top of page
Search

သစ္စာနှင့် မေတ္တာလဲရမယ့် ၂၀၂၁

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 4, 2020
  • 1 min read

NLD ကို ပြည်သူများက ထောက်ခံကြပါတယ်။ ၈၀% ကျော်ကပေါ့။ ဝန်ထမ်းတွေကလဲ ၈၀% ကျော်ထောက်ခံကြပါတယ်။ ဒါပေမယ့် ဝန်ထမ်းတွေရဲ့ ထိပ်ပိုင်းက အဘသတင်းပေးတွေ အဘတ မိုးကျတွေ ရှိနေခဲ့ပြီး သူတို့တွေဟာ ပြောင်းလဲမှုတွေကို မဖြစ်မြောက်အောင်၊ နှေးကွေးအောင် ဒါမှမဟုတ်NLD သိက္ခာကျအောင် လုပ်ခဲ့ကြပါတယ်။ အချို့ စီမံခန့်ခွဲမှုသင်တန်းဆရာ ဘိုးတော်ကြီးများကခေါင်းဆောင်တော်ရင် အဆိုပါလူများလဲ ပြောင်းလဲလာမယ်ဆိုပြီး ဂျင်းထည့်သူများလဲ ရှိကြပါတယ်။ဒီသီအိုရီက အမြဲမမှန်ဘဲ ဘုရားက ဒေဝဒတ်ကို တရားချလို့မရတာနဲ့ စာရေးသူက နှိုင်းယှဉ်ပြခဲ့ပြီးပါပြီ။ မြန်မာပြည်မှာက ဒေဝဒတ်နဲ့တူတဲ့ သာဝတွေ နေရာတိုင်း ဌာနတိုင်းမှာ ရှိကြပါတယ်။


သူတို့ကို ဘယ်လိုပြောင်းလဲမလဲ? အချို့ ခရိုနီလက်ထက်က သာကူးများကို ခန့်လိုသူများကလဲပညာရှင်ခန့်ပါဆိုပြီး ပြောကြပါတယ်။ အဆိုပါလူတွေကို ပြောလိုတာက ဒီမိုနိုင်ငံများရဲ့ ကာကွယ်ရေးဝန်ကြီးဟာ စစ်သားတွေ စစ်ဗိုလ်ချုပ်တွေမဟုတ်ဘဲ အရပ်သားစစ်စစ်ဆိုတာကို အမေရိကန်၊ အင်္ဂလန်၊ပြင်သစ်၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယားတို့ကို လေ့လာရင် သိနိုင်ပါတယ်။ ကျန်းမာရေးဝန်ကြီးလဲထို့အတူပါဘဲ။ အားလုံးဟာ နိုင်ငံရေးသမားတွေပါ။ နိုင်ငံရေးသမားတွေမှာ သူတို့ရဲ့ စံတွေ၊ လူ့တန်ဘိုးတွေ၊ မူဝါဒတွေ ရှိကြပါတယ်။ ဥပမာ ဥရောပ နိုင်ငံအချို့က ဆင်းရဲသားတွေကို ဆေးအလကားပေးတာ ငွေကြေးထောက်ပံ့တာတွေက သူတို့ရဲ့ လက်ဝဲမူဝါဒအရပါ။ လက်ယာက ကိုယ်လုပ်မှ ကိုယ်စားပေါ့။


NLD မှာ ခန့်စရာ နိုင်ငံရေးသမားရှိလား? NLD က လက်ရှိ ကြိုက်တဲ့ဝန်ကြီးချုပ်တွေ၊ လွှတ်တော်အမတ်တွေ၊ အရပ်သားနိုင်ငံရေးသမား ဝန်ကြီးစစ်စစ်ကို အင်တာဗျူးကြည့်ပါ။ ပြီးရင် ကြိုက်တဲ့တိုင်းမှူးတို့ သာဝတို့နဲ့ ယှဉ်ဗျူးရင် ဘယ်သူသာလဲ သိပါလိမ့်မယ်။ နာဂေးတစ်နဲ့ NLD က ဒေါက်တာမျိုးညွန့် အပြောအဆို ကွာသလိုပေါ့။ ဟိုက နိုင်ငံရေးသမားဖြစ်သလို ဆရာဝန်မိုလို့ MA (Defence) နဲ့ကဆယ်တန်းမှာထဲက ကွာတာပါ။


