top of page
Search

သင်မဲပေးဖို့ တွေဝေနေလား ဒီစာကိုဖတ်ပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 21, 2020
  • 1 min read

ree

ယခုတလောမှာက ဘရွှေမန်း၊ ဖွတ်အဖွဲ့၊ အဘတို့အဖွဲ့၊ ကိုကိုကြီး၊ ဒေါက်ခိုင်၊ နေယံဦးနဲ့ ANP တို့ကNLD ကို တိုက်ခိုက်တာလေးတွေ ရှိပါတယ်။ သူတို့ဘာပြောပြော အဓိက တိုက်ခိုက်တာက သုံးခုပါ။


ပထမက စီးပွါးရေးမကောင်းဘူး၊ ပြည်တွင်းငြိမ်းချမ်းရေးမရဘူး၊ အမျိုးဘာသာပေါ့။ ဒါပါဘဲ။တိုင်းပြည်ကြီး ချောက်ထဲကျတော့မယ် သူတို့ပြန်လာမှ ဖြစ်မယ်။ ဒါမှမဟုတ် ညွန့်ပေါင်းဖွဲ့မှ ဖြစ်မယ်ပေါ့။


သူတို့ပြောတာတွေကို လေ့လာကြည့်ရအောင်။ အဘသူရရွှေမန်းနဲ့ ဒေါက်တာသက်သက်ခိုင်ပြောတဲ့ စီးပွါးရေးမကောင်းဘူးဆိုတာ သူတို့အတွက်မှန်ပါတယ်။ ဘရွှေမန်းရဲ့ သားတွေနဲ့ သူ့ရဲ့ခမီးခမက်ဇေကြီးတို့ဟာ ယခင်ကလို စီးပွါးရေးမကောင်းတော့ပါ။ ကရဝိတ်ဟာ ပြန်အသိမ်းခံရသလို လမ်းတွေကိုလဲအရည်အသွေးမှီ ပြန်ဆောက်နေရပါတယ်။ ယခင်ကလို ရိုက်စားလုပ်ရတာ အဆင်မပြေတော့ပါ။ထို့အတူပါဘဲ ဒေါက်ခိုင်တို့ဟာလဲ အထပ်မြင့်ကို အရည်အသွေးမှီဆောက်ရလို့ ယခင်ကလို အမြတ်များများ မရနိုင်တော့ပါ။ နောက် ရွှေကျောက်လုပ်ငန်းဟာလဲ စည်းကမ်းနဲ့ လုပ်လာရလို့ စည်းမရှိ ကမ်းမရှိ ဝုန်းခဲ့သူများအတွက် ခက်နေပါတယ်။


ဘရွှေမန်းလို တိုင်းပြည်ကို အဆင်းရဲဆုံးဖြစ်အောင် အုပ်ချုပ်သူများထဲမှာ ပါဝင်ခဲ့သူက စီးပွါးရေးပြန်ကောင်းအောင်လုပ်မယ်ဆိုတာက ယုံရခက်ကြီးပါ။ အရင်ဆုံး ဘရွှေမန်းစာရင်းရှင်းရမှာက သူ့ပါတီထောင်တဲ့ ပိုက်ဆံတွေဟာ ဘယ်လိုရခဲ့သလဲဆိုတာပါ။ NLD အစိုးရလက်ထက်မှာ တိုင်းပြည်အကြွေးနည်းသွားပြီး လူတစ်ဦးချင်းပျမ်းမျှဝင်ငွေဟာ တက်လာခဲ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာလဲ မှန်မှန်တိုးတက်လာခဲ့ပါတယ်။ ဒါဟာဘင်္ဂါလီကိစ္စနဲ့ အစိုးရဒုက္ခရောက်အောင် မအလနဲ့ ANP ပေါင်းလုပ်ခဲ့တဲ့ကြားထဲကပါ။


