top of page
Search

သတင်းများကပြောသောအဘရဲ့အရည်အချင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 27, 2019
  • 1 min read

သတင်းများကပြောသောအဘရဲ့အရည်အချင်း

NLD အစိုးရတက်လာချိန်မှာသူတို့ကိုထောင်ထွက်များ၊စီးပွါးရေးမလုပ်တတ်သူများ၊စီမံခန့်ခွဲမှူမတတ်သူများအဖြစ်ဖွတ်အကောင့်များ၊အဘတအကောင့်များ၊တပ်အကောင့်တုများ၊ခရိုနီအကောင့်များကပုံဖော်ခဲ့ပြီးဒီစကားကိုအချို့အနီကြောင်အမတ်များကလဲသံယောင်လိုက်လေ့ရှိပါတယ်။အပြီးမှာအဘလက်ထက်ခန့်ခဲ့ပြီးအမလက်ထက်မှာအလုပ်မရှိတဲ့နိုင်ငံခြားပြန်ပညာရှင်ဆိုသူများကလဲစကားဝိုင်းမျိုးစုံကနေထိုးနှက်လေ့ရှိပါတယ်။ရည်ရွယ်ချက်ကပြည်သူထင်ယောင်ထင်မှားဖြစ်အောင်ပါ။

မနေ့ကသတင်းနှစ်ပုဒ်တက်လာပါတယ်။တစ်ခုကမြန်မာတိုင်းမစ်ကဖြစ်ပြီးနောက်သတင်းတစ်ခုကမြန်မာနောင်းပါ။ပထမသတင်းကိုလေ့လာရအောင်။

တရုတ်ကဓာတ်ငွေ့ပိုက်လိုင်းသွယ်တာကိုမြန်မာကဘရွှေလက်ထက်ခွင့်ပြုခဲ့တာမမြတ်တဲ့အပြင်အမေရိကန်ဒေါ်လာ၁.၆ဘီလီယံကျော်ကြွေးတင်သွားတယ်ဆိုတာပါ။ပုံမှန်စဉ်းစားကြည့်ပါ။တရုတ်ကဓာတ်ငွေ့ကိုမြန်မာ့မြေပေါ်ကဖြတ်သယ်လိုရင်သူကသယ်ခပေးရမှာဖြစ်သလိုသူ့ရဲ့မဟာဗျူဟာအရအဆင်ပြေစေလို့မြန်မာကိုတောင်သူ့ဖာသာဒီပိုက်လိုင်းကိုအတိုးမယူဘဲဆောက်ပေးပြီးမြန်မာ့မြေပေါ်ကဖြတ်ဆောက်ခွင့်ရရင်တောင်ကျေးဇူးတင်နေရမှာပါ။ဒါပေမယ့်ဘရွှေတို့စစ်ခေါင်းဆောင်တွေဟာပညာမတတ်၊စီမံခန့်ခွဲမှုနဲ့အုပ်ချုပ်မှုညံ့ဖျင်းလို့မိမိမြေကိုဟိုကဖြတ်ပြီးဓာတ်ငွေ့လိုင်းဖောက်ရုံမကသူကတောင်ကြွေးပြန်ဆပ်ရမယ့်အဖြစ်ရောက်သွားတာပါ။အချုပ်အခြာအာဏာဆုံးရှုံးရုံမကကြွေးတင်အောင်အုပ်ချုပ်သွားတာဟာအံ့မခန်းတဲ့စီမံခန့်ခွဲမှု၊ခေါင်းဆောင်မှုညံ့ဖျင်းတာပါ(Management and leadership failureပါ)။စစ်ရေးအမြင်မရှိဘူးလို့ပြောလဲရပါတယ်။တရုတ်ဂျင်းထည့်တာခံခဲ့ရတာပေါ့။အဲ့ဒီလိုမျိုးကျောက်ဖြူရေနက်ဆိပ်ကမ်းမှာလဲဘစိန်ကိုဂျင်းထည့်ခဲ့ပါတယ်။အမကနိုင်ငံခြားသားပညာရှင်တွေနဲ့တိုင်ပင်ပြီးစာချုပ်ပြင်ချုပ်လို့ပြည်သူတွေသက်သာသွားတာပါ။မဟုတ်ရင်သူ့ကျွန်တစ်သက်ဖြစ်မှာပါ။အမကနိုင်ငံခြားသားအကြံတောင်းတာကပြည်တွင်းကမိုးကျရှေ့နေချုပ်ဟာမြန်မာပြည်ကဥပဒေဘွဲ့သာရထားပြီးကမ္ဘာ့စာချုပ်ဥပဒေသိမှပြင်လို့ရတာမိုလို့သိသူကိုမေးရတာပါ။ဒါကပညာပါ။တပ်ကနိုင်ငံခြားသားအကြံပေးကိုကန့်ကွက်တာကသူတို့ဂျင်းထည့်ခံခဲ့ရတာကိုပြည်သူယခုလိုသိလာမှာစိုးလို့ပါ။

