top of page
Search

ဝရမ္းေျပးေလးဘဲေကာင္းပါတယ္

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 11, 2019
  • 1 min read


လူအမ်ားစုဟာျပည္ထဲေရးကိုသံသယရွိၾကပါတယ္။အထူးသျဖင့္ဒီမိုဆႏၵျပသူေတြဆိုဖမ္းတာျမန္ၿပီးအဘေနာက္လိုက္ဆိုဖမ္းတာဟာအင္မတန္ေႏွးၿပီးသံသယအက်ိဳးကိုအျပည့္အဝခံစားေစပါတယ္။အမ်ားစုကမဖမ္းခင္မွာလြတ္ေနပါတယ္။

ဒီအစဥ္အလာကိုဝီဝီ့လက္ထက္မွာလဲဆက္ထိန္းထားပံုပါ။မိုက္ကယ္ေက်ာ္ျမင့္ဆိုDKBA ထဲေရာကတယ္ဆိုၿပီးရဲတပ္ဖြဲ႕ကေျပာလို႔DKBA ကထျငင္းရတဲ့အထိပါ။ေနာက္ဆံုးမိတာကလဲျပည္သူကတိုင္လို႔ပါ။ဒါကဘာကိုျပလဲဆိုေတာ့ရဲတပ္ဖြဲ႕မွာရွိတယ့္မိုးက်နဲ႔မိုးက်အတြင္းဝန္ရဲ႕ဒီမိုအစိုးရကိုဆန္႔က်င္သူေတြကိုဖမ္းရာမွာဖိဖိစီးစီးမရွိမႈကိုျပတာပါ။

ေနာက္ဝီဝီ့ပံုတက္လာပါတယ္။သူလဲDKBA ထံေရာက္တယ္လို႔ေျပာပါတယ္။ဘယ္မွာတကယ္ရွိလဲဆိုတာေတာ့မသိပါ။နယ္ျခားေစာင့္အျဖစ္အသြင္ေျပာင္းထားတဲ့DKBA ကတပ္ေအာက္မွာရွိပါတယ္။ၿငိမ္းခ်မ္းေရးယူထားတဲ့DKBA ဆိုလဲရွာခိုင္းရင္ရပါတယ္။

ဒါဆိုသူ႔ပံုကိုျပန္ေလ့လာရေအာင္။သူ႔တဲထဲကိုေရပိုက္သြယ္ထားပါတယ္။ပလစတစ္ပိုက္ပါ။ေတာထဲမွာေရပိုက္သြယ္ႏိုင္တာဟာနည္းပညာအရေတာ္တယ္ေျပာရမွာပါ။ေနာက္သူ႔ပံုရဲ႕ေနာက္မွာတိုက္ႀကီးအျမင့္ႀကီးရွိပါတယ္။ေတာထဲမွာေဆာက္ႏိုင္တာဟာခ်ီးက်ဴးစရာပါ။ေနာက္အဲ့ဒီတိုက္နဲ႔ဝီဝီ့တဲၾကားမွာျခံစည္း႐ိုးခတ္ထားပါတယ္။

ေျပာခ်င္တာကသူေနေနတာတိုက္ေတြနဲ႔နီးတဲ့အဖြဲ႕တစ္ခုရဲ႕လံုျခံဳစိတ္ခ်ရတဲ့ေနရာမွာပါ။အေမရိကန္သံ႐ံုးကေထာက္လွမ္းေရးကိုအဲ့ဒီပံုေပးလိုက္ရင္သိမွာပါ။

စာေရးသူအေနနဲ႔ေတာ့ဝီဝီ့ကိုဒီအတိုင္းေလးဝရမ္းေျပးအျဖစ္နဲ႔ထားထားတာကအလြန္ေကာင္းတယ္လို႔ေျပာလိုပါတယ္။သူကိုေဆြဝင္းအမႈကိုမလာထြက္ႏိုင္လို႔အမႈပ်က္မွာျဖစ္သလိုသူ႔ကိုေထာက္ခံသူကိုေျဖးေျဖးခ်င္းစြဲစိလိုက္ရင္လူကုန္သြားမွာပါ။မ်ိဳးခ်စ္နဲ႔အဘခ်စ္မ်ားကတကယ္ဖမ္းရင္ေတာ့ၿငိမ္လာမွာပါ။သူတို႔ကိုဖမ္းရင္ကခ်င္စစ္ပြဲဆႏၵျပသူကိုပါဖမ္းရႏိုင္ေပမယ့္ဘယ္သူမွဒီမိုအစစ္မဟုတ္ဘဲႏွစ္ဖက္လက္နက္ကိုင္နဲ႔ႏြယ္သူမ်ားသာျဖစ္လို႔ဖမ္းထည့္လိုက္ရင္အဆင္ေျပသြားပါမယ္။ဝီဝီ့ကေတာ့ဝရမ္းေျပးေလးအေနနဲ႔ဘဲေကာင္းပါတယ္။

Unicode version

ဝရမ်းပြေးလေးဘဲကောင်းပါတယ်

လူအများစုဟာပြည်ထဲရေးကိုသံသယရှိကြပါတယ်။အထူးသဖြင့်ဒီမိုဆန္ဒပြသူတွေဆိုဖမ်းတာမြန်ပြီးအဘနောက်လိုက်ဆိုဖမ်းတာဟာအင်မတန်နှေးပြီးသံသယအကျိုးကိုအပြည့်အဝခံစားစေပါတယ်။အများစုကမဖမ်းခင်မှာလွတ်နေပါတယ်။