ဒါဆိုရင် ပညာရှင်ကရော။ စာရေးသူအနေနဲ့ ပညာရှင်များ ပါရမယ်ဆိုတာကို လက်ခံပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ NLD အနေနဲ့ ဒုဝန်ကြီးကို ပညာရှင်ခန့်တာ ဒါမှမဟုတ် အကြံပေးကို ညွှန်ချုပ်အထက်အဆင့်သတ်မှတ်ပြီး အမေရိကန်၊ ယူကေနဲ့ ပြင်သစ်နိုင်ငံတွေမှာလို အထူးအကြံပေးခန့်ပြီးအစုအဖွဲ့ကြီးကြီးနဲ့ လုပ်သင့်ပါတယ်။ သူတို့ကို လခပေးပြီး နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းလိုက်နာခိုင်းသလိုပေါ့။ ဒါဆိုရင် ဝန်ကြီးတွေအနေနဲ့ မိုးကျတွေ ညွှန်ချုပ်တွေကို ထိန်းနိုင်မှာဖြစ်သလို လိုအပ်တဲ့အကြံဉာဏ်ကို တောင်းခံနိုင်မှာပါ။ ယခုဟာက NLD ရဲ့ ပညာရှင်အဖွဲ့က ပါတီထဲမှာ ကျန်ခဲ့လို့ ခေါင်းနဲ့ကိုယ် ပြတ်သလို ဖြစ်သွားတာပါ။


ထို့အတူပါဘဲ။ လွှတ်တော်အနေနဲ့လဲ နိုင်ငံ့ဝန်ထမ်းဥပဒေမှာ ဒုညွှန်ချုပ်အထက် အဆင့်တွေကိုအလွယ်တကူ ဖြုတ်လို့ရအောင် ပြင်သင့်ပါတယ်။ ဒါမှ ဂျစ်ကန်ကန်အရာရှိကြီးတွေကို အပြီးကန်ထုတ်နိုင်မှာပါ။ စာ​ရေးသူအနေနဲ့ကတော့် လုံခြုံရေးကောင်စီ ငါးနိုင်ငံမှာ သံအမတ်တွေကိုတောင် NLD ကနိုင်ငံရေးသမား ဇေယျာဖြိုးတို့လို ပြုံးကေသီနိုင်တို့လို အမာခံတွေ ပို့ထားပြီး သာဝနဲ့ ရင်ဆိုင်ဖို့ ပြင်ထားသင့်ပါတယ်။


ယခုအချိန်ဟာ မေတ္တာနဲ့ သစ္စာလဲပြီး ဆော်ဖို့ကို ပြင်ဆင်ထားရမှာပါ။ ဒေဝဒတ်က ဘုရားကိုသာ ဒုက္ခလိုက်ပေးပေမယ့် သာဝနဲ့အဖွဲ့က တိုင်းပြည်တစ်ခုလုံးကို ဒုက္ခပေးနိုင်လို့ ဆော်စရာရှိတာ ဆော်ပါလို့ပြောပါရစေ။ ဆော်တယ်ဆိုတာကလဲ အနားနီးမှမဟုတ်ဘဲ ပြင်စရာရှိတာကို ပြင်ထားပါ။ အချို့သာဝတပည့်တွေက တကယ်ဆော်မှာသိရင်လဲ ဘက်ပြောင်းတတ်ပါတယ်။

Photo credit: Myanmar State Counsellor Office

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Albert Wint
Albert Wint
Dec 05, 2020

ကောင်းလှပါဘိ! သွားအဟုန် အဟုန် -ဝရဇိန်လက်နက် သကြားစက်နဲ့တွေ့ပေးမှ တိုင်းပြည်နဲ့လူ ဘယ်သု့အကျိုးကိုကြည့်မလဲဆိုတဲ့ မေးခွန်းကိုဒီ ၅ နှစ်ပရောဂျက်ကာလမှာဖြေရမဲ့ပုစ္ဆာပါဘဲ ဖြေနိုင်ကြပါစေသတည်း

