top of page
Search

သတင်းစစ်ဆင်​ရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 13, 2020
  • 1 min read

မနေ့က စရဖအကောင့်တုကနေ စရဖကလုပ်ထားတဲ့ ပြည်သူ့အသံ group ထဲကို သတင်းတု fake news တင်တယ်။ သတင်းက DASSK တို့မြေဘာညာဆိုတဲ့ သတင်းတု။ ပြီးရင် ကျော်စွာတို့ တပ်အကောင့်တွေက ရှယ်ပါတယ်။ စာရေးသူတို့က ဒီသတင်းတုစစ်ပွဲကို ကျွမ်းပြီးသားပါ။

အဲ့ဒီအချိန်မှာဘဲ PPP ပါတီရဲ့ ဥက္ကဌကြီးရဲ့ အမျိုးသား/အမျိုးသမီး မသဲကွဲသူက တိုင်းပြည်အတွက်စိုးရိမ်ကြီးစွာနဲ့ ရှယ်ပါတော့တယ်။ နေပြည်တော်က လူကြီးတွေရှင်းပါပေါ့။ လူကြီးတွေက သူလိုခွေးဟောင်တိုင်း ထကြည့်ရမလိုပါ။


သူဟာ တိုင်းပြည်အတွက်တကယ့်ကို စိုးရိမ်တယ် တရားမျှတမှုကို လိုချင်တယ်ဆိုရင် သူဟာ ဘရွှေလက်ထက်မအော်ခဲ့သလို ဘစိန်လက်ထက်လဲမအော်ခဲ့ပါ။ အဲ့ဒီအချိန်က တရားမျှတလို့လား? နောက်သူဟာ ဘရွှေမြေးတွေနဲ့ တွဲနေသူပါ။ ယခင်လက်ထက်က မအော်ဘဲနဲ့ ယခုအချိန်မှာ သတင်းတုကိုရှယ်ပြီး တိုင်းပြည်အတွက် စိုးရိမ်ပြနေတာဟာ အင်မတန်မှ ရယ်စရာကေင်းနေပါတယ်။


ဒါဆိုရင် ဘာဖြစ်လို့ရှယ်လဲ။ ရည်ရွယ်ချက်က DASSK ကို သိက္ခာချချင်လို့ပါ။ သူ့မိန်းမပါတီဟာပိုက်ဆံတွေအများကြီးသုံးပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်နေပါတယ်။ PPP က တပ်ကို မိတ်ဖက်လို့မြင်ကြောင်း ပြောထားပြီးပါပြီ၊ တပ်ချုပ်ကြီးကလဲ အရပ်ဖက်ပါတီတွေထဲမှာ အင်မတန်အလားအလာကောင်းတဲ့ပါတီတွေရှိကြောင်း ထုတ်ပြောပြီးသားပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့။ ဒီဖော်မြူလာဟာအလုပ်ဖြစ်ခဲ့ပါတယ်။ မဟုတ်တဲ့သတင်းတု ကောလဟာလတင် ပြီးရင် အဂတိကိုစစ်ခိုင်းနဲ့ တပ်ကလုပ်စားလာတာ ဒီမိုအစိုးရတက်လာကတထဲကပါ။ ယခုက အတွင်းက DASSK ကို တိုက်ခိုက်လာတာပါ။


PPP ပါတီရဲ့ ဒုဥက္ကဌကိုလဲ တပ်နဲ့ဦးပိုင်က သူခိုးကျော်ဇေယျကိုအားဖြည့်ထည့်ပေးထားပါတယ်။ PPP က ကျော်ဇေယျအဆိုကိုလဲ တပ်ကရန်ကုန်လွှတ်တော်မှာ ပူးပေါင်းကူညီပေးခဲ့ပါတယ်။ ဒါက တပ်နဲ့PPP ရဲ့ လက်တွေ့ လူမြင်ရတဲ့ ပူးပေါင်းဆောင်ရွက်မှုပါ။


ဒီမိုတွေလဲ အချို့သူများက မိမိတို့ပါတီက ကွီးဖြိုးလောက်သာပြောလို့ လက်ခုပ်တီးချိန်မှာ သူတို့ကပရိတ်သတ်ရလာတာကို အခြေပြုပြီး ယခုဟာက DASSK ကို စရဖသတင်းတုနဲ့ တိုက်ခိုက်လာတာပါ။အောင်ကျော်ဝင်းကများ တပ်ချုပ်ကြီးကို သူ့သားအောင်ပြည့်ဖြိုးကုမ္ပဏီတပ်မြေကွက်တွေ ဘယ်လိုရတယ်ဆိုတဲ့အကြောင်း ရှင်းပေးပါဆိုပြီး တင်တာတွေ့ဖူးပါလား။ အရူးပါးပါ။ NLD ပါတီကတော့ ဒီမိုပါတီဆိုတော့ ဟောင်ရဲတာပေါ့။


