top of page
Search

ဝန်ကြီးများရုံးကပြောသော အဘအကြောင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 10, 2019
  • 1 min read

ဝန်ကြီးများရုံးကပြောသော အဘအကြောင်း

လက်ရှိဒီမိုအစိုးရ တက်လာချိန်မှာ အဘနဲ့ သူ့ရဲ့သားများက ဒီမိုတွေကို စီမံခန့်ခွဲမှုမတတ်ဘူး စီးပွါးရေးမလုပ်တတ်ဘူးဆိုပြီး သတင်းလွှင့်သလို အဘနဲ့အဆင်ပြေခဲ့တဲ့ ခရိုနီများက သူတို့စီးပွါးရေးက NLD အစိုးရတက်လာချိန်မှာ မကောင်းဘူးဆိုပြီး သံယောင်လိုက်လေ့ရှိပါတယ်။

အားလုံးသိတဲ့အတိုင်း ဝန်ကြီးများရုံးမှာ SPA ဖွင့်တယ်။ အားလုံးက ရန်ကုန်တိုင်းအစိုးရကို ဝိုင်းဆဲတယ်။ ဒီနေရာမှာ စစ်ဖွတ်အကောင့်တွေကလဲ လက်ရှိရန်ကုန်တိုင်းအစိုးရနဲ့ဆိုင်သလို ဝိုင်းပြောပါတယ်။ လက်ရှိ ကွီးဖြိုးကို ဝေဖန်နေကြ လွှတ်တော်အမတ်တွေတောင် ပါပါတယ်။

ဒီနေ့ဝန်ကြီးများရုံးကို ဘစိန်က သိန်း ၂၅၀ နဲ့ ငှါးတယ်လို့တက်လာပါတယ်။ မြို့ထဲမှာ အဲ့ဒီလိုကျယ်တဲ့နေရာကို အဲ့ဒီလိုအောက်စျေးနဲ့ငှါးခဲ့တာကိုက စီမံခန့်ခွဲမှုဟာ လူကဲ့သို့တောင် တွေးခေါ်မှုမရှိဘဲ ညံ့ဖျင်းတာကို သွားတွေ့ရပါတယ်။ ပုံမှန်လူလိုတွေးရင် ဒီနေရာဟာ နိုင်ငံတော်အကြီးအကဲတွေ လုပ်ကြံခံခဲ့ရတဲ့ သမိုင်းဝင်နေရာမိုလို့ ငှါးစရာအကြောင်းမရှိပါ။ ဒါပေမယ့် ဘစိန်တို့ဟာ လူလိုမတွေးတတ်ခဲ့လို့ ပုဂ္ဂလိကကို ငှါးဖို့လုပ်ပါတယ်။ ဒါက ပထမဆုံးအမှားပါ။ ငှါးရာမှာလဲ ယခုခေတ်မှာလို ပွင့်လင်းမြင်သာမှုမရှိဘဲ ချပေးခဲ့တာပါ။ နောက် သိန်း ၂၅၀ ဆိုတာက အောက်စျေးပါ။ ယခုရန်ကုန်တိုင်းလွှတ်တော်က ခေါ်စစ်ချိန်မှာ စာချုပ်ကရန်ကုန်တိုင်းအစိုးရနဲ့မဟုတ်ဘဲ ပြည်ထောင်စုနဲ့ ဘစိန်တို့က ချုပ်ခဲ့သလို နှစ် ၇၀ချပေးခဲ့ပြီး နောက်အစိုးရကို ဒုက္ခပေးခဲ့တာပါ။ ယခုလို ဘစိန်လက်ထက်ကအချောင်ရခဲ့လို့လဲ ခရိုနီတွေက ယခုအစိုးရလက်ထက်မှာ စီးပွါးရေးက အဘလက်ထက်ကလောက် အဆင်မပြေတာလို့ ပြောကြတာပါ။ ယခင်က အဘသာဆက်ရှိခဲ့ရင် ယခုလို စျေးချိုချိုနဲ့ရမှာပေါ့။

ဒီအဖြစ်အပျက်က ဘာကိုပြလဲဆိုတော့ နာဂစ်မှာလူသေတာကို မကယ်နိုင်အောင်စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့တာကို အားမရသေးဘဲ သမိုင်းဝင်အဆောက်အအုံကို အောက်စျေးနဲ့ငှါးခဲ့တာက ဥာဏ်နည်းမှုကိုပြနေပါတယ်။ ဒါတင်လားဆိုတော့ အောက်စျေးနဲ့ နှစ်ရှည်ငှါးတာဟာ စီးပွါးရေးမှာလဲ အသုံးမကျတာကို ပြလိုက်ပါတယ်။

ဒီကိစ္စမှာ တစ်ပူးကဖြိုးဝေတို့ကပါ ဆောင်းပါးရှည်တွေရေးပြီး ဒီစာချုပ်မှာ ဘစိန်က မလုပ်ခိုင်းဘဲနဲ့ ရန်ကုန်အစိုးရကဘဲ လုပ်ခွင့်ပြုသရောင် ပြည်သူနဲ့ စနစ်တကျရန်တိုက်ပေးခဲ့တာ တွေ့ရပါတယ်။ ဒီကိစ္စကနေသိလိုက်ရတာက ဒီအတွင်းဝန်ရုံးငှါးတဲ့စာချုပ်ဟာ ဘစိန်တို့ဗဟိုအစိုးရနဲ့ တိုက်ရိုက်ချုပ်သွားပြီး ရန်ကုန်တိုင်းအစိုးရက စာချုပ်ကို ပြင်လို့မရဘဲ ပြည်ထောင်စုကသာ လုပ်လို့ရတယ်ဆိုတာပါ။

တွေးမိတာက ဒီလိုမျိုးစာချုပ်တွေ သိတာရော မသိတာပါ ဘယ်လောက်များနေလဲဆိုတာပါ။ ဒီကိစ္စမျိုးတွေကနေ တိုင်းပြည် ပညာရေးအတွက် မနေ့က သမ္မတချေးဖို့အဆိုပြုတဲ့ သန်း ၁၀၀ ထက် ဘစိန်လက်ထက်နဲ့ ဘရွှေလက်ထက်က ပိုဆုံးရှုံးခဲ့တာပါ။ ပြည်သူတွေစဉ်းစားရမှာက အနာဂတ်ပညာရေးအတွက်အလေးထားတဲ့ အစိုးရကိုရွေးမလား အသေခိုးတဲ့ အစိုးရကိုရွေးမလားဆိုတာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page