top of page
Search
  • Writer's pictureMyat Tun Oo

ဝရမ္းေျပးေလးဝီဝီ



ျမန္မာျပည္မွာလူအမ်ားစုကတိုင္းျပည္တိုးတက္တာကိုလိုလားပါတယ္။တိုးတက္ဖို႔ေျခဥျပင္လိုပါတယ္။ဒီအခ်ိန္မွာဘဲဝီဝီကေဖာင္းသြားတာပါ။ဝီဝီ့ကိုဘာသာေရးလူမ်ိဳးေရးေျပာကထဲကအေရးယူလို႔ရေပမယ့္အေရးမယူခဲ့ပါ။ျပည္သူခ်စ္တယ့္ပါတီနဲ႔ေခါင္းေဆာင္ကိုေဝဖန္ေသာ္လဲအေရးမယူခဲ့ပါ။ဒါေပမယ့္သူကဒီအေခါက္မွာေဝဖန္တာမဟုတ္ဘဲလႊတ္ေတာ္ကျပည္သူမုန္းတဲ့မတ္တပ္ရပ္မ်ားကိုဘုရားနဲ႔သြားႏိႈင္းရာမွာေတာ့ေဘာင္ေက်ာ္သြားခဲ့ပါတယ္။

သူ႔ကိုအစြန္းေရာက္နဲ႔ခ႐ိုနီေတြဖြတ္ေတြကႀကိဳက္ႏိုင္ပါတယ္။အာဏာ႐ူးတယ့္ဘုန္းႀကီးအခ်ိဳ႕လဲေထာက္ခံႏိုင္ပါတယ္။ဒါေပမယ့္ယခုဝရမ္းေျပးအျဖစ္ေၾကညာအၿပီးမွာသူ႔ကိုေထာက္ခံတဲ့ဘုန္းႀကီးကထင္သေလာက္မရွိတာဟာသူ႔အတြက္ဝမ္းနည္းစရာပါ။

သူဘယ္မွာလဲ? သူဟာလက္ရွိဒီမိုအစိုးရကိုပုန္ကုန္ေနတယ့္ေခါင္းေဆာင္ပါ။လက္ရွိလႊတ္ေတာ္အမတ္ေနာက္ကိုေတာင္လိုက္ေနတဲ့စရဖဟာသူ႔ေနာက္ကိုမလိုက္တာျဖစ္ႏိုင္ပါသလား? ရဲသတင္းတပ္ဖြဲ႕ကေရာဘာလုပ္ေနလဲ? အမွန္ဆိုရင္ဒီကဖမ္းဝရမ္းထုတ္ကထဲကေစာင့္ၾကည့္ေနရမွာပါ။မနီလာသိန္းကိုညတြင္းခ်င္းဝင္ဖမ္းတဲ့ရဲဟာယခုလိုၾကာေနတာထူးဆန္းေနပါတယ္။

သူလြတ္သြားရာမွာတာဝန္ရွိတယ့္ရဲေတြကိုလဲအေရးယူသင့္ပါတယ္။

သူတကယ္ထြက္ေျပးသြားလားေမးရင္သူဟာစရဖရဲ႕ပုန္းဖို႔ေပးထားတဲ့ေနရာ(safe house)မွာဘဲရွိေနပါတယ္။MRTV4 ကေတာ့မဘသရဲ႕ေထာက္ပံ့ေငြကိစၥကိုသိေနလို႔ျဖစ္ၿပီးဝီဝီကေတာ့သူ႔ထက္ပိုသိမွာပါ။

ဒါကဘာကိုျပလဲဆိုေတာ့ဒီလိုတိုင္းျပည္အတြက္ေသနတ္ကိုင္တိုက္မယ္ဘာညာေအာ္သူမ်ားဟာဒီမိုဘုန္းႀကီးေတြ၊ကိုေနမ်ိဳးဇင္တို႔လို၊ကိုမင္းထင္ကိုကိုႀကီးတို႔လိုမဟုတ္ဘဲမိန္းခေလးေတြေလာက္ေတာင္သတၱိမရွိတာေတြ႕ရပါတယ္။

ေျပးေနတာလဲေကာင္းပါတယ္။ျပည္ထဲေရးအေနနဲ႔လဲဘုရားေပၚတက္ၿပီးဝရမ္းေျပးအတြက္ဆုေတာင္းေနသူေတြကိုသူတို႔ဘယ္ကလာလဲစံုစမ္းၿပီးလမ္းမွာဖမ္းသင့္ပါတယ္။မဟုတ္ရင္ေတာ့မရွိတယ့္သိကၡာထပ္က်မယ္လို႔သာေျပာပါရေစ။