နောက်ငြိမ်းချမ်းရေးမရတာ။ ငြိမ်းချမ်းရေးမရတာဟာ တပ်ချုပ်မအလနဲ့ သူပုန်တွေကြောင့်ဆိုတာမြန်မာပြည်က ထမင်းစားသူတိုင်းသိပါတယ်။ DASSK ဟာ သူတတ်နိုင်သမျှ အားလုံးကို လိုက်လျောပေးခဲ့ပေမယ့် လက်နက်ကိုင်များဟာ သူတို့ရဲ့ အကျိုးစီးပွါးကိုသာ ရှေ့ထားပြီး လုပ်ဆောင်နေလို့ငြိမ်းချမ်းရေးမရတာပါ။


အမျိုးဘာသာမှာလဲ NLD အစိုးရလက်ထက်မှာ ဘာသာပေါင်းစုံရဲ့ပွဲတွေ လုပ်နိုင်ခဲ့သလို ယခင်အစိုးရတွေ မလုပ်နိုင်ခဲ့တဲ့ နှစ်ကူးတရားပွဲတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ လုပ်နိုင်ခဲ့ပါတယ်။ သာသနာကိုဖျက်တဲ့ အဖျက်သမားတွေကိုလဲ လက်နက်မရှိတဲ့ကြားက နှိမ်နင်းနိုင်ခဲ့ပါတယ်။


လမ်းအသစ်တွေကို ယခင်အစိုးရလက်ထက်ကထက် သုံးလေးဆ ဖောက်နိုင်ခဲ့သလို မီးပေးနိုင်တဲ့ဧရိယာဟာလဲ ပိုများလာခဲ့ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြင့်လာခဲ့သလို ပညာရေးဟာလဲ အဘတို့လက်ထက်ကထက် အဆများစွာ အဆင့်မြင့်လာခဲ့ပါတယ်။


ယခုလောလောဆယ် လက်ရှိအစိုးရ မလုပ်နိုင်သေးတာက မိုးကျတွေကို ပုံစံဝင်အောင် မကိုင်နိုင်သေးတာပါ။ ဒါပေမယ့် ဒီရွေးကောက်ပွဲအပြီး ၂၀၂၁ မှာ အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်နိုင်မယ်ယုံကြည်ပါတယ်။


ဒါမှ မဲမပေးချင်သေးရင် လွှတ်တော်ထဲက ၂၅% ကို ကြည့်လိုက်ပါ။ ယခုသူတို့က ၂၅% သာမဲရတာတောင် တိုင်းပြည်ကို ဘယ်လောက်ဒုက္ခပေါင်းစုံပေးနေလဲ ပြည်သူအားလုံးသိမှာပါ။ အခြား NLD မကြီးစိုးတဲ့ လွှတ်တော်တွေရှိတဲ့ ပြည်နယ်တွေက ညွန့်ပေါင်းမိုလို့ ပိုတိုးတက်နေသလား လေ့လာပါ။

၂၀၂၁ မှာ တပ်ချုပ်အသစ်ခန့်တာ လုပ်ရမှာပါ။


ဒါကြောင့်မိုလို့ အရှိန်အဟုန်နဲ့ ပြောင်းလဲဖို့ NLD ကို မဲပေးပါစို့လို့ တိုက်တွန်းပါရစေ။


Photo credit : Maung Tun Wai

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Jun 22, 2020

ဦးမြတ် !

သမင်တည်းဟူသော>>>NLD

ထောင်ချောက် ညွှတ်ကွင်း ပမာ>>>မလိုသူ (မုဆိုးများ)၏ သမင်ဖမ်းရန် အကြံအစည် အစီအမံများ။

ခေါက်ရှာငှက်သို့ စံထား >>>Myanmar Nowကသို့ သတင်းမှန်ဖြန့်ဝေသည့် မီဒီယာ။

မုဆိုးနှင့်တူသော>>>NLD ကို ဆန့်ကျင်သည့် ပါတီများ။


************************


#အရုဏ်ကျင်းစလင်းလုလုကာလ#

ညကာလမှာ မုဆိုးထောင်ထားသော ညွှတ်ကွင်းမှာ သမင်တစ်ကောင်မိနေ၏။ သမင်ရုန်းသော်လည်း ညွှတ်ကွင်းမှ မလွတ်။ မကျွတ်။ထို့ကြောင့် မိတ်ဆွေလိပ်သည် သူ၏အားနယ် လိပ်သွားအစွယ်ဖြင့် ကိုက်ဖြတ်ကြိုးကုတ် အားထုတ်လေ၏။ ကျော့ကွင်းမှာ ထူထပ်ခိုင်မာ သေချာအစီအမံပြုလုပ် အလွယ်နှင့် မပြုတ်။