နောက်Myanmar Now ကနောက်ဆောင်းပါးလေးကအမျိုးသားစာကြည့်တိုက်နေရာကိုစစ်အစိုးရဆင်းခါနီးဦးပိုင်ကိုပေးပြီးဦးပိုင်ကတစ်နှစ်ကိုဒေါ်လာသုံးသန်းနဲ့ပြန်ငှါးစားတယ်ဆိုတာပါ။ဒီသတင်းကိုလေ့လာရင်အမျိုးသားစာကြည့်တိုက်ဆိုတာတိုင်းပြည်မှာလူငယ်လေးတွေပညာတတ်အောင်လုပ်ရမယ့်နေရာပါ။ဒီလိုနေရာကိုနာဂစ်ကြောင့်မှန်ကွဲတာကိုပြန်မပြင်ဘဲဦးပိုင်ကိုအောက်စျေးနဲ့ရောင်းပြီးတော့ဦးပိုင်ကခရိုနီလေးတွေကိုကွန်ဒိုဆောက်ဖို့ပြန်ငှါးပြီးတစ်နှစ်ကိုဒေါ်လာသုံးသန်းယူသွားတာပါ။ဒါကလူငယ်တွေရဲ့ပညာရေးကိုစစ်အစိုးရကအလေးမထားခဲ့တာကိုပြသလိုဦးပိုင်နဲ့ခရိုနီတွေရဲ့တိုင်းပြည်အပေါ်စုပေါင်းပြီးသမနေတာကိုလဲပြပါတယ်။ဒါကြောင့်လဲယခင်ကဦးပိုင်နဲ့ပေါင်းစီးပွါးရေးဂွင်ရိုက်ခဲ့သူများဟာယခုအချိန်မှာကောင်းရောင်းကောင်းဝယ်လုပ်မစားတတ်ဘဲဘဝပျက်သလိုအော်နေတာဟာမဆန်းပါ။

ပြည်သူများအနေနဲ့စဉ်းစားရမှာကကျောက်ဖြူရေနက်ဆိပ်ကမ်းတောင်၂၀၁၅မှာNLD ကိုမဲပေးရွေးချယ်ခဲ့လို့စာချုပ်ပြင်ချုပ်ပြီးသက်သာရာရခဲ့တာပါ။

တိုင်းပြည်ကိုသူ့ကျွန်မဖြစ်အောင်ကြွေးမတင်အောင်လူငယ်တွေရဲ့ပညာရေးကိုဂရုစိုက်တဲ့စာကြည့်တိုက်တွေဆောက်ပေးတဲ့အဘတို့လိုမိအေးနှစ်ခါနာဒေါ်လာ၁.၆ဘီလီယံကြွေးမတင်အောင်စီမံခန့်ခွဲနိုင်တဲ့၊အုပ်ချုပ်နိုင်တဲ့NLD ကို၂၀၂၀မှာလဲမဲပေးကြပါလို့ပြောချင်ပါတယ်။