Like

Myint Soe Oo
Myint Soe Oo
Dec 04, 2020

ဦးမြတ်! လူတို့ဝေါဟာ ပြောလာကြသည်ကား **လူမှု ဝန်းကျင်**

ဟု တွင်တွင်သုံးကြပါသည်။

လူသည် အထီးမကျန်လို ၊ ကျန် နေလို့လဲ မရ။ ထို့ကြောင့် ဝန်းကျင်

နှင့် ပတ်သက်ဆက်ဆံရပါသည်။

ဝန်းကျင် သာယာ မှ၊ လူတို့ပြုသော အမှု**လူမှုရေးရာ**အဖြာဖြာတို့ သန့်စင် အပြစ်ကင်း ချစ်ခြင်းများနှင့်တည်ဆောက်သော

**လူ့အဖွဲ့အစည်း**ဖြစ်လာပါမည်။

ထင်ရှားမြင်သာသော သာဓက။

(ကျန်းမာ/ဝန်ကို လော်သည်ပြောပြော၊ ဖော်သည် ပြောပြော ကျေနပ်စွာ ခံယူပါမည်။)

ခုနှစ်ပိုင်းတွင်းတွေမှာ (ယခင်ကာလများနှင့် နှိုင်းယှဥ်ပါက)

တီဘီ နှင့် အိပ်ချ်အိုင်ဗီ လူနာဦးရေ

လျော့ကျလာပြီး ကုသနှုန်းမှာလည်း ဆိုင်ရာရောဂါအလိုက် အညွှန်းကိန်း အတန်သင့် ကျဆင့်လာပါသည်။ကျဆင်းလာပါသည်။(၂၀၁၀ ဝန်းကျင်ခန့်နှင့်် နှိုင်းယှဥ်ပါက)။ ကြိုးစားဆောင်ရွက်ပါလျက် သိသိသာသာ မကျဆင်းရပါသနည်း???။ဝန်းကျင် မကောင်းသောကြောင့်××××××။

ပေါများလိုက်သော ကေတီဘိ၊ ဇိမ်ခန်း ၊ မူးယစ်ဆေး။ ဒါတွေရှိနေသမျှ HIV & TB ။ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ။တိုင်ပတ်နေပါမည်။ ကျန်းဝန်ထမ်းတွေ ပမ်း ၊ ကုသစရိတ် ကုန်ခမ်း။ ဝန်းကျင်မကောင်းသောကြောင့် လူမှု ဒုက္ခများ။ဖားကန့် မှော်!!!!

မြို့ပြကြီးများမှာ **ကြယ်သုံးပွင့် ၊လေးပွင့် ၊ ငါးပွင့်**အမည်တပ်ထားငြား အချို့သော **ကျယ်**တွေ ( မူးယစ် ကျယ် ၊

ဇိမ် မယ်ကျယ် )ရှိနေသမျှ ရောဂါများနှင့်အတူ ရာဇဝတ်မှုများ။

ပြည်တွင်း ငြိမ်သက်ရေး ချုပ်ကိုင်သော** ပြည်ထဲရေးနှင့် ထွေအုပ် ဟူသည့် ဝန်းကျင် မကောင်းသမျှ**။ မကောင်းတဲ့ ဝန်းကျင်ကို

ပြောင်းလဲသောဖြစ်စဥ်ဖြင့် အသစ် အစားထိုး လဲလှယ်ရန် အထူးလိုအပ်ပါသည်။

ခွေးသွားစိတ် ပင်နယံတစ်ခု အလုပ်မလုပ်က ယန္တယားစက်

ပျက်ရပါသည်။

မကောင်းသော ပင်နယံဖြုတ်

အရည်အသွေးကောင်းမွန်သည့်(အာမခံချက်ဖြင့်ထုတ်သော စက်ရုံမှ) စိတ်ချယုံကြည်ရသော

ပင်နယံ/ကိုယ်စားလှယ်များနှင့် လဲလှယ်ပါက

လွှတ်တော်မှသည် ပြည်လုံးဆီသို့

ငြိမ်းချမ်းဖြာကာ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page