ဒီအစဉ်အလာကိုဝီဝီ့လက်ထက်မှာလဲဆက်ထိန်းထားပုံပါ။မိုက်ကယ်ကျော်မြင့်ဆိုDKBA ထဲရောကတယ်ဆိုပြီးရဲတပ်ဖွဲ့ကပြောလို့DKBA ကထငြင်းရတဲ့အထိပါ။နောက်ဆုံးမိတာကလဲပြည်သူကတိုင်လို့ပါ။ဒါကဘာကိုပြလဲဆိုတော့ရဲတပ်ဖွဲ့မှာရှိတယ့်မိုးကျနဲ့မိုးကျအတွင်းဝန်ရဲ့ဒီမိုအစိုးရကိုဆန့်ကျင်သူတွေကိုဖမ်းရာမှာဖိဖိစီးစီးမရှိမှုကိုပြတာပါ။

နောက်ဝီဝီ့ပုံတက်လာပါတယ်။သူလဲDKBA ထံရောက်တယ်လို့ပြောပါတယ်။ဘယ်မှာတကယ်ရှိလဲဆိုတာတော့မသိပါ။နယ်ခြားစောင့်အဖြစ်အသွင်ပြောင်းထားတဲ့DKBA ကတပ်အောက်မှာရှိပါတယ်။ငြိမ်းချမ်းရေးယူထားတဲ့DKBA ဆိုလဲရှာခိုင်းရင်ရပါတယ်။

ဒါဆိုသူ့ပုံကိုပြန်လေ့လာရအောင်။သူ့တဲထဲကိုရေပိုက်သွယ်ထားပါတယ်။ပလစတစ်ပိုက်ပါ။တောထဲမှာရေပိုက်သွယ်နိုင်တာဟာနည်းပညာအရတော်တယ်ပြောရမှာပါ။နောက်သူ့ပုံရဲ့နောက်မှာတိုက်ကြီးအမြင့်ကြီးရှိပါတယ်။တောထဲမှာဆောက်နိုင်တာဟာချီးကျူးစရာပါ။နောက်အဲ့ဒီတိုက်နဲ့ဝီဝီ့တဲကြားမှာခြံစည်းရိုးခတ်ထားပါတယ်။

ပြောချင်တာကသူနေနေတာတိုက်တွေနဲ့နီးတဲ့အဖွဲ့တစ်ခုရဲ့လုံခြုံစိတ်ချရတဲ့နေရာမှာပါ။အမေရိကန်သံရုံးကထောက်လှမ်းရေးကိုအဲ့ဒီပုံပေးလိုက်ရင်သိမှာပါ။

စာရေးသူအနေနဲ့တော့ဝီဝီ့ကိုဒီအတိုင်းလေးဝရမ်းပြေးအဖြစ်နဲ့ထားထားတာကအလွန်ကောင်းတယ်လို့ပြောလိုပါတယ်။သူကိုဆွေဝင်းအမှုကိုမလာထွက်နိုင်လို့အမှုပျက်မှာဖြစ်သလိုသူ့ကိုထောက်ခံသူကိုဖြေးဖြေးချင်းစွဲစိလိုက်ရင်လူကုန်သွားမှာပါ။မျိုးချစ်နဲ့အဘချစ်များကတကယ်ဖမ်းရင်တော့ငြိမ်လာမှာပါ။သူတို့ကိုဖမ်းရင်ကချင်စစ်ပွဲဆန္ဒပြသူကိုပါဖမ်းရနိုင်ပေမယ့်ဘယ်သူမှဒီမိုအစစ်မဟုတ်ဘဲနှစ်ဖက်လက်နက်ကိုင်နဲ့နွယ်သူများသာဖြစ်လို့ဖမ်းထည့်လိုက်ရင်အဆင်ပြေသွားပါမယ်။ဝီဝီ့ကတော့ဝရမ်းပြေးလေးအနေနဲ့ဘဲကောင်းပါတယ်။

 
 
 

Recent Posts

See All
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 
မအားသေးဘူး

ယခုအချိန်မှာ ဘာမှရေးမအားသေးဘူး။ လုံခြုံရေး ပြန်သုံးသပ်နေလို့။ တော်လှန်ရေးမအောင်မြင်ရင် NUG ကြောင့်မဟုတ်ဘဲ အသုံးမကျတဲ့ NUCC ထဲက ထရမ့်ကို ရှုတ်ချတဲ့စာထုတ်တဲ့ အဖွဲ့တွေကြောင့်ဘဲ။ ဗကသလဲ ဒီကိစ္စနဲ့မှနာမည်ပျ

 
 
 
ဘာလို့ မအလတပ်က အသေများတာလဲဆရာ မဖြစ်နိုင်ဘူး(ဘောမကမေးတာ)

စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်တိုက်တာ၊ ခံစစ်ကုန်းကိုတိုက်တာက မအလတပ်က ခုခံတာမိုလို့ လက်နက်အများကြီးသုံးတာတောင် အသေနည်းပါတယ်။ ဥပမာ ရခိုင်နဲ့ဗန်းမော်စစ်မျက်နှာတွေမှာပါ။ ဒါပေမယ့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page