top of page
Search

သတင်းသမားများ မေးပေးပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 11, 2020
  • 1 min read

သတင်းထောက်များဟာ သမ္မတရုံးက သတင်းစာရှင်းလင်းပွဲမှာ အပြင်ကဖွတ်တွေကထုတ်တဲ့ ကောလဟာလတွေကို အစိုးရကို မေးလေ့ရှိပါတယ်။ သူတို့မေးခွန်းက Facebook ပေါ်က အဘအကောင့်တုတွေက လာထိုင်မေးနေသလား ထင်ရပါတယ်။ အထူးသဖြင့်ဆိုရင် news watch သတင်းထောက်ဆိုအဆိုးဆုံးပါ။

ယခုတော့ သတင်းထောက်တွေကို ပြည်သူများကိုယ်စား သိလိုတာလေးတွေ မေးပေးစေချင်ပါတယ်။

ပထမမေးခွန်းက ဒုဗိုလ်ချုပ်ကြီးကျော်ဆွေက အငြိမ်းစားယူသွားတာလား၊ တပ်ထဲမှာ အရန်အင်အားလားဆိုတာပါ။

ဒုတိယမေးခွန်းက တပ်ထဲမှာ COVID 19 ထိတာ ဘယ်နှစ်ယောက်ရှိပြီလဲဆိုတာပါ။ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သလို တပ်ကဘာလို့ မထုတ်ပြန်တာလဲ မေးပေးပါ။

တပ်ထဲမှာ တပ်ပြင်မထွက်ရ အမိန့်ထုတ်ထားတာ ဟုတ်လား? Q ဘယ်နှစ်ယောက်လဲ? ပိုးထိတာ ရှိလား? ဘာလို့ Q အရေအတွက်များလာတာလဲ?

နောက်အတိုင်ပင်ခံရဲ့ အကောင့်အောက်မှာ တပ်မတော်သားတွေမန့်ရင် သူတို့ရဲ့ တပ်မှူးတွေ အရေးယူခံရမယ်ဆိုတာ ဟုတ်ပါသလား?

ဘာမှ နိုင်ငံတော်ပုန်ကန်တာ မပါပါဘူး။ သတင်းထောက်များကို အားကိုးပါရစေ။

 
 
 

1 Comment


U Myint Soe Oo
U Myint Soe Oo
Apr 11, 2020

News Watch -သတင်းများကို စောင့်ကြည့်ခြင်း။ သတင်း-အတင်း(အဖျင်း)သတင်း=ဖြစ်ရပ်မှန်အခြေနေကို အဂတိဘေးကင်းစွာဖြင့် အမှန်ကိုသာဖေါ်ပြခြင်း။ အတင်း(အဖျင်း)=ဖြစ်ရပ်မှန်တစ်ခုအပေါ် မိမိလိုရာ (အဂတိ)ဖြင့်လွဲချော်စွာဖြင့် ဖေါ်ပြခြင်း။ ဟုတ်သည်မှန်သည်/အကျိုးရှိသည်/တစ်ပါးသူကြိုက်လျှင် (အချိန်မဆိုင်း)ပြော။ဗုဒ္ဓဘုရားရှင်အဆုံးအမ! သတင်းမှန်-လူသားများကြိုက်နှစ်ခြိုက် အတင်း(အဖျင်း)-လူသားများရွံရှာမုန်းတီး။{သဘာဝဓမ္မနိယမ} သမ္ဖပ္ပလါဝါစာ=ဝစီဒုစရိုက်/တားမြစ်တော်မူ/ပစ္စုပ္ပန်အကျိုး-လူသားများ အဂတိတရားနှင့်အတူ အမုန်းတရားများဖြစ်ပေါ်စေ၏။ ပိသုဏဝါစာ-စိတ်ဝမ်းကွဲအောင် (အဂတိဖြင့်)တင်ပြခြင်း/ဝစီဒုစရိုက်/အမုန်းတရားအပေါ်အခြေခံ၍ အဝန်းအဝိုင်းတခုလုံးကို ဆိုးကျိုးတရားဖြစ်ပေါ်စေခြင်း။ ကိုယ်ကျင့်သီလထဲအကျုံးဝင်ပါ၏။ ဒုစရိုက်သမားများကျင်လည်ရာကို #အမှောင်ကမ္ဘာ#ဟု လူသားပီသသူအားလုံး လက်ခံဆုံးဖြတ်ထားကြပါသည်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page