top of page
Search

လူလား မူလား ဘဘလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 20, 2023
  • 1 min read

နေဝင်းအသုံးမကျလို့ တိုင်းပြည်ပျက်ခဲ့တာကို နေဝင်းဘောမတွေက မူကကောင်းတယ် အောက်ကလူတွေကမကောင်းတာဆိုပြီး ဖာခဲ့တာ အားလုံးမှတ်မိမှာပါ။ အချို့ကလဲ လူကသာအဓိကကျတယ်ဆိုပြီး စင်ကာပူက လီကွမ်းယူကို ဥပမာပေးပြောတာရှိသလို အချို့ကလဲ မူကအဓိကကျတယ်ဆိုတာကို အမေရိကန်စနစ်၊ အင်္ဂလိပ်စနစ်မှာ ထရမ့်တက်လဲ မူစနစ်ကထိန်းတယ်ဘာညာဆိုပြီး ပြောလေ့ရှိပါတယ်။

တိုင်းပြည်တွေကိုလေ့လာရင် လူတွေကစပြီး မူကိုချကြတာပါ။ အမေရိကန်မှာဆိုရင်လဲ အမေရိကန်ကိုလွတ်လပ်ရေးတည်ထောင်သူတွေက စုပေါင်းပြီး မူချကြတာပါ။   လီကွမ်းယူတောင် သူတစ်ယောက်ထဲလုပ်တာမဟုတ်ဘဲ သူနဲ့တွဲလုပ်သူရှိခဲ့ပါတယ်။ တရုတ်ပြည်ကလဲ ထို့အတူပါဘဲ။ ကွန်မြူနစ်စနစ်ပေမယ့် ယခင်ရှီမတိုင်ခင်အထိ စုပေါင်းခေါင်းဆောင်မှုပါ။ လူတွေကလဲ ပညာတတ်တွေပါ။

မအလက အာဏာသိမ်းပါတယ်။ ဒါကလူက မိမိရဲ့လောဘ၊ မောဟကြောင့်စတာပါ။ ပြည်သူကိုမလေးစားတာပေါ့။ နောက်မအလက မူချပါတယ်။ မူကလဲ အမှားပါ။  ထိုမူအပေါ်မူတည်ပြီး မိမိအမိန့်နာခံမယ့်လူတွေကို ထပ်ရွေးပါတယ်။ ထိုလူတွေက မူထပ်ချပါတယ်။ ထပ်မှားပါတယ်။ ဒါကြောင့် လူအမှားကနေ မူအမှားမွေးပြီး တိုင်းပြည်က စီးပွါးရေးကအစ အလုံးစုံပျက်သုဉ်းရေးကို သွားနေတာပါ။


မြင်သာအောင် ဥပမာနဲ့ ထပ်ပေးပါ့မယ်။ နိုင်ငံရေးကိုကြည့်ပါ။


မအလက ပြည်သူတင်တာကို လက်နက်အားကိုးနဲ့ အာဏာသိမ်းပါတယ်။ ပြည်သူက အာဏာဖီဆန်ပါတယ်။ သူက ပစ်ပါတယ်။ ပြည်သူက လက်နက်ကိုင်ပြီး ပြန်ပစ်ပါတယ်။ ဒါကြောင့်တိုင်းပြည်မငြိမ်ပါဘူး။ မအလက ထပ်ပစ်ပါတယ်။ ရွာမီးရှို့ပါတယ်။ ပြည်သူက အင်အားပိုကြီးလာပါတယ်။ ဒါက မအလက မိမိလောဘနဲ့ သမ္မတရူး ရူးတာကို ရွေးကောက်ပွဲကနေ အာဏာရအောင်မလုပ်ဘဲ လက်နက်အားကိုးရာကနေစလိုက်တာပါ။


