top of page
Search

ဝကိုအျပဳတ္တိုက္မိသည့္အခါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 3, 2019
  • 1 min read

ree

စစ္သားတစ္ေယာက္အေနနဲ႔ဝကိုတိုက္လို႔ရသလားလို႔ေမးရင္တိုက္လို႔ရပါတယ္။သူတို႔ယခုလိုေနသလိုေနလို႔မရေအာင္ဗံုးႀကဲလို႔ရပါတယ္။ဒါကပံုမွန္ေျပာတာပါ။ယခုလက္ရွိေလယဥ္ေတြနဲ႔မဟုတ္ေပမယ့္MIG နဲ႔Sukhoi 57 ေတြနဲ႔ဆိုသူ႔ေလယဥ္ပစ္အေျမႇာက္ေနရာကိုဗံုးႀကဲၿပီးပစ္လို႔ရပါတယ္။စစ္ေရးနည္းနဲ႔မိမိလူအေသနဲေစခ်င္ရင္ဓာတ္ခဲကိုအားေပးတဲ့ေကအိုင္ေအနဲ႔ေျမာက္ပိုင္းကိုလက္နက္ေထာက္ပို႔ရာဝနယ္ကိုတိုက္မွရမွာပါ။ဒါကသီအိုရိီအရေျပာတာ။စစ္ေရးအရဘဲ။

ဒါေပမယ့္စစ္တိုက္တာနဲ႔စစ္ေျပးေရွာင္ေတြကတ႐ုတ္ထဲေရာက္ပါမယ္။တ႐ုတ္နယ္ထဲကိုက်ည္ဆန္ေရာက္ပါမယ္။တ႐ုတ္ႀကီးကိုအဘကအိုင္စီစီမေရာက္ေအာင္အားကိုးေနရတာပါ။တ႐ုတ္ၿငိဳျငင္ရင္အဘမလြယ္ပါ။ေနာက္တ႐ုတ္နဲ႔ရန္ျဖစ္တယ္ဆိုပါဆို႔။ျမန္မာေနာက္မွာအင္အားႀကီးႏိုင္ငံရွိဖို႔လိုပါတယ္။အေမရိကန္လိုေပါ့။ယူကရိန္းေနာက္မွာအေမရိကန္ရွိတာေတာင္မလြယ္ခဲ့ပါ။႐ုရွားကဝင္ပါမွာမဟုတ္ပါ။ဒါေၾကာင့္ပထဝီႏိုင္ငံေရးအရလဲမိမိေနာက္ကရပ္တည္ေပးမယ့္ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမရွိလို႔တိုက္မရပါ။

ဒါဆိုျပည္တြင္းမွာေရာ။ဓာတ္ခဲေလးကိုေတာင္ရဟတ္ယဥ္ေတြ၊ေလယဥ္ေတြနဲ႔တိုက္ေနရတာပါ။သူ႔လူမ်ိဳးကကိုယ့္ေနာက္မပါလို႔ပါ။ဒါဆိုမိမိဗမာလူမ်ိဳးကေရာ။NLDကိုေထာက္ခံသူေတြကမိမိတို႔လႊတ္ေတာ္မွာကန္႔လန္႔တိုက္လို႔ျပည္သူကမုန္းေနပါတယ္။ဒါဆိုရင္ဘုန္းႀကီးေတြကေရာ။အာဏာမ႐ူးတဲ့ဘုန္းႀကီးမွန္သမွ်ကလဲအဘတို႔ကိုမေထာက္ခံပါ။

ဒါေၾကာင့္သည္းခံ႐ံုမွတပါးအဘတို႔မွာေလာေလာဆယ္ေရြးစရာလမ္းမရွိပါ။အျပဳတ္တိုက္ခ်င္ရင္ဆြတ္ျပဳတ္ေလးသာတိုက္႐ံုရွိပါေတာ့တယ္။

Unicode

ဝကိုအပြုတ်တိုက်မိသည့်အခါ

စစ်သားတစ်ယောက်အနေနဲ့ဝကိုတိုက်လို့ရသလားလို့မေးရင်တိုက်လို့ရပါတယ်။သူတို့ယခုလိုနေသလိုနေလို့မရအောင်ဗုံးကြဲလို့ရပါတယ်။ဒါကပုံမှန်ပြောတာပါ။ယခုလက်ရှိလေယဉ်တွေနဲ့မဟုတ်ပေမယ့်MIG နဲ့Sukhoi 57 တွေနဲ့ဆိုသူ့လေယဉ်ပစ်အမြှောက်နေရာကိုဗုံးကြဲပြီးပစ်လို့ရပါတယ်။စစ်ရေးနည်းနဲ့မိမိလူအသေနဲစေချင်ရင်ဓာတ်ခဲကိုအားပေးတဲ့ကေအိုင်အေနဲ့မြောက်ပိုင်းကိုလက်နက်ထောက်ပို့ရာဝနယ်ကိုတိုက်မှရမှာပါ။ဒါကသီအိုရိီအရပြောတာ။စစ်ရေးအရဘဲ။

ဒါပေမယ့်စစ်တိုက်တာနဲ့စစ်ပြေးရှောင်တွေကတရုတ်ထဲရောက်ပါမယ်။တရုတ်နယ်ထဲကိုကျည်ဆန်ရောက်ပါမယ်။တရုတ်ကြီးကိုအဘကအိုင်စီစီမရောက်အောင်အားကိုးနေရတာပါ။တရုတ်ငြိုငြင်ရင်အဘမလွယ်ပါ။နောက်တရုတ်နဲ့ရန်ဖြစ်တယ်ဆိုပါဆို့။မြန်မာနောက်မှာအင်အားကြီးနိုင်ငံရှိဖို့လိုပါတယ်။အမေရိကန်လိုပေါ့။ယူကရိန်းနောက်မှာအမေရိကန်ရှိတာတောင်မလွယ်ခဲ့ပါ။ရုရှားကဝင်ပါမှာမဟုတ်ပါ။ဒါကြောင့်ပထဝီနိုင်ငံရေးအရလဲမိမိနောက်ကရပ်တည်ပေးမယ့်နေတိုးအဖွဲ့ဝင်နိုင်ငံမရှိလို့တိုက်မရပါ။

ဒါဆိုပြည်တွင်းမှာရော။ဓာတ်ခဲလေးကိုတောင်ရဟတ်ယဉ်တွေ၊လေယဉ်တွေနဲ့တိုက်နေရတာပါ။သူ့လူမျိုးကကိုယ့်နောက်မပါလို့ပါ။ဒါဆိုမိမိဗမာလူမျိုးကရော။NLDကိုထောက်ခံသူတွေကမိမိတို့လွှတ်တော်မှာကန့်လန့်တိုက်လို့ပြည်သူကမုန်းနေပါတယ်။ဒါဆိုရင်ဘုန်းကြီးတွေကရော။အာဏာမရူးတဲ့ဘုန်းကြီးမှန်သမျှကလဲအဘတို့ကိုမထောက်ခံပါ။

ဒါကြောင့်သည်းခံရုံမှတပါးအဘတို့မှာလောလောဆယ်ရွေးစရာလမ်းမရှိပါ။အပြုတ်တိုက်ချင်ရင်ဆွတ်ပြုတ်လေးသာတိုက်ရုံရှိပါတော့တယ်။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page