top of page
Search

သတင်းနှစ်ခုမှပြောသော နိုင်ငံရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 3, 2021
  • 1 min read

မနေ့က တပ်ထဲကို သတင်းနှစ်ခု တက်လာပါတယ်။ ပထမသတင်းက ကုလ ကိုယ်စားလှယ်နေရာကို မအလကိုယ်စားလှယ် မရဆိုတာပါ။ ဒီသတင်းက အပြင်မှာတော့ ခေတ်စားခဲ့ပါတယ်။ တပ်ထဲက အောက်ခြေမှာတော့ အကြီးအကျယ် မဟုတ်ခဲ့ပါ။

အဲဒါထက် အားလုံးကို မအလတပ်ထဲကို တုန်လှုပ်သွားစေတာက ရန်ကုန်-မန္တလေးလမ်းပေါ်က စစ်ကား အတိုက်ခံရမှုပါ။ ဒီသတင်းက သတင်းမီဒီယာတွေမှာ မပါခင် မနေ့ကထဲက တပ်ထဲမှာလှုပ်ရှားသွားစေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယခုအချိန်အထိက ရန်ကုန်-မန္တလေးလမ်း ရန်ကုန်-ပြည်လမ်းတွေက လုံခြုံတယ်လို့ မှတ်ယူထားလို့ PDF က ပိုပြီး တိုက်ခိုက်လာရင် စစ်သဘောအရ လုံခြုံရေးကို ယခုထက်ပိုပြီး ထားရတော့မှာပါ။ ကင်း ပိုလှည့်ရင် စစ်ဆေးရေးဂိတ်ပိုဖွင့်ရင် ပိုအတိုက်ခံရဖို့သာ ရှိပါတယ်။ ဒါက မအလတပ်အနေနဲ့ လုံခြုံရေးအတွက် လူပိုသုံးလာရပြီး အသေများလာနိုင်တာပါ။

ဒါ့ထက်အရေးကြီးတာက PDFက ထောက်ပို့တွေ သာမန်ကုန်ကားတွေကို ဖြတ်တိုက်လိုက်ရင် ဆီကားတွေကို ဖြတ်တိုက်လိုက်ရင် ကုန်စည်စီးဆင်းမှု ရပ်သွားပြီး မအလ အကျပ် ရပ်သွားနိုင်တာကို နေပြည်တော်က ဗိုလ်ချုပ်ကြီးတွေ စိုးရိမ်နေတာပါ။ စစ်သားတွေက လေယဉ်နဲ့ ရွေ့လို့ရပေမယ့် မီးလောင်လွယ်တဲ့ လောင်စာဆီတွေက လုံခြုံရေးမကောင်းရင် ရွှေ့ရခက်ပါတယ်။

ဒီနေရာမှာ ဘာမအချို့ ပြောနိုင်တာက သာမန်ပြည်သူတွေထိမှာပေါ့ဆိုတာပါ။ မအလ အနေနဲ့အာဏာသိမ်းထားလို့ သူ့မှာသာ တာဝန်ရှိမှာပါ။ စစ်သဘောအရ မြေပြင်ကို စိုးမိုးလိုရင် ရန်သူ့အင်အားထက်သုံးဆလောက်နဲ့ လှုပ်ရှားရမှာပါ။ ထိုစစ်ဆင်ရေးအတွက် မအလမှာ တပ်အင်အားရှိမရှိက သူသာအသိဆုံးပါ။

ယခုရေးပြတာက ပြည်တွင်းအားရဲ့ ထိရောက်မှုနဲ့ ရန်ကုန်-မန္တလေးလမ်းပိုင်း အတိုက်ခံရမှုဟာနေပြည်တော်က စစ်ဗိုလ်ချုပ်တွေအတွက် မေးခွန်းတွေ စိုးရိမ်မှုတွေကို ကုလကိုယ်စားလှယ်ကိစ္စထက် ပြဿနာတက်စေတာပါ။ ပြည်သူသာအဓိကပါ။

News Source: Khit Thit Media, BBC Burmese

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 03, 2021

ဦးမြတ်!!!ပျော်ဘွယ် နှင့် ရွှေဒါး အကြား

ရိက္ခါတင် ရထား တိုက်ခိုက်ခံရမှု ပထမဆုံးအကြိမ်ဖြစ်ပွါး ပြီးနောက် မကြာခင်မှာပဲ

ပျဉ်းမနားမြို့အဝင်(ပန်းခင်းရပ်ကွက်အနီး)အမှတ် (၈) အစုန် လူစီးရထား (8 Dn)တိုက်ခိုက်ခံရပါသည်။ ဆိုင်ရာနယ် အင်အားစု ကြေညာချက်အရ လူစီးအယောင်ပြ၍ ရိက္ခါ နှင့် လက်နက် သယ်ဆောင်မှု ပြုသောကြောင့်ဟု ထုတ်ပြန်ပါသည်။

ခုလည်း အမှတ်(၃)အဆန်(3 Up) နှင့် အမှတ်(၄) အစုန်(4Dn) လူစီးရထားများ ရက-မန်း၊ မန်း- ရက ထွက်ခွါတော့မည်ဟု အတည်မပြုနိုင်သေးသည့် စာမျက်နှာမှာ ဖတ်လိုက်ရပါသည်။

ရထားလမ်းပိုင်းအပေါ် တဖန်ပြန်၍ သွေးတိုးစမ်းသည်လား?

ရထား မလုံခြုံ၍ ကားလမ်းဖက် အားကိုးကြည့်ပြန်တော့လည်း ???????

အကယ်၍ ၃ အဆန် ၄ အစုန် **လူစီးရထား** တိုက်ခိုက်ခံရပါက အကြမ်းဖက်အသွင် ကမ္ဘာသို့ မြင်အောင်ပြလိုသည်လား?????

သို့ပါ၍ ပြည်သူများအနေဖြင့်တော့ သတိကြီးကြီးထား၍ ခရီးသွားလာရန် လိုအပ်ချိန် ရောက်နေပြီဟု ထင်မိပါသည်။

ရေကြောင်း အားကိုးပြန်တော့လည်း ကနီ မင်းကင်းနယ်မှာ မလွယ်ကူ မလုံခြုံ မချောမွေ့ပါ။ ခုခါ ခေတ်သစ် ကနောင်လေးများကလည်း ရေထဲမှာ သူတို့ရဲ့အစွမ်းကို ဖော်ပြလာပါသည်။

ကုန်း သွားတော့ ကုန်းဘေး

ရေ သွားတော့ ရေဘေး

လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့ စေရေးဟူသော တချိန်ကကြွေးကြော်ခဲ့သော မူ။

ပြည်သူ မပါသမျှ မရနိုင်ပါ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page