top of page
Search

သစ်ခုတ်သမား၊ ပန်းပုဆရာနှင့် နိုင်ငံတကာ တရားရုံး

Writer: Myat Tun Oo
Myat Tun Oo
Nov 22, 2020
2 min read

စာရေးသူတို့ ဒီမိုအများစုက DASSK ကို ထောက်ခံကြပါတယ်။ စာရေးသူတို့က တပ်ကိုဝေဖန်ပြီးပြဿနာဟာ DASSK အစိုးရအဖွဲ့က မိုးကျကို မရှင်းနိုင်လို့လို့ ထောက်ပြကြပါတယ်။ အခြားဒီမိုထောက်ခံသူအချို့ကတော့ ပြဿနာဟာ NLD က လက်ရှိ ဝန်ကြီးချုပ်တွေက အသုံးမကျလို့ သူတို့သာအသုံးကျရင် မိုးကျတွေကို ဘက်ပြောင်းအောင်လုပ်နိုင်လိမ့်မယ်ဆိုပြီး ပြောလေ့ရှိပါတယ်။ အချို့လော်သူများက ဒီမိုတွေက အသုံးမကျလို့ DASSK က မိုးကျ အချို့ကို ဝန်ကြီးအဖြစ်ခန့်ရကြောင်းအချို့ဝန်ကြီးများဆို သူတို့လက်ရှိအလုပ်က သိန်း ၆၀ ရကြောင်း DASSK မျက်နှာနဲ့ လာလုပ်ပေးတာသနားလို့ဖြစ်ကြောင်းအထိ လော်ကြပါတယ်။ ဒါက အသက်ပေးခဲ့တဲ့ ဒီမိုတွေကို တဆုံးစော်ကားလိုက်တာပါ။


ပထမသီအိုရီကိုရှင်းပါ့မယ်။ Management သီအိုရီအရ ခေါင်းဆောင်တော်ရင် မိုးကျတွေကို အချိုးပြောင်းနိုင်ရမယ် ဒီမိုဝန်ကြီးတွေ ဝန်ကြီးချုပ်တွေက မိုးကျတွေကို အချိုးမပြောင်းနိုင်တာဟာခေါင်းဆောင်မတော်လို့လို့ အချို့လော်သူများက ဆိုကြပါတယ်။ ဘုရားတောင် ဒေဝဒတ်ကို နောက်ဆုံးအချိန်အထိ မချွတ်နိုင်ခဲ့ပါ။ ဒေဝဒတ်ဟာ ပြန်ကောင်းလာမလိုနဲ့ ဘယ်တော့မှ သေခါနီးအထိ အချိုးမပြောင်းခဲ့ပါ။ မြေမြိုခါနီးမှသာ ဒေဝဒတ်က တောင်းပန်ခဲ့တာပါ။ နောက် DASSK ကိုယ်တိုင်လဲ တပ်ချုပ်ကို ဘက်ပြောင်းအောင် မလုပ်နိုင်သေးပါ။


ပြဿနာက မိုးကျတွေရဲ့အထက်မှာ မိုးကျကို ဒုဝန်ကြီး ဝန်ကြီးခန့်ရင် ငါးပါးမှောက်တာပါ။ စာရေးသူတို့က မိုးကျကို မခန့်ပါနဲ့လို့ မပြောလိုပါ။ ဥပမာ သာဝန်ဆိုရင် စစ်တပ်နဲ့ အတိုက်အခံလုပ်ပြီး DASSK နဲ့NLD အကျိုးအတွက် လုပ်သူပါ။ သူလိုလူမျိုးက တစ်ယောက်သာတွေ့ပါသေးတယ်။ ဖြစ်သင့် ခန့်သင့်တာက ဒီမိုကရေစီအတွက် အသက်ပေးပြီး အသက်မပေးရင်တောင် အဖမ်းခံပြီး တိုက်ပွဲဝင်ရဲသူကိုသာခန့်သင့်တာပါ။ ဥပမာ ဘထိန်လိုလူမျိုးပေါ့။


ယခုက ဦးကိုနီ၊ ဦးရဲသိန်း၊ ဦးထိုက်ဇော်တို့ဟာ ဒီမိုခရီးမှာ အသက်ပေးသွားကြတာပါ။ သူတို့ကပြည်တွင်းပြဿနာမိုလို့ မိမိလူမျိုးအချင်းချင်း ရှင်းလိုက်ရင် ရနိုင်ပါတယ်။ ဘင်္ဂါလီပြဿနာကိုကြည့်ပါ။ ဖြစ်ချိန်နဲ့ ဖြစ်အပြီးမှာ DASSK နဲ့ မြန်မာပြည်ကို အားလုံးက ဝိုင်းပြောကြပါတယ်။ စာရေးသူတို့လဲဝိုင်းကာကွယ်ကြပေါ့။ အဲ့ဒီအချိန်မှာ မိုးကျဝန်ကြီးများဟာ DASSK နဲ့ စည်းလုံးမှုကိုပြသလိုနဲ့ကန်တော့ကြပါတယ်။ သတင်းတွေကိုလဲ တပ်ကဘာမှ လုပ်ထားတာမရှိဘူးဆိုပြီး လိမ်တင်ကြပါတယ်။ ပြည်ထဲရေးဝန်ကြီး ဘကျော်ဆွေရော အဲ့ဒီအချိန်က ဒုဝန်ကြီး ဦးမင်းသူရောပါ။ သူတို့တွေဟာနိုင်ငံခြားကပြောနေတာတွေကို စုံစမ်းစစ်ဆေးဖို့ လိုနိုင်ကြောင်းလောက်တောင် တပ်ကို သံသယဖြစ်နိုင်စရာ အကြောင်းလောက်တောင် မဟခဲ့ပါ။ သူတို့တွေဟာ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ အမှားတွေ ဘုရားသွားကျောင်းတက်လောက်မှားရင်တောင် DASSK ထံ သတင်းပို့သူများပါ။ ဒါပေမယ့် သူတို့တွေဟာ တပ်ထဲမှာနေခဲ့ပြီး တပ်ကယခုလိုလုပ်တပ်တာ သိပေမယ့်လဲ DASSK ကို တိုင်းပြည်အတွက်ကောင်းမွန်တဲ့ အကြံဉာဏ်မပေးခဲ့ပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ အဖမ်းခံရမှာ ကြောက်လို့ပါ။ အဲ့ဒီနေရာမှာ ဦးခွန်ထွန်းဦးဆိုရင်တောင် အစ်မကြီး ကျွန်တော်တို့ရှမ်းပြည်မှာလဲ အဲ့ဒီလိုလုပ်တယ်မှန်လောက်တယ် နိုင်ငံခြားနဲ့ စကားမကျွန်စေနဲ့ဆိုပြီး ပြောမှာပါ။


