယ်ပြစ်မှုကျူးလွန်လား သူကိုယ်တိုင်လဲမသိပါ။ ငါ့ညီတို့က ဘီဘီစီကို ကျွန်တော်တို့အဖွဲ့က အဖမ်းခံရတယ်ဆိုပြီး သွားအတည်ပြုချိန်မှာ အထဲကအဖမ်းခံရသူအချို့က သူတို့မပါဘူး ငြင်းနေတုန်းရှိပါတယ်။ ငါ့ညီတို့အတည်ပြုအပြီးမှာ အဆိုပါအင်တာဗျူးကိုပြပြီး အထဲကအဖမ်းခံရသူကို ပါးနားရိုက် ထပ်မေးပါတယ်။ ဒါကိုမပြောရင်လဲ မသိဘဲ ဆက်လုပ်နေမှာစိုးလို့ မဖြစ်မနေ စာရေးသူအနာခံပြီး ပြောပြရတာပါ။  ဗုံးဖောက်တယ်၊ ပြီးရင်ကိုယ့်အဖွဲ့ကလုပ်တာ ကြေညာချက်ထုတ်တာ ထုတ်ပါ။ ဒါပေမယ့် မိမိလူမိသွားရင် အတည်ပြုတာ ဘာညာမလုပ်ပါနဲ့လို့ ရှစ်ခိုးတောင်းပန်ပါရစေ။ အထူးသဖြင့် ပြည်တွင်းမှာအခြေခံတဲ့ သတင်းသမားကို အင်တာဗျူးသွားမပေးပါနဲ့။ အဲ့ဒီဖုန်းနံပတ်ကနေ ရန်ကုန်မှာ ကျန်နေသူပါအဖမ်းခံရပါလိမ့်မယ်။

မိမိလူအချင်းချင်း အဖမ်းမခံရအောင် သတင်းပေးလိုရင် အပေါ်ကပြောသလို နေ့စဉ် လိုင်းပေါ်ကနေဗီဒီယိုကခေါ်ပြီး အချင်းချင်း လူစစ်ပါ။ ဒါက လက်တွေ့ကျပြီး ထိရောက်တဲ့ နည်းလမ်းပါ။ ဘီဘီစီနဲ့အင်တာဗျူးပြီး ပြောစရာမလိုပါဘူး။ ဘီဘီစီမြန်မာပိုင်းကို အပြစ်တင်လိုတာမဟုတ်ဘဲ မအလတပ်ဟာ ပြည်တွင်းကဖုန်းမှန်သမျှ ကြားဖြတ်နားထောင်နိုင်လို့ပါ။ အထူးသဖြင့် သတင်းသမားဖုန်းကို စရဖက အမြဲ interception လုပ်ထားပါတယ်။ ညီ/ညီမတို့အားလုံး ဒီစာကိုဖတ်ပြီး ဆင်ခြင်နိုင်ပါစေ။ ဆက်ဗျူးရင်တော့ ဆက်အဖမ်းခံနေရမှာပါ။

822 views0 comments

Recent Posts

See All

တိုက်ဆိုင်လိုက်တာများကွာ

တိုက်ဆိုင်လိုက်တာများကွာ ၁၉ ဇွန် ၁၉၄၅ အမေ့မွေးနေ့ တရုတ်ကိုယ်စားလှယ် DASSK နဲ့ ထပ် တွေ့ခွင့်တောင်း ဇွန် ၁၈ မြောက်ပိုင်းထိုးစစ်ပြန်စ ဇွန် ၂၅ သိန်းစိန် တရုတ်ပြည်သွား ဇွန် ၂၇ ဒုချုပ် တရုတ်ပြည်သွား ဇူလိုင်

အလုံးစုံ ပျက်သုဉ်းရေးလုပ်နေသူ မအလ

အလုံးစုံ ပျက်သုဉ်းရေးလုပ်နေသူ မအလ ဘဏ်တွေကို ယုံကြည်ချက်ကျအောင် ပုံမှန်မှာ အတော်လုပ်ယူရမှာပါ။ မအလအကွက်ကလှတော့ NUG က ဘာမှ လုပ်စရာမလိုဘဲ လူတွေ တန်းစီသွားကြပါတယ်။ စျေးကွက်ကို အမိန့်ပေးလို့ရရင် ကွန်မြူနစ်စ

ယူရိုပွဲမှ သံဝေဂ

ယူရို ၂၀၂၄ မှာ တူရကီက ကစားသမားလဲကစားလဲ လူစားလဲသူက အင်မတန်ကောင်းတယ် ပြင်သစ်ကလဲ နာမည်ကြီးကစားသမား ဘာပေကိုထုတ်ပြီး လူစားလဲပေမယ့် အသစ်ကလဲ ကစားတာတော်တယ် အင်္ဂလန်ကလဲ ဟယ်ရီကိန်းကိုထုတ်ပြီး လူစားလဲကစားလဲ နိုင

Kommentare


bottom of page