top of page
Search

သင့်ရင်သွေးအနာဂတ်လှပဖို့ဆိုရင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 13, 2020
  • 1 min read

တိုင်းပြည်မှာ လူတိုင်းပညာတတ်မှ တိုင်းပြည်ဖွံ့ဖြိုးရေးမှာ ပါဝင်လုပ်ဆောင်နိုင်မှာပါ။

NLD အစိုးရလက်ထက်မှာ ပထမဆုံး လုပ်ဆောင်တာက ကျောင်းသုံးဖတ်စာအုပ်ပါ။ စစ်အစိုးရလက်ထက် နှစ်သောင်းခွဲလောက်သာ ထောက်ပံ့နိုင်ခဲ့ပေမယ့် ၂၀၂၀ NLD အစိုးရလက်ထက်မှာ တစ်သိန်းတစ်သောင်းနီးပါး ထောက်ပံ့နိုင်ခဲ့ပါတယ်။ ဆရာ ရှစ်သောင်းကျော်ကို NLD လက်ထက်မှာ တိုးခန့်နိုင်ခဲ့ပါတယ်။ ဆရာတင်မဟုတ်ဘဲ ကျောင်းပေါင်း နှစ်သောင်းခွဲကိုလဲ အဆင့်မြှင့်တင်ခဲ့ပါတယ်။ ဒါကြောင့် ကျောင်းသားဦးရေဟာ နှစ်သိန်းခုနှစ်သောင်းကျော် တိုးတက်လာခဲ့ပါတယ်။ သူတို့တွေဟာတိုင်းပြည်ရဲ့အနာဂတ်ဖြစ်ပြီး သူတို့တွေဟာ နောက်ငါးနှစ်မှာ တက္ကသိုလ်ရောက်လာမှာပါ။

ပညာတတ်ရင် စီးပွါးရေး၊ အမျိုးသားရေးဟာ အလိုလို တင့်တယ်လာမှာပါ။ ယခင်တချိန်က ရန်ကုန်တက္ကသိုလ်ဆိုရင် လူအထင်ကြီးတာဟာ တနည်းအားဖြင့် နိုင်ငံ့ဂုဏ်မြှင့်တဲ့ အမျိုးသားရေးပါ။ စင်ကာပူမှာ ပညာကြောင့်ချမ်းသာလို့ စင်ကာပူနိုင်ငံကူးလက်မှတ်ဆိုရင် ဂုဏ်ရှိတာ အားလုံးသိမှာပါ။

ပညာရေးဟာ ပြန်မရတဲ့ ရင်းနှီးမြုပ်နှံမှုလို့အော်ပြီး အမျိုးသားရေးအော်နေလို့မရပါ။


နောက်တစ်ခုက တိုင်းရင်းသား ဘာသာစကားပါ။ NLD ကို အဘတို့နဲ့ လူမျိုးရေးအစွန်းရောက်တိုင်းရင်းသားခေါင်းဆောင်အချို့က ဘယ်လိုပင်စွပ်စွဲသော်လဲ NLD အစိုးရလက်ထက်မှာတိုင်းရင်းသားဘာသာ သင်ယူနိုင်အောင် လုပ်ဆောင်ပေးလို့ သင်ယူမှုများလာတာကိုလဲ သိသိသာသာတွေ့ရပါတယ်။


ပြည်သူတစ်ယောက်အနေနဲ့ မိမိရင်သွေးအနာဂတ်အတွက် ပညာရေးမှာ အမျော်အမြင်နဲ့ ရင်းနှီးမြုပ်နှံတဲ့ NLD ကို မဲပေးမလား? ဒါမှမဟုတ် ပညာရေးဟာ ပြန်မရတဲ့ ရင်းနှီးမြုပ်နှံမှုဆိုတဲ့ အဘတို့ကိုမဲပေးပြီး မိမိရင်သွေးအနာဂတ်ကို ရိုက်ချိုးမလား? စဉ်းစားကြပါ။


သင့်ရင်သွေးအနာဂတ်လှပဖို့ဆိုရင်တော့ NLD ကိုသာ မဲပေးပါလို့ ပြောပါရစေ။

Data Source: Chair NLD

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page