top of page
Search
  • Writer's pictureMyat Tun Oo

သတင်းစာရှင်းလင်းပွဲမှ အားရသောအချက်များ


စာရေးသူ Dr Sasa ကို ၂၀၂၀ မဲဆွယ်ကာလကြမှ သိတာပါ။ သူက နိုင်ငံတကာနဲ့ အဆက်အသွယ်ကောင်းသလို အင်္ဂလိပ်စကားလဲ ကျွမ်းကျင်ပါတယ်။ နောက်တစ်ယောက်က ပါချုပ် ဆရာဇော်ဝေစိုးပါ။ သူ့ကိုလဲ ကိုဗစ်ကာလမှာ ကွီးဖြိုးနဲ့ နေ့ညမအား အလုပ်လုပ်မှ သိလာတာပါ။ သူကလဲ ကိုဗစ်ကာလ ခင်ခင်ကြီးက စောက်တလွဲပြောချိန်မှာ သူက သတင်းသမားတွေကို အချက်ကျကျ ပြန်ဖြေပြီး ပြည်သူကို အစိုးရကိုယ်စား ပညာရှင်အဆင့် ရှင်းပြရာက သိလာခဲ့တာပါ။

မနေ့က သတင်းစာရှင်းလင်းပွဲမှာ NUG ဟာ အာဆီယံကို မမျှော်ဘဲ မိမိလုပ်စရာရှိတာကို ပြည်သူကိုသာ အားပြုပြီး လုပ်သွားဖို့ပြင်ထားတာပါ။ မအလဖက်ဆစ်အဖွဲ့ကြောင့် တိုင်းပြည်ပြဿနာဖြစ်နေတာကိုလဲ ရှင်းရှင်းလင်းလင်း သိမြင်ထားပြီး ဒီဖက်ဆစ်ဝါဒနဲ့ ဖက်ဆစ်တပ် အမြစ်ပြတ်ဖို့လုပ်နေတယ်ဆိုတာ သိရလို့လဲ အားရမိပါတယ်။ နိုင်ငံထဲမှာ ပေါ်ပေါက်လာတဲ့ လူသေဆုံးမှုတွေထိခိုက်ဒဏ်ရာရမှုတွေဟာ မအလမှာ တာဝန်ရှိတယ်လို့ ပြောသွားတာဟာလဲ အားရစရာပါ။

အာဆီယံလာတာက ဘာထူးမလဲဆိုတော့ မအလဟာ အာဆီယံပြောထားတာမလုပ်ဘူးဆိုရင်NUG ကိုအသိအမှတ်ပြုထောက်ပံ့မယ့်နိုင်ငံ တိုးလာမှာဖြစ်ပြီး NUG ဟာ လက်နက်ကြီးအချို့နဲ့လေယဉ်လက်နက်အချို့ရခဲ့ရင် ထိန်းချုပ်နယ်မြေ တိုးလာမှာပါ။ ဒီကနေ ပထဝီအနေအထားအရနိုင်ငံအချို့ဟာ သူတို့ရဲ့ မူဝါဒတွေကို ပြန်သုံးသပ်လာမှာပါ။ NUG ထဲမှာ လူဟောင်းလူသစ် မျှပြီးလုပ်နေတာကြောင့် အချိန်တိုအတွင်းမှာ တိုးတက်လာတာ တွေ့ရပါတယ်။ သတင်းစာရှင်းလင်းပွဲကိုကြည့်ပြီး ဒီမိုတိုက်ပွဲနိုင်မယ်ဆိုတာ ပိုသေချာသွားပါပြီလို့ ပြောပါရစေ။

1,280 views1 comment
bottom of page