top of page
Search

သတင်းများကပြောသော နိုင်ငံ့ဝန်ထမ်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 12, 2020
  • 1 min read

မနေ့က Myanmar Now က စီးပွါးကူးသန်းက ဒုညွှန်ချုပ်က ကြံ့ဖွတ်ကနေပြိုင်ဖို့တင်ထားတာကို သူကတရားဝင်အငြိမ်းစားမယူရသေးတာကို ရွေးကော်ကတွေ့လို့ သူရွေးကောက်ပွဲဝင်လို့မရဖြစ်သွားခဲ့ပါတယ်။ သူက ဒုညွှန်ချုပ်ဆိုတော့ တပ်ထဲမှာ ဒုတပ်ချုပ်နဲ့ ရာထူးအတူတူပါ။ တပ်ထဲက စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးဟာ ဗိုလ်ချုပ်အဆင့်ပါ။ နာဂေးတစ်ကြီးက ညွှန်မှူးဖြစ်နေပြီး ဗိုလ်ချုပ်အပွင့်ကို အစမ်းခန့်ပြီးရင် ပြောင်းတတ်မှာပါ။ မန္တလေးတိုင်းမှူးနဲ့ အတူတူပေါ့။ ဒီနေရာမှာ ပြောလိုတာကဌာနတိုင်း ကျန်းမာရေး၊ စီးပွါးကူးသန်း၊ ရဲ၊ ပြည်ထဲရေး နေရာတိုင်းမှာ ဖွတ်ဖြစ်လိုသူတွေကို ဘစိန်ကခန့်ခဲ့လို့ လက်ရှိအစိုးရရဲ့ ပြဿနာဟာ မသေးပါ။


မနေ့က အမေရိကန် တရားရုံးချုပ် တရားသူကြီးရွေးဖို့ ကြားနာပွဲကို ကြည့်လိုက်ရပါတယ်။ ထရမ့်လက်ထက်မှာ ပထမက တရားသူကြီး Brett Kavanaugh ပါ။ သူ့ရဲ့ အယူအဆတွေက ထရမ့်ပါတီနဲ့ အမြင်တူပါတယ်။ ထရမ့်လက်ထက်မှာ တရားသူကြီးနေရာ လစ်လပ်သွားလို့ ထရမ့်က အဆိုတင်ခွင့်ရခဲ့ပါတယ်။ သူ့ရဲ့နောက်ကြောင်းကိုလိုက် ဟုတ်တာရော မဟုတ်တာပါ မီဒီယာတွေကရေး အမတ်တွေက သူ့ကိုမခန့်ခင် ကြားနာပွဲမှာမေးပြီး နောက်ဆုံးမှာ ခန့်လိုက်ပါတယ်။ မြန်မာပြည်ကဥပဒေမှာက ဘယ်ညွှန်ချုပ်ခန့်ခန့်၊ ဘယ်တရားသူကြီးခန့်ခန့်မေးလို့မရအောင် ဥပဒေက လုပ်ထားပါတယ်။


ယခုထရမ့်လက်ထက်မှာ တရားရုံးချုပ်တရားသူကြီး Justice Ruth Bader Ginsburg က ကွယ်လွန်သွားခဲ့ပါတယ်။သူက ဒီမိုကရက် လက်ဝဲယိမ်းပါ။ သူသေရင် ထရမ့်က လက်ယာယိမ်းတရားသူကြီးကို ရွေးမှာစိုးလို့ သေခါနီးအထိမထွက်ခဲ့ပါ။ သေတော့လဲ သူ့ကိုဆက်ခံမယ့်သူကို နောက်တက်မယ့် သမ္မတကသာ ရွေးပါစေလို့ သေတမ်းစာမှာဖော်ပြပေမယ့် ထရမ့်နဲ့ သူ့ပါတီက ဥပဒေအတိုင်း ဆက်ရွေးခဲ့ပါတယ်။ ယခုတရားသူကြီးမ Amy Coney Barrettမှာ သားသမီးခုနှစ်ယောက်ရှိပါတယ်။ သူက ဘာသာရေးကိုင်းရှိုင်းသူဖြစ်ပြီး ဘုရားဟောအတိုင်း တားဆေးမသောက်ဘဲ ကလေးမွေးခဲ့သူပါ။ ပညာအရာမှာလဲ ဥပဒေပါမောက္ခပါ။ သူတို့တိုင်းပြည်က ဘာသာရေးယုံကြည်သူတွေက အဲ့ဒီလို ယုံကြည်ပါတယ်။ သူ့ကို ဒီမိုကရက်တွေက မကြိုက်ပေမယ့် အထက်လွှတ်တော်မှာ ရီပတ်ပလီကန်က ကြီးစိုးလို့ သူမကိုထရမ့်ခန့်တာကို အတည်ပြုခံရဖို့များပါတယ်။


ဒါက ဘာကိုပြလဲဆိုတော့ ပါတီတွေဟာ မိမိတို့နိုင်ရင် မိမိတို့ဩဇာခံ ညွှန်ချုပ်တွေ၊ တရားသူကြီးတွေကို ခန့်နိုင်မှ တိုင်းပြည်ကိုအုပ်ချုပ်ရတာ ပိုအဆင်ပြေမှာပါ။ မြန်မာပြည်မှာက တပ်မှသည် ရဲနဲ့ ဌာနတိုင်းက အများစုသော ညွှန်ချုပ်၊ ဒုညွှန်ချုပ်များဟာဖွတ်ကိုသာ သစ္စာစောင့်သိနေတာမိုလို့ တရားဥပဒေစိုးမိုးမှုမှာ ရဲတပ်ဖွဲ့တစ်ခုလုံးဟာ Myanmar Now လောက် အလုပ်မလုပ်နိုင်တာတွေ့နေရတာပါ။