Unicode version

ဝရမ်းပြေးလေးဝီဝီ

မြန်မာပြည်မှာလူအများစုကတိုင်းပြည်တိုးတက်တာကိုလိုလားပါတယ်။တိုးတက်ဖို့ခြေဥပြင်လိုပါတယ်။ဒီအချိန်မှာဘဲဝီဝီကဖောင်းသွားတာပါ။ဝီဝီ့ကိုဘာသာရေးလူမျိုးရေးပြောကထဲကအရေးယူလို့ရပေမယ့်အရေးမယူခဲ့ပါ။ပြည်သူချစ်တယ့်ပါတီနဲ့ခေါင်းဆောင်ကိုဝေဖန်သော်လဲအရေးမယူခဲ့ပါ။ဒါပေမယ့်သူကဒီအခေါက်မှာဝေဖန်တာမဟုတ်ဘဲလွှတ်တော်ကပြည်သူမုန်းတဲ့မတ်တပ်ရပ်များကိုဘုရားနဲ့သွားနှိုင်းရာမှာတော့ဘောင်ကျော်သွားခဲ့ပါတယ်။

သူ့ကိုအစွန်းရောက်နဲ့ခရိုနီတွေဖွတ်တွေကကြိုက်နိုင်ပါတယ်။အာဏာရူးတယ့်ဘုန်းကြီးအချို့လဲထောက်ခံနိုင်ပါတယ်။ဒါပေမယ့်ယခုဝရမ်းပြေးအဖြစ်ကြေညာအပြီးမှာသူ့ကိုထောက်ခံတဲ့ဘုန်းကြီးကထင်သလောက်မရှိတာဟာသူ့အတွက်ဝမ်းနည်းစရာပါ။

သူဘယ်မှာလဲ? သူဟာလက်ရှိဒီမိုအစိုးရကိုပုန်ကုန်နေတယ့်ခေါင်းဆောင်ပါ။လက်ရှိလွှတ်တော်အမတ်နောက်ကိုတောင်လိုက်နေတဲ့စရဖဟာသူ့နောက်ကိုမလိုက်တာဖြစ်နိုင်ပါသလား? ရဲသတင်းတပ်ဖွဲ့ကရောဘာလုပ်နေလဲ? အမှန်ဆိုရင်ဒီကဖမ်းဝရမ်းထုတ်ကထဲကစောင့်ကြည့်နေရမှာပါ။မနီလာသိန်းကိုညတွင်းချင်းဝင်ဖမ်းတဲ့ရဲဟာယခုလိုကြာနေတာထူးဆန်းနေပါတယ်။

သူလွတ်သွားရာမှာတာဝန်ရှိတယ့်ရဲတွေကိုလဲအရေးယူသင့်ပါတယ်။

သူတကယ်ထွက်ပြေးသွားလားမေးရင်သူဟာစရဖရဲ့ပုန်းဖို့ပေးထားတဲ့နေရာ(safe house)မှာဘဲရှိနေပါတယ်။MRTV4 ကတော့မဘသရဲ့ထောက်ပံ့ငွေကိစ္စကိုသိနေလို့ဖြစ်ပြီးဝီဝီကတော့သူ့ထက်ပိုသိမှာပါ။

ဒါကဘာကိုပြလဲဆိုတော့ဒီလိုတိုင်းပြည်အတွက်သေနတ်ကိုင်တိုက်မယ်ဘာညာအော်သူများဟာဒီမိုဘုန်းကြီးတွေ၊ကိုနေမျိုးဇင်တို့လို၊ကိုမင်းထင်ကိုကိုကြီးတို့လိုမဟုတ်ဘဲမိန်းခလေးတွေလောက်တောင်သတ္တိမရှိတာတွေ့ရပါတယ်။

ပြေးနေတာလဲကောင်းပါတယ်။ပြည်ထဲရေးအနေနဲ့လဲဘုရားပေါ်တက်ပြီးဝရမ်းပြေးအတွက်ဆုတောင်းနေသူတွေကိုသူတို့ဘယ်ကလာလဲစုံစမ်းပြီးလမ်းမှာဖမ်းသင့်ပါတယ်။မဟုတ်ရင်တော့မရှိတယ့်သိက္ခာထပ်ကျမယ်လို့သာပြောပါရစေ။

106 views0 comments

Recent Posts

See All

ငြင်းမရတဲ့အချက်

အားလုံးငြင်းမရတာက ကချင်မှာ KIA နဲ့ NUG PDF အတွဲညီညီပေါင်းတိုက်တယ်ဆိုတာနဲ့ တပ်မမှူးအဆင့် စသေနေတယ်ဆိုတာပါ။ မြောက်ပိုင်းတုန်းက ဘောမနဲ့ တတိယအုပ်စု ငြင်းခဲ့ပေမယ့် ယခုက ငြင်းမရတော့ပါ။

Σχόλια


bottom of page