ပြည်သူတွေအနေနဲ့လဲ ဒီလိုအချောင်သမား ခရိုနီလေးတွေကို သတိထားပါ။ ရှောင်ကြပါ။ သူတို့ကိုမဲပေးရင် စစ်ကျွန်တစ်သက်လုံးဖြစ်သွားမှာပါလို့ ပြောပါရစေ။

PPP ပါတီက ဥက္ကဌကြီးက ပညာရှိလားဆိုတော့ လူဆိုတာက မိမိယူသူကို ယောင်္ကျား မိန်းမတော့ ခွဲတတ်တဲ့ပညာရှိရပါမယ်။ မခွဲခြားတတ်ရင်တော့ ဒီလိုလူကို တိုင်းပြည်ဘယ်လိုအပ်မလဲ စဉ်းစားကြည့်ပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

2 Comments


Sunny Aung
Sunny Aung
Jun 14, 2020


ကိုမြတ်ထွန်းဦးရဲ့ ညာဖြောင့်လက်သီးက ပြင်းတယ်ဗျို့.. carry on.. fighting..

Like

naynanmyint629395
naynanmyint629395
Jun 14, 2020

ဘယ် ဘုရား တော့ ကျမ မသိပါ

အဆိုပါ ဘုရားပေါ် PPP ဥက္ကဌ

ရဲ့ခင်ပွန်း ဟုခေါ်သည့် အမျိုးသား

အသွင်ယူထာသော သူက တက်

သည့်အတွက် ပြဿနာ တက် ရ

တာကို PPP ဥက္ကဌ. မှ သူမခင်ပွန်း

လို့ဇွတ်ပြောဆိုတယ် လို့ ဖတ်လိုက်

ရပါတယ် ။


ကျမ က ခရစ်ယာန် ဘာသာဝင်

ဖြစ်နေလို့ ဘာသာရေးကိစ္စ မှာ

ဝင်မပြောခဲ့ပါ ။ သိပီးသား ကိစ္စ

ကို ပိုရှင်းလင်းအောင်တောင်ဆက်

မလေ့လာခဲ့ပါ ။ အကြောင်းတော့

မြန်မာအများစုက ဘာသရေးကိစ္စမှာ

အရေပါးကြလွန်းလို့ပါ ။


အခုတော့ တိုင်းပြည်အရေး မို့

ပြောပါတော့မယ် ။


လိင်တူ ယူထားတဲ့သူက.ဗုဒ္ဓဘာသာဖြစ်ပါလျက်နဲ့

ဘုရားပေါ်တက်သူဟာ

သူမခင်ပွန့်း ပါလို့ ဇွတ်ငြင်းကွယ်

တယ် ။ ဂေါပက ကလဲအမှန်ကိုသိလောက်ပေမဲ့ ဆယ်လီဖြစ်နေတရော ၊ အမှန်ရောက်အောင် မဖြေရှင်းတ တ်တာကြောင့် ဘုရားပေါ်

အမျိုးသားအသွင် ယူထားတဲ့

သူ တယောက် တက်တဲ့ ကိစ္စ ဟာ

ပျက်ပြယ်သွားခဲ့တယ် ။


ဘာလို့ လဲ DASSK ကို ဆန့်ကျင်သူ ၊ NLD. ကို ဆန့်ကျင်သူဖြစ်နေ

လို့ပါ ။


သူမပြောဆိုချက်များဟာ

ပါတီ အတွက် တိုင်းပြည်အတွက်

မဟုတ်ဘဲ သူမအကျိုးစီးပွား ကို

ထိခိုက်ခံရလို့အလုပ်သမား များ

ဘက်က နစ်နာသလိုပြောဆိုခဲ့တာပါ။အမှန်ကအဲ့ဒီ အချိန်ကတဲ က

ပြတ်ပြတ်သားသား အရေးယူပီး

action ယူခဲဲ့ရမှာပါ ။ ဘာလို့လဲ။

ဖြိုးမင်းငိန်း ကဆောက်လုပ်ရေး

ရပ်ဆိုင်းခိုင်းတယ် ။သူမကသာ

တကယ် ဥပဒေ ကို လိုက်နာသူ

ဆိုရင် ဝန်ကြီး ချုပ်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page