ဒီရွေးကောက်ပွဲပြီးရင်တော့ သူတို့ကို NLD အနေနဲ့ ဘယ်လို အနီးကပ်ကိုင်တွယ်မလဲဆိုတာ စဉ်းစားရမယ်လို့ ထင်ပါတယ်။ အချို့သော ဝေဖန်သူတွေက NLD က ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေကိုသာ ဝေဖန်လေ့ရှိပေမယ့် စာရေးသူကတော့ အမေရိကန်၊ ယူကေ၊ပြင်သစ်နှင့် အိန္ဒိယစနစ်များကိုကြည့်ပြီး ပြဿနာက ညွှန်ချုပ်၊ ဒုညွှန်ချုပ်နဲ့ ညွှန်မှူးအဆင့်မှာပါလို့ ပြောပါရစေ။ အမေရိကန်လိုလုပ်နိုင်ရင်တော့ အများကြီး အဆင်ပြေသွားနိုင်ပါတယ်။ စာရေးသူတို့လူမျိုးက ဖြုတ်ပြရင် မီးသေပါတယ်။ မေတ္တာနဲ့ နားလည်အောင်လုပ်ရင်တော့ ကြာပါမယ်။ ဘာကြောင့်လဲဆိုတော့ အချို့တိရိစ္ဆာန်တွေက မေတ္တာကို နားမလည်တတ်ကြလို့ပါ။


News Credit: Myanmar Now, CNN, BBC, NYTimes, Reuters

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Oct 13, 2020

ဦးမြတ်! ##မုသာဆို##ရယ်ဖွယ်မျှမပြောဆိုပါနှင့်#(ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ သာသနာ)

လိမ်ညာခြင်း၏ အပြစ်သည် ကြီးမားလွန်းပါသောကြောင့်။ တပည့်သား သာဝကရဟန်းတော်တို့အား **စျာန် မဂ်ဖိုလ် မရရှိပဲ ၊ စျာန်မဂ်ဖိုလ် ရသည်ဟု**##ထုတ်ဖော်ပြောဆိုခြင်းမပြုရ#။ ပြုလျှင် ရဟန်း အဖြစ်မှ အပြီးတိုင်ဆုံးရှုံးပြီး ကုစား၍ မရတော့။


**************************


လိမ်တယ် ညာတယ် လူညာကြီးရယ် ။ အများ သတ်မှတ် သမုတ်ထားပါသည်။

ဘောင်ချာလိမ်။ အပေါ်မှာ တစ်မျိုး ၊အောက်ခံမှာ တစ်မျိုး။ အမျိုးမျိုး ။ လိမ်ယူပြီးတော့ ခိုး။

လမ်းတွေ ဘာလို့ ပျက်ဆီးပါလိမ့်၊

စာချုပ်ပါ အရည်အသွေးနှင့် တကယ့်မြေပြင် အရည်အသွေး မတူသောကြောင့်။ အပေါ် တစ်မျိုး

အောက်ခံတမျိုး။ အမျိုးမျိုး။လိမ်ပြီးတော့ တမျိုး။ ဆိုးကျိုး။

ကေတီဘိက ကြယ်စင် လမင်း(အမြင့်က မဆင်းတဲ့ နာမည်တွေနဲ့)သူတို့တတွေ မိမိတို့ထိစပ်ခဲ့သော ဖောက်သည်များကို ထိန်ချန် လိမ်ညာမမှန်အမှု ပြုလိုက်တော့ တစ်ယောက်က တစ်ရာ ကူးစက်လိုက်ကြတာ သင်္ကန်းကျွန်းမြို့နယ်က သက်သေခံ လျက်။ မုသာ၏ ဆိုးကျိုး။

ရခိုင်ပြန်တွေ။ လိမ်ညာ အမှောင်ချ၊ ခုတော့ မှောင်တဲ့ဘဝတွေ မြို့တော်နေ ပြည်သူများ ခါးစည်းပြီး ခါးသီးသည့်ဒါဏ် ခံစားနေရပါပြီ။မုသာ၏ ဆိုးကျိုး။

ရိက္ခာ အတွက် သိက္ခာကို ဖျက် လိုက်ခြင်း၏ ဆိုးကျိုးအပြစ်များ။

ရိက္ခာအတွက်ဆိုလျှင် အများစုက

ခေါင်း##မာ#ကြပါသည်။ မာ လွန်းလျှင် (လက်ဖြင့် ဆိတ်၍ မရ) ဆိတ် မရ။

မာ ဆိတ်မို့ ##မိစ္ဆာ# အမြင်သာရှိပါတော့သည်။

မိစ္ဆာ မှန်သမျှ အနိဌာရုံများသာ မလွဲမသွေ ပေးစွမ်းကြပါသည်။

မိစ္ဆာကို ဣဌာရုံ အလိုရှိသူများ အလိုမရှိကြပါ။ ဣဌာရုံ(ကောင်းကျိုးချမ်းသာစံစားမှု)အလိုရှိသူတိုင်း မိစ္ဆာကို

ရိက္ခာတွေ မယူနိုင်အောင် ဆောင်ကြဥ်း ကြိုးစားမှသာ အဝန်းအဝိုင်း

သာယာလှပပါမည်။

မိစ္ဆာနှင်ပွဲ ၈…


Like

Albert Wint
Albert Wint
Oct 12, 2020

စုံစမ်းဖော်ထုတ်ဖို့ လက်လှမ်းမမှီတာ အများကြီးရှိမှာဘဲ ကျေးဇူးမြန်မာ့နောင်းရေ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page