သမင်လွတ်ရေး အားပေးရန်အတွက် မိတ်ဆွေစစ်စာရင်းထည့်တွက် ခေါက်ရှာငှက်သည် ကြံစည်ယုတ်မာ မုဆိုးမလာနိုင်စေရန် မုဆိုးအိမ်အထွက် အတောင်လက်ဖြင့် မုဆိုးမျက်နှာ ရိုက်ပုတ်ရှာ၏။အတိတ်နိမိတ်မကောင်းအစဥ် မုဆိုးရှုမြင် အိမ်ထဲပြန်ဝင်၏။ မုဆိုးနိုးကြား သတင်းစကား ခေါက်ရှာမိတ်ဆွေ ပျံကာပြေးလွှား လိပ်အား အကြောင်းကြား၏။ လိပ်သည် ဝိရိယအခါခါမို့ ကြိတ်အံသွားတို့ နာနေပြီ။

မုဆိုးထွက်တိုင်း ရိုက်ခတ် ၃ ကြိမ်တိုင်လေသော် တားမရသည်ခရီး မုဆိုးကြီး ဒါးလှံနှင့်အတူ အောင်ပွဲ ယူရန် ညွှတ်ကွင်းထောင်ရာ တောသို့လာ၏။ တာဝန်ကျေသည့် ခေါက်ရှာငှက် အချိန်အံကိုက်သတင်းပို့လိုက်။ သမင်လွတ်ရေး အားဇွဲသန်သန် ကိုက်ဖြတ် မဖြစ်မနေ လွတ်စေရေးမို့ လိပ်၏ခံတွင်းဝ

ရဲရဲနီ သွေး တို့ ခလေပြီ။ မြေသို့ ကျလေပြီ။

ရောင်နီလာကာစ. လင်း ကာလမှာ

•••သမင်၏ ရုန်းကန် အား

•••လိပ်၏ ယုံကြည်မှု အရင်းခံ

ပြင်းထန်သော ကျိုးကုတ် အား

ထုတ်မှု။

•••မိတ်ဆွေစစ်နှလုံးသားပိုင်ရှင်

ခေါက်ရှာငှက်

မိတ်ဆွေစစ် ၃ ဦး ညီညွတ်မှုအကြောင်းပြုခြင်းကြောင့်

ခေါက်ရှာငှက်က ရှေ့အမြင့်က ပျံ

ညွှတ်ကွင်းမှ လွတ်လာသော သမင်သည် သူ၏ ဦးချို(ဂျို)၌ ပင်ပန်းလှသောလိပ်ကို ထပ်မပင်ပန်းစေလို ချမ်းသာစေရန်ရည်ရွယ်၍ ခိုင်မြဲစွာ ချည်နှောင်ကာ…


Like

naynanmyint629395
naynanmyint629395
Jun 22, 2020

မှန်ပါတယ်


အ ခွင့်ရေးသမားများ၊

Carpet baggers များ၊

စစ် ယူဖောင်းဝတ်ထားတဲ့

သူခိုးဒါပြ​များ နဲ့ သူတို့ရဲ့

သခင်အားရကျွန်နာဝနေကြတဲ့

အရိုးကိုက် များ ကင်းစင်တဲ့

အထိ NLD ကိုသာ မဲပေး ဖို့

ကပြည်​သူများ ရဲ့ တာဝန်ပါ။


မိမိတို့ မျိးဆက် ကလေးများ

နောင်ရေး တိုးတက်မှု အတွက်

သူခိုးဒါပြ အုပ်စု နဲ့ သူခိုးမျိုးစံ ု

အုပ်စု ကို ဆန့်ကျင်ကြပါ


NLD ကိုသာ အဆက်ဆက်

ွေးချယ်ကြပါ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page