News source: Myanmar now and Myanmar Times


Zawgyi version

သတင္းမ်ားကေျပာေသာအဘရဲ့ အရည္အခ်င္း


NLD အစိုးရတက္လာခ်ိန္မွာ သူတို႔ကို ေထာင္ထြက္မ်ား၊ စီးပြါးေရးမလုပ္တတ္သူမ်ား၊ စီမံခန္႔ခြဲမွူမတတ္သူမ်ားအျဖစ္ ဖြတ္အေကာင့္မ်ား၊ အဘတအေကာင့္မ်ား၊ တပ္အေကာင့္တုမ်ား၊ ခရိုနီအေကာင့္မ်ားက ပုံေဖာ္ခဲ့ၿပီး ဒီစကားကို အခ်ိဳ႕အနီေၾကာင္အမတ္မ်ားကလဲ သံေယာင္လိုက္ေလ့ရွိပါတယ္။ အၿပီးမွာ အဘလက္ထက္ခန္႔ခဲ့ၿပီး အမလက္ထက္မွာ အလုပ္မရွိတဲ့ နိုင္ငံျခားျပန္ ပညာရွင္ဆိုသူမ်ားကလဲ စကားဝိုင္းမ်ိဳးစုံကေန ထိုးႏွက္ေလ့ရွိပါတယ္။ ရည္ရြယ္ခ်က္က ျပည္သူထင္ေယာင္ထင္မွားျဖစ္ေအာင္ပါ။


မေန႔က သတင္းႏွစ္ပုဒ္တက္လာပါတယ္။ တစ္ခုက ျမန္မာတိုင္းမစ္ကျဖစ္ၿပီး ေနာက္သတင္းတစ္ခုက ျမန္မာေနာင္းပါ။ ပထမသတင္းကိုေလ့လာရေအာင္။


တ႐ုတ္က ဓာတ္ေငြ႕ပိုက္လိုင္းသြယ္တာကို ျမန္မာက ဘေရႊလက္ထက္ ခြင့္ျပဳခဲ့တာ မျမတ္တဲ့အျပင္ အေမရိကန္ေဒၚလာ ၁.၆ ဘီလီယံေက်ာ္ေႂကြးတင္သြားတယ္ဆိုတာပါ။ ပုံမွန္စဥ္းစားၾကည့္ပါ။ တ႐ုတ္က ဓာတ္ေငြ႕ကို ျမန္မာ့ေျမေပၚက ျဖတ္သယ္လိုရင္ သူကသယ္ခေပးရမွာျဖစ္သလို သူ႔ရဲ့မဟာဗ်ဴဟာအရ အဆင္ေျပေစလို႔ ျမန္မာကိုေတာင္ သူ႔ဖာသာဒီပိုက္လိုင္းကို အတိုးမယူဘဲေဆာက္ေပးၿပီး ျမန္မာ့ေျမေပၚက ျဖတ္ေဆာက္ခြင့္ရရင္ေတာင္ ေက်းဇူးတင္ေနရမွာပါ။ ဒါေပမယ့္ ဘေရႊတို႔စစ္ေခါင္းေဆာင္ေတြဟာ ပညာမတတ္၊ စီမံခန္႔ခြဲမွုနဲ႔ အုပ္ခ်ဳပ္မွုညံ့ဖ်င္းလို႔ မိမိေျမကို ဟိုက ျဖတ္ၿပီး ဓာတ္ေငြ႕လိုင္းေဖာက္႐ုံမက သူကေတာင္ ေႂကြးျပန္ဆပ္ရမယ့္အျဖစ္ေရာက္သြားတာပါ။ အခ်ဳပ္အျခာအာဏာ ဆုံးရွုံး႐ုံမက ေႂကြးတင္ေအာင္ အုပ္ခ်ဳပ္သြားတာဟာ အံ့မခန္းတဲ့ စီမံခန္႔ခြဲမွု၊ ေခါင္းေဆာင္မွု ညံ့ဖ်င္းတာပါ(Management and leadership failureပါ)။ စစ္ေရးအျမင္မရွိဘူးလို႔ေျပာလဲရပါတယ္။ တ႐ုတ္ဂ်င္းထည့္တာ ခံခဲ့ရတာေပါ့။ အဲ့ဒီလိုမ်ိဳး ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းမွာလဲ ဘစိန္ကိုဂ်င္းထည့္ခဲ့ပါတယ္။ အမက နိုင္ငံျခားသားပညာရွင္ေတြနဲ႔တိုင္ပင္ၿပီး စာခ်ဳပ္ျပင္ခ်ဳပ္လို႔ ျပည္သူေတြသက္သာသြားတာပါ။ မဟုတ္ရင္ သူ႔ကၽြန္ တစ္သက္ျဖစ္မွာပါ။ အမက နိုင္ငံျခားသား အႀကံေတာင္းတာက ျပည္တြင္းက မိုးက်ေရွ႕ေနခ်ဳပ္ဟာ ျမန္မာျပည္ကဥပေဒဘြဲ႕သာရထားၿပီး ကမၻာ့စာခ်ဳပ္ဥပေဒသိမွ ျပင္လို႔ရတာမိုလို႔ သိသူကိုေမးရတာပါ။ ဒါကပညာပါ။ တပ္က နိုင္ငံျခားသားအႀကံေပးကို ကန္႔ကြက္တာက သူတို႔ဂ်င္းထည့္ခံခဲ့ရတာကို ျပည္သူယခုလို သိလာမွာစိုးလို႔ပါ။


