top of page
Search

သတင်းတွေမှန်လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 5, 2021
  • 1 min read

စာရေးသူအနေနဲ့ ဆောင်းပါးသာ ရေးလေ့ရှိပါတယ်။ သတင်းကိုတော့ သေချာမှရေးတင်ပါတယ်။အချို့ကိစ္စတွေက ကိုယ်တိုင်သိတာရှိသလို အချို့က အဆင့်ဆင့်လျှို့ဝှက်စုံစမ်းရလို့ ကြာပါတယ်။ အချို့သတင်းက ကြိုသိပေမယ့် ပေါက်ကွဲမှုပြီးမှ တိုက်ခိုက်မှုပြီးမှ ဖက်ဆစ်အကြမ်းဖက်သမားတွေသေပြီးမှ ဆေးရုံရောက်မှ တင်ပေးပါတယ်။ အချို့ကိစ္စတွေက အပြင်မှာထွက်တယ့် ကောလဟာလက မှားမှန်းသိပေမယ့် မိမိလူတွေပျော်နေတာကို ဆက်ပျော်စေချင်လို့အမှန်မတင်တာလဲရှိပါတယ်။ ဥပမာ ဒုချုပ်စိုးဝင်းလေယဉ်ပျက်ကျလို့ သေတာမျိုးကို မဟုတ်မှန်းသိပေမယ့် ဒီအတိုင်းထားလိုက်ပါတယ်။ လာမေးတဲ့ မိတ်ဆွေတွေကိုတော့ အမှန်ကို ပြောပြပါတယ်။ အချို့သတင်းက ကောလဟာလနဲ့ နိုင်ငံရေးအမြတ်ထုတ်လိုလို့ သတင်းတုထွက်ရင်စာရေးသူက ရှင်းပါတယ်။ ဥပမာ DASSK နဲ့ ရာပြည့်တွေ့တယ်ဆိုပြီး သတင်းတုထွက်တုန်းကစာရေးသူက “DASSK နဲ့ ဆွေးနွေးနေလား? “ “https://www.myattunoo.com/post/dassk-န-ဆ-န-န-လ” ဆိုပြီး ဇူလိုင် ၁၅ မှာတင်ခဲ့ပါတယ်။ ဒါအပြီးမှာ မအလဆိုက်ဝါးက မအလနဲ့တွေ့တယ်ဆိုပြီး သတင်းအတု ဆက်လွှင့်ပါတယ်။ ဒါနဲ့ စာရေးသူ နောက်ဆောင်းပါး “ဂျင်းသတင်းများသတိထားပါ” “https://www.myattunoo.com/post/ဂ-င-သတင-မ-သတ-ထ-ပ” ဆိုပြီး ဇူလိုင်၂၈ မှာရေးပါတယ်။ လိုရင်းက မအလနဲ့ DASSK မတွေ့ဘူးဆိုတာပါ။ ယခု DASSK က ရှေ့နေတွေကနေတဆင့် သူမနဲ့ ဘယ်သူမှမတွေ့ဘူးဆိုတာ ပြောလိုက်လို့ အားလုံးရှင်းသွားလောက်ပါပြီ။ယခုလဲ DASSK ထားတဲ့နေရာပေါ်သွားလို့ စစစ်နေပါပြီ။ ဇော်မဲလုံးလဲ ထွက်မရှင်းနိုင်ပါဘူး။


ပြည်သူများအနေနဲ့ Peoples Media နဲ့ Neo Politics တို့ကို သတိထားပါ။ အဲ့ဒီသတင်းဌာနတွေကစစ်တပ်မအလက ထောက်ပံ့ထားတဲ့ စစ်တပ်ရဲ့ ဆိုက်ဝါးတွေပါ။ သူတို့က PDF က သတ်လို့သေတဲ့လူကို အပြစ်မဲ့ပြည်သူဆိုပြီး ဆိုက်ဝါးထည့်သလို ကျော်မျိုးမင်းက NLD က ဝန်ကြီးချုပ်တွေလာဘ်စားတယ် ဘယ်သူပြောလဲ မအလရဲ့ စရဖကပြောတယ်ဆိုပြီး ဆိုက်ဝါးလုပ်နေသူပါ။ ဒီကောင်က မအလ Rolex နာရီတွေပတ်တာကို ပါးစပ်ဟရဲတဲ့ကောင်မဟုတ်ပါ။ ဒီကောင့်အကြောင်းက ယခင်ရွေးကောက်ပွဲမတိုင်ခင် သူအကုန်သိမှာ လုပ်ကထဲက ရေးခဲ့ပြီးသားပါ။

အကျဉ်းချုပ်ပြောလိုတာက ဖက်ဆစ်မအလဆိုက်ဝါးကို သတိထားပါ။ ယခု DASSK နဲ့ ကွီးဖြိုးသတင်းက သူတို့ထင်သလောက်မပေါက်လို့ တင်းနေပါတယ်။ ဒီနေ့ဘဲ စရဖက PDF အမည်ခံနဲ့ ရဲဝင်းဦးက အမိန့်ပေးလို့ PDF က ကွီးဖြိုးနဲ့ DASSK ရှေ့နေကိုသတ်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့စာအတုထွက်ပါတယ်။ PDF က သတ်မယ်ဆိုရင် မအလနဲ့ သူ့သားသမီးတွေ မြေးမတွေကို သတ်မယ်လို့ ခြိမ်းခြောက်ရင်တောင် ယုတ္တိရှိမှာပါ။ နောက် တရားသူကြီးနဲ့ ဥပဒေအကျိုးဆောင် (အစိုးရရှေ့နေ မအလအမှုထမ်း)ကို ခြိမ်းခြောက်တယ်ဆိုရင် ယုတ္တိရှိနိုင်ပါတယ်။ ယခုက ပြောင်းပြန်ဖြစ်နေလို့ မအလနဲ့ ဇော်မဲလုံးတို့ရဲ့ အကြံကုန်နေ အသဲအသန် desperate ဖြစ်တာကို ပြပါတယ်။

PDF တွေအနေနဲ့ လုပ်စရာရှိတာ ဆက်လုပ်ပါ။ ပုံမှန်မှာ မြဝတီသာကြည့်ရလို့ အောက်ခြေတပ်သားက မသိပေမယ့် သေသွားရင်တော့ အခြေအနေမှန်ကို တပ်တွေထဲမှာ သိသွားကြပါတယ်။ ထိုအချိန်မှာ တပ်ရင်းတွေထဲမှာ ငရဲလိုပူသွားကြပါတယ်။ ထိုသတင်းက အခြားတပ်ရင်းတွေရောက်သွားရင် ရှေ့တန်းထွက်ဖို့ ကြောက်လာကြမှာပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page