DASSK ICJ သွားခါနီး ပြင်ဆင်ချိန်မှာ နိုင်ငံခြားက ရှေ့နေတွေနဲ့ စကားပြောရပါတယ်။ နိုင်ငံခြားကရှေ့နေဆိုတာက အမှန်ကို အမှန်အတိုင်း သူတို့ဘာကို ကာကွယ်နိုင်တယ် ဘာကို မကာကွယ်နိုင်ဘူးပြောပြပါတယ်။ အဲ့ဒီအချိန်မှာမ သူမဟာ ပြဿနာရဲ့ အတိမ်အနက် သူမတပ်က ဘာလုပ်ခဲ့နိုင်တယ်ဆိုတာကို သိတာပါ။ ဒီနေရာမှာ သူမ The Hague ကို သွားချိန်မှာ အဆိုပါပြစ်မှုကျူးလွန်ချိန်က သူမကိုအမှန်အတိုင်းသတင်းမပို့ခဲ့တဲ့ ဝန်ကြီးများ၊ သူတို့ရဲ့ကတော်များက We Stand ထလုပ်ကြပြီး သူမကိုဘယ်သူတွေက The Hague ကိုသွားပြီးထောက်ခံကြောင်း ကျေးဇူးတင်သင့်ကြောင်း ပြောကြပါတယ်။


တကယ်ဖြစ်သင့်တာ သူတို့တွေဟာ မိမိတို့လာခဲ့တဲ့တပ်ဟာ အဆိုပါပြစ်မှုမျိုးကို ကျူးလွန်တတ်ကြောင်း DASSK ကိုသာ အစကထဲက ပြောပြခဲ့ရင် မြန်မာပြည်နဲ့ DASSK ဟာ ကမ္ဘာပေါ်မှာ ယခုလိုအခြေအနေမျိုး ဖြစ်စရာအကြောင်းမရှိပါ။ ထိုအချိန်က တပ်လုပ်တာကို အလိုတူအလိုပါ ဖုံးကွယ်ခဲ့ပြီးICJ သွားမှ We Stand လုပ်တာဟာ ဘာမှားနေလဲဆိုတာကို ပြနေတာပါ။


ဒီနေရာမှာ ဝေဖန်သူအချို့က မင်းတို့ NLD ကရော ဘာလို့ သူမကိုမပြောလဲဆိုရင် သူမဟာ ပါတီနဲ့အစိုးရကို ဥပဒေအရ စီးခြားထားသလို NLD က လူများဟာ ထောက်လှမ်းရေးအချက်အလက်ကို မသိကြပါ။ သူတို့သိတာက သတင်းထဲကဟာသာဖြစ်ပြီး အစိုးရအတွင်းစည်းထဲမှာ ရှိနေကြတာမဟုတ်ပါ။


ယခုမြန်မာပြည်ရဲ့ အခြေအနေက သစ်ခုတ်တဲ့လုပ်ငန်းက မပြီးသေးပါလို့ ပြောပါရစေ။သစ်ခုတ်သမားတွေ ဆက်လိုနေမှာဖြစ်သလို ပန်းပုဆရာကိုလဲ ယခင်က သစ်ခိုးခဲ့တဲ့ ပန်းပုဆရာတွေလိမ်တတ်တဲ့ ပန်းပုဆရာတွေကို မခန့်ပါနဲ့လို့ ပြောပါရစေ။ ယခုအချိန်မှာ သန်းမြင့်ဦးကို ပန်းပုဆရာခန့်တာဟာ ကျော်တင့်ဆွေထက် အဆများစွာ သာပါလိမ့်မယ်လို့ ပြောထားပါရစေ။

မိုးကျဆိုရင် ကျွန်တော့်ကိုတောင် ဘာအလုပ်မှ အခန့်ပါနဲ့။ ဒီမိုတွေ နိုင်ငံရေးသမားတွေသာ နိုင်ငံရေးလုပ်ကြပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Albert Wint
Albert Wint
Nov 22, 2020

ဟိုဘက်အခြမ်းမသိပါ ဒါကတော့တိုင်းပြည်ကိုဒုက္ခရောက်စေရာပါMTOတို့လိုပုဂ္ဂိုလ်များ၏သုံးသပ်ချက်ထိရောက်ပါ၏

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page