top of page
Search

လူသားဆန်သော ဗုံး

Writer: Myat Tun OoMyat Tun Oo

နေပြည်တော်နယ်မြေက ဒေသဆိုင်ရာ ရွေးကော်ဥက္ကဌအိမ်ကို ဗုံးပစ်တာကို မကွဲဘဲတွေ့ခဲ့ပါတယ်။ပထမဗုံးကတော့ စနက်တံဖြုတ် မဖြုတ်မသိပါ။ ဒုတိယတွေ့တာကတော့ စနက်တံမဖြုတ်ရသေးတာပါ။ ဒါဆိုရင် မှုခင်းဖြစ်တဲ့နေရာ crime scene မှာ ဗုံးတွေ့လို့ ဗုံးအမျိုးအစားကို သိနိုင်ပါမယ်။ ဒီထက်ပိုကောင်းတာက လက်ဗွေကို ရနိုင်တာပါ။

ပထမသီအိုရီက သူပုန်ရဲ့ ဗုံးပေါ့။ သူပုန်တွေမှာ တပ်ကလက်နက်တွေရှိပါတယ်။ ဥပမာ ဓာတ်ခဲမှာ တပ်ထဲကနေ ထွက်သွားတဲ့ ဗုံးတွေ၊ လက်နက်တွေအများကြီးပါ။ အချို့က တရုတ်နိုင်ငံကိုပြောနေချိန်မှာကပစထုတ်လက်နက်တွေဟာ တပ်ထဲကနေ ဓာတ်ခဲထံရောက်ခဲ့တာဟာ ပုံပြင်မဟုတ်ပါ။ ဒါကြောင့်သူပုန်ကလုပ်ရင် တပ်ရဲ့ဗုံးနဲ့သာလုပ်မှာပါ။ ဒါ့အပြင် သူပုန်ဟာ ဒီဗုံးကို နေပြည်တော်အထိ ခဲရာခဲစစ်သယ်လာပြီးမှ တိုင်းအဆင့် ရွေးကော်ဥက္ကဌအိမ်လောက်နဲ့ ဗုံးအဆုံးခံရင် အသုံးမကျတဲ့သူပုန် ဖြစ်သွားပါမယ်။ သူပုန်သမိုင်း ရိုင်းသွားပါမယ်။ ဥပမာ ဒီဗုံးကို အဘယဉ်တန်းကိုသာထိအောင် သူပုန်က ပစ်နိုင်ခဲ့ရင် ဒီသူပုန်ဟာ တိုင်းပြည်ရဲ့ သူရဲကောင်းတောင်ဖြစ်သွားနိုင်သူပါ။ ဒါကြောင့် ဒီသီအိုရီဟာ မမှန်ပါ။

နောက်ရခိုင်မှာ ရွာမီးရှို့ခံရတဲ့ ဗီဒီယိုကို ခေတ်သစ်က တင်ပါတယ်။ ဓာတ်ခဲဝါဒဖြန့်တဲ့ ဗီဒီယိုပါ။အဆိုပါဗီဒီယိုမှာ ရွာသားဆိုသူ ဓာတ်ခဲသတင်းပေးက တပ်ကရှို့ကြောင်းပြောပါတယ်။ ဒီအထိက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်သူကဆက်ပြီး စစ်သားတွေက သူတို့ဝတ်စုံတောင် မီးရှို့ပြီး ရွာထဲမှာထားသွားတယ် ထလုပ်ပါတယ်။ ဘယ်သူမှ သူတို့ကမီးရှို့ခဲ့ရင်တောင် မိမိကြိုးကွင်း မိမိစွပ်အောင် မထားသွားပါ။

ဒါဆို မင်းကဘာကို ဆိုလိုချင်တာလဲ? အချို့လူတွေက ညစ်ပါတယ်။ အထူးသဖြင့် လက်နက်အားကိုးကြီးလာသူများပေါ့။ ရွေးကော်အိမ်ကို ဘယ်သူပစ်လဲဆိုတော့ ယခင်တပ်ထွက် အမျိုးသားရေးအုပ်စုပါဘဲ။ ဒါကြောင့်သူတို့က တပ်ထဲကဗုံးကို မသုံးတာပါ။ အောင်ဝင်းခိုင် တပ်ကသေနတ်နဲ့ မလုပ်ကြံသလိုပေါ့။ အဆိုပါလူတွေကို ဘယ်သူကငွေကြေးထောက်ပံ့လဲဆိုတော့ အချို့ဘယ်ကငွေရနေမှန်းမသိတဲ့ပါတီအချို့ပါ။ ဒါတွေကို နိုင်ငံခြားက ရဲတပ်ဖွဲ့တစ်ခုကိုခေါ်ပြီး စုံစမ်းခိုင်းလိုက်ရင် မိပါတယ်။ ယခုလိုကိုဗစ်ဖြစ်ချိန်မှာ နေပြည်တော်မှာ ဖမ်းရပိုလွယ်ပါတယ်။ ဖမ်းချင်ရင်ပေါ့။ ဗုံးက လူသားဆန်လို့ မဖမ်းချင်ရင်တော့ တစ်မျိုးပါလို့ ပြောပါရစေ။


Photo credit: Irrawaddy

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page