top of page
Search

ဝမ်ဆွေ့ဝမ်ဆွေ့ မအလ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 22, 2024
  • 1 min read

ree

မအလရဲ့ အကွက်တွေက အလွန်မြင့်ပါတယ်။ ဒါကြောင့်လဲ မအလရှိတာနဲ့တင် တော်လှန်ရေးကအောင်ဖို့သေချာနေတာပါ။ မအလဟာ ဇတ်ရှိန်မြှင့်တာ၊ မထင်မှတ်တာတွေ လုပ်တာကိုက ထူးခြားနေတာပါ။ မအလဟာ ယခုဆို ယာယီသမ္မတလုပ်လိုက်ပါပြီ။ ဥပဒေနဲ့ညီလားဆိုတော့ အာဏာသိမ်းကထဲက မညီတာပါ။ ယခုလို ထလုပ်တော့ သူ့ကိုဘောမမယ့် ကိုကိုကြီးတို့တောင် မ ရခက်သွားနိုင်ပါတယ်။ ဒုသမ္မတမြင့်ဆွေက ရာထူးလွှဲပေးလို့ရတယ်ဆိုရင် မအလအစား ခွေးကိုလွှဲပေးရင် ဘယ်လိုလုပ်ပါ့မလဲ? မြင့်ဆွေက အခြားရောဂါတွေနဲ့အတူ မှတ်ဉာဏ်လဲမကောင်းဘဲ စားရမှန်းမသိ သောက်ရမှန်းမသိဖြစ်နေတာပါ။ သူက စိတ်ဖိစီးလို့လဲ ရောဂါက ဆိုးသွားပုံရတယ်လို့ ပါရဂူတွေက မှတ်ချက်ပြုပါတယ်။ သူ့ဆေးမှတ်တမ်းအရ Dementia with Lewy Bodies လို့ စင်ကာပူဆေးမှတ်တမ်းတွေက ရေးထားပါတယ်။ ဒါကြောင့် မြင့်ဆွေမှာ ဆုံးဖြတ်နိုင်တဲ့ ဦးနှောက်မရှိပါ(lack of mental capacity ) လို့ စင်ကာပူက ဆရာဝန်က မှတ်ချက်ပေးထားသူပါ။ ဒါကြောင့် သူ့မှာ စိတ်ရောဂါအရ တာဝန်လွှဲတာ ဘာမှမလုပ်နိုင်ပါ။

မအလဟာ တရုတ်ပြောသလို လိုက်လုပ်ခဲ့ရင်တောင် ဒီမိုတွေကြားထဲ EAO တွေကြားထဲ ရန်တွေဖြစ်၊ သဘောထားတွေကွဲနဲ့ ဇတ်တွေရှုတ်မှာပါ။ တရုတ်ကလဲ ဟုတ်နိုးနိုး အာဆီယံကလဲ ဟုတ်နိုးနိုး ဇတ်ပွဲရှည်သွားမှာပါ။ ယခုလို မအလက ပြတ်ပြတ်သားသား သမ္မတလဲသူ၊ တပ်ချုပ်လဲသူဆိုတာက တပ်ထဲမှာတောင် အင်မတန်အံ့အားသင့်သွားစေပါတယ်။ ဘာကြောင့် ဒီလိုလုပ်လဲ?

မအလကို သတင်းပို့သူများက ကရင်နီမှာ မြို့တော်ကို ထိန်းချုပ်ပြီး ရှမ်းတောင်ကို ပြန်ထိန်းနေပြီလို့ တင်ပြထားပါတယ်။ မန္တလေးမှာ စဉ့်ကူးကိုပြန်ရပြီး မိုးကုတ်ကို တန်ပြန်ထိုးစစ်ဆင်နေသလို ကျောက်မဲမှာလဲ ထိုးစစ်ဆင်လို့ TNLA က ထွက်ပြေးနေရတယ်လို့ တင်ပြထားပါတယ်။ ဒါ့အပြင် လားရှိုးမှာလဲ ဆက်မတက်နိုင်အောင် ကာစစ်က အောင်မြင်တယ်လို့ ဆိုပါတယ်။ အောင်ဇေယျကလဲ မြဝတီမကျအောင် လုပ်နိုင်ခဲ့တယ်ဆိုပြီး အောင်ပွဲအနေနဲ့ တင်ပြပါတယ်။ ဒါတင်လားဆိုတော့ မောင်းတောမှာလဲ AA ထိုးစစ်ကို ARSA နဲ့ ဟန့်တားနိုင်ခဲ့ပြီး တန်ပြန်ထိုးစစ်တောင် ပြန်စနိုင်မယ်လို့ ဆိုပါတယ်။ ကချင်မှာကလဲ KIA ထံက နယ်မြေတွေကို လူသစ်တွေ၊ ရှမ်းနီနဲ့ပေါင်းပြီး ထိုးစစ်စနေပြီလို့ တင်ပြထားပါတယ်။ ရခိုင်က သံတွဲကိုလဲ ထိုးစစ်ပြန်ထိုးပြီး လူသစ်တွေနဲ့ သိမ်းပိုက်တော့မယ်လို့ ဆိုပါတယ်။ ဒါတွေက ဒီမိုတွေသိတာနဲ့ ပြောင်းပြန်ဖြစ်နိုင်ပေမယ့် မအလအတွက်ကတော့ သူ့တပ်ဟာ တပ်သားသစ်တွေနဲ့ နိုင်နေတယ်လို့ သုံးသပ်ပြီး တရုတ်ပြောတာကို လက်ခလယ်ထောင်ပြပြီး ပြန်ချမယ့်လမ်းကို ရွေးလိုက်တာပါ။

ဒီလုပ်ရပ်လေးက အင်မတန်ကို အကွက်လှပပြီး မအလနိုင်ရင်နိုင် မနိုင်ရင်တော့ ဝမ်ဆွေ့ ဝမ်ဆွေ့ ဝမ်ဝမ်ဆွေ့ပါလို့ ပြောပါရစေ။ ပြည်သူက တိုက်ပွဲတွေ ပိုဖြစ်လာနိုင်ပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးရောက်လာနိုင်လို့ ပြင်ထားကြပါ။ မအလ အခက်မှာ NUG PDF က နယ်မြေရယူနိုင်ဖို့ PRF ကို သာ တွန်းလှူပေးပါ။ မြင့်ဆွေပြီး ရူးဖို့က မအလအလှည့်ပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page