top of page
Search

သတင်းထောက်များစာဖတ်ရန်

Writer: Myat Tun Oo
Myat Tun Oo
Nov 11, 2020
1 min read

ဒီနေ့ UEC ရဲ့ သတင်းစာရှင်းလင်းပွဲကို ကြည့်လိုက်ရပါတယ်။ သတင်းသမားများနဲ့ UEC အမေးအဖြေကိုလဲ နားထောင်လိုက်ပါတယ်။

အများစုဟာ သန်းဌေးရဲ့ အခြေအမြစ်မရှိတင်တာ၊ ဖွတ်တွေရဲ့ အခြေအမြစ်မရှိတင်တာတွေကိုအခြေခံပြီးမေးထားတာ တွေ့ရပါတယ်။ သူတို့ပြောတာက အတိုက်အခံပါတီကြီးကပြောလို့ အခြေခံပြီးမေးတာပါလို့ပြောပါတယ်။ ထရမ့်ဟာ လက်ရှိအမေရိကန်သမ္မတပါ။ သူရွေးကောက်ပွဲမှာ ရှုံးပါတယ်။သူကသတင်းစာရှင်းလင်းပွဲမှာ သူရှုံးတာဟာ မဲခိုးခံရလို့လို့ ထပြောပါတယ်။ CBS, NBC, ABCက ချက်ခြင်းတိုက်ရိုက်လွှင့်တာကို ရပ်ဆိုင်းခဲ့ပြီး CNN နဲ့ ထရမ့်ထောက်ခံတဲ့ Fox သတင်းဌာန ဆက်လွှင့်ပေမယ့် သတင်းအပြီးမှာ ပြင်ဆင်ချက်အနေနဲ့ သမ္မတထရမ့်ပြောတာ အထောက်အထားမရှိကြောင်းသတင်းပြင်ဆင်ချက် တင်ပေးခဲ့ပါတယ်။ ထရမ့်ရှုံးတာက ၀.၅% လောက်နဲ့ ကပ်ရှုံးတာပါ။


ပထမဆုံးက ယခုဖွတ်တွေရှုံးတာဟာ ထရမ့်လို မဟုတ်ဘဲ မိုးနဲ့ အဝီစိလို မဲအပြတ်ကွာပြီးရှုံးတာပါ။အတိုက်အခံပါတီက ထပြောတိုင်းလိုက်မေးနေရင် အတိုက်အခံပါတီက ချီးစားဆိုရင် သတင်းထောက်များ စားမည်မထင်ပါ။ ဒီနေရာမှ General Light news agency ကဆိုတဲ့ သတင်းထောက်မတစ်ယောက်က မဲပေးရာမှာ လူတွေက တန်းစီရာမှာ မကွာနေလို့ နောက်ပြီး နှာခေါင်းစည်းဝေရာမှာ နောက်ကျလို့ရွေးကောက်ပွဲကဘဲ တရားမျှတမှုမရှိသရောင်မေးတာက အတော်ဆိုးပါတယ်။ သတင်းထောက်တွေဟာ အမှားကွက်အသေးတွေကို မှန်ဘီလူးနဲ့ကြည့်နေတာ ထင်ရှားပါတယ်။ မြန်မာပြည်မတိုင်ခင်ကျင်းပတဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမှ mask မပေးပါ။ မိမိဖာသာ အိမ်ကဝတ်လာရပြီးသူတို့လဲ တန်းစီတိုးဝှေ့နေရတာပါ။ မြန်မာလိုတိုင်းပြည်က ဆင်းရဲပေမယ့် ဝေငှခဲ့ပါတယ်။ရွေးကောက်ပွဲ တရားမျှတမှုမရှိတာက တပ်မဲတွေခိုးတာပါ။ မဲပေးရာမှာ တန်းစီတိုးဝှေ့လို့ရွေးကောက်ပွဲ တရားမမျှတမှုနဲ့ မဆိုင်ပါ။

ယခင်ရေးခဲ့သလိုပါဘဲ သတင်းသမားများ သတ္တိရှိရင် တပ်ကြိုတင်မဲအကြောင်းမေးသင့်ပါတယ်။ ဖွတ်ဥက္ကဌနိုင်တာကမှ မဲခိုးတယ်ဆိုတာ မေးကြပါ။

Myanmar Now သတင်းထောက်သာ အဆင်ပြေပြေမေးသွားတာ တွေ့ရပါတယ်။

ပြောချင်တာက သတင်းထောက်များ စာများများဖတ်ပါ။ ကမ္ဘာပေါ်က သတင်းဌာနများရဲ့ ကျင့်ဝတ်ကိုလေ့လာပါ။ ပြည်သူ့ဆန္ဒကို လေးစားပါ။ သန်းဌေးပြောတိုင်းလိုက်မေးရင် သန်းဌေးရဲ့ မစင်စားနေရပါလိမ့်မယ်လို့ ပြောပါရစေ။ ဦးနှောက်နဲ့ အလုပ်လုပ်ပါ။

News Source: MRTV, New York Times

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

2 Comments


Kyaw Thu
Kyaw Thu
Nov 13, 2020

သတင်းသမားအချို့ဟာ ကိုယ်ဟာကိုအဝယ်ခံထားရမှန်းမသိ အဝယ်ခံထားရတာပါ

Like

Albert Wint
Albert Wint
Nov 12, 2020

မြန်မာသတင်းသမားတွေဥာဥ်မပြောင်းသေးရင်၎င်း၏သတင်းဌာနလူမဖတ် လူမကြိုက်တုံ့ပြန်ခံရပါမည် သတင်းသမားများမြန်မာနိုင်ငံသမိုင်းဖြစ်စဥ်၏အမှန်တရားသိအောင်လုပ်ကြစေလို

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page