ေနာက္ Myanmar Now က ေနာက္ေဆာင္းပါးေလးက အမ်ိဳးသားစာၾကည့္တိုက္ေနရာကို စစ္အစိုးရဆင္းခါနီး ဦးပိုင္ကိုေပးၿပီး ဦးပိုင္က တစ္ႏွစ္ကို ေဒၚလာသုံးသန္းနဲ႔ ျပန္ငွါးစားတယ္ဆိုတာပါ။ ဒီသတင္းကိုေလ့လာရင္ အမ်ိဳးသားစာၾကည့္တိုက္ဆိုတာ တိုင္းျပည္မွာ လူငယ္ေလးေတြပညာတတ္ေအာင္လုပ္ရမယ့္ေနရာပါ။ ဒီလိုေနရာကို နာဂစ္ေၾကာင့္ မွန္ကြဲတာကို ျပန္မျပင္ဘဲ ဦးပိုင္ကို ေအာက္ေစ်းနဲ႔ေရာင္း ၿပီးေတာ့ ဦးပိုင္ကခရိုနီေလးေတြကို ကြန္ဒိုေဆာက္ဖို႔ ျပန္ငွါးၿပီး တစ္ႏွစ္ကို ေဒၚလာ သုံးသန္းယူသြားတာပါ။ ဒါက လူငယ္ေတြရဲ့ ပညာေရးကို စစ္အစိုးရက အေလးမထားခဲ့တာကိုျပသလို ဦးပိုင္နဲ႔ ခရိုနီေတြရဲ့ တိုင္းျပည္အေပၚစုေပါင္းၿပီး သမေနတာကိုလဲ ျပပါတယ္။ ဒါေၾကာင့္လဲ ယခင္က ဦးပိုင္နဲ႔ေပါင္း စီးပြါးေရးဂြင္ရိုက္ခဲ့သူမ်ားဟာ ယခုအခ်ိန္မွာ ေကာင္းေရာင္းေကာင္းဝယ္ လုပ္မစားတတ္ဘဲ ဘဝပ်က္သလို ေအာ္ေနတာဟာ မဆန္းပါ။


ျပည္သူမ်ားအေနနဲ႔ စဥ္းစားရမွာက ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းေတာင္ ၂၀၁၅ မွာ NLD ကို မဲေပးေရြးခ်ယ္ခဲ့လို႔ စာခ်ဳပ္ျပင္ခ်ဳပ္ၿပီး သက္သာရာ ရခဲ့တာပါ။


တိုင္းျပည္ကို သူ႔ကၽြန္မျဖစ္ေအာင္ ေႂကြးမတင္ေအာင္ လူငယ္ေတြရဲ့ ပညာေရးကို ဂ႐ုစိုက္တဲ့ စာၾကည့္တိုက္ေတြေဆာက္ေပးတဲ့ အဘတို႔လို မိေအးႏွစ္ခါနာ ေဒၚလာ၁.၆ ဘီလီယံေႂကြးမတင္ေအာင္ စီမံခန္႔ခြဲနိုင္တဲ့၊ အုပ္ခ်ဳပ္နိုင္တဲ့ NLD ကို ၂၀၂၀ မွာလဲ မဲေပးၾကပါလို႔ ေျပာခ်င္ပါတယ္။


News source: Myanmar now and Myanmar Times

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Komentarze


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page