စစ်ရေး

ယခင်က ရခိုင်မှာထိုးစစ်ဆင်ရင် အခြားနေရာတွေက စစ်မဖြစ်လို့ နောက်ကျောလုံပါတယ်။ ယခုက တပ်ပြင်ထွက်တာနဲ့ စစ်မြေပြင်ပါ။ ဒီနေရာမှာ မအလရဲ့ လူကစမှားပြီး မူဝါဒအမှားကြောင့် တစ်တိုင်းပြည်လုံးက ပြန်ချနေတာပါ။ ယခုမအလပြောင်းခဲ့တာ နမခမှာ တိုင်းမှူးတွေ မနည်းတော့ပါ။ လူတွေလဲ ပြောင်းခဲ့ပြီးပါပြီ။ ကရင်နီ(ကယား)နဲ့ ကရင်ပြည်နယ်မှာလဲ ထို့အတူပါဘဲ။ လူတွေသာပြောင်းသွားတယ် စစ်ရလာဒ်က ပြောင်းသွားပါသလား? မအလတပ်ရှုံးနေမြဲပါ။ မအလဘောမလော်ဘီများက ဘုရားကြီးပြီးရင် ဆော်မယ်ပြောနေပေမယ့် ယခုအချိန်အထိ မြင်နေကြားနေရတာက အဆော်ခံနေရတာပါ။ စစ်ရေးမှာဆိုရင် အောက်ခြေကလူတွေ နေရာအကုန်ပြောင်းတာတောင်မနိုင်လို့ ပြဿာနက တပ်ချုပ်ကြီးမအလ အသုံးမကျလို့ဆိုတာ ထင်ရှားနေပါပြီ။


စီးပွါးရေး

မအလအာဏာသိမ်းအပြီးမှာ သူကတရားမဝင်လို့ သူ့ထံရင်းနှီးမြုပ်နှံလိုသူတွေ မရှိခဲ့ပါ။ နောက်စစ်ပွဲတွေဖြစ်လို့ ခရီးသွားကလဲမဝင်သလို အထည်ချုပ်ကလဲ အဆင်မပြေပါ။ သယံဇာတရောင်းတာ ဓာတ်ငွေ့ရောင်းတာကသာ ဝင်ငွေကျန်ခဲ့ပါတယ်။ မအလက မူဝါဒချပါတယ်။ မိုးမြင့်ထွန်းက အကောင်အထည်ဖော်ရပါတယ်။ မရှိတဲ့ဒေါ်လာကို လက်နက်အတွက် ငွေချေဖို့လဲ ချန်ထားရပါသေးတယ်။ မူဝါဒကမှားနေလို့ ထိုအမှားကို အကောင်အထည်ဖော်လဲ အောင်မြင်စရာအကြောင်းမရှိပါ။


အခြားအရာတွေ ထည့်မရေးတော့ပါ။ ဒါတွေကိုကြည့်ရင် အားလုံးရဲ့ အစက မအလပါ။ မအလကြောင့် မူဝါဒမှား သူရွေးတဲ့လူက ထပ်မှားနဲ့ အမှားသံသရာလည်နေတာပါ။ ဒါကြောင့် လူလား မူလား ဘဘလားဆိုရင် ပြဿာနက ဘဘပါလို့ ပြောပါရစေ။ ယခုအချိန်မှာ အထဲက ဘရွှေအပါအဝင် ထိပ်ပိုင်းလူကြီးများမအလကို ဘယ်လိုဖြုတ်နိုင်မလဲ စဉ်းစားကြပါ။  မအလမပြုတ်သရွေ့ တိုင်းမှူးပေါင်းတစ်သောင်း မိုးမြင့်ထွန်းပေါင်းတစ်သောင်း ဖြုတ်ထုတ်လဲ တိုင်းပြည်ကအဆင်မပြေပါလို့ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

4 Comments


Angelina Thane
Angelina Thane
Sep 21, 2023

Be aware of something , Sayar .

Like

Maung Chit Khaing
Maung Chit Khaing
Sep 21, 2023

ကုန်သည်ကတဆင့် မီးခိုးကြွက်လျှောက်လိုက်တာက ဗိုလ်ချုပ် မိုးမြင့်ထွန်းကနေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှာ သွားဆုံးနေပါတယ်။ အောက်ကလူတွေကမကောင်းတာ

Like
Angelina Thane
Angelina Thane
Sep 21, 2023
Replying to

🙄😏

Like

Scarlet Scarlet
Scarlet Scarlet
Sep 20, 2023

ခုချိန်မှာ​တော့....

ဒီတိုင်းလဲ ​ကောင်းပါတယ်...

"ယာ လဲ ညက်​စေ...

ကြက်လဲ ​မော​စေ...."

ပြည်​တော်ဝင် ကြ ရင်...

​အေး​​ဆေး ဖြစ်သွားဘီ...

မအလ က...

သူ့လူ သူ ပြန်ရှင်း ​ပေးလို့..

​ကျေးဇူး​တောင် တင်ရမလို...

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page