top of page
Search

လှူရာတွင် သတိထားရမည့်အရာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 5, 2022
  • 1 min read


ယခင်က ပညာရှင်များဟာ မအလတပ်ကို မနိုင်နိုင်ကြောင်း လူအင်အား ငါးသိန်းနဲ့ နှစ် ၇၀တည်ဆောက်လာရကြောင်း ဘာညာ ပြောကြပါတယ်။ ယခုအချိန်မှာ သူတို့ရဲ့ စိုးရိမ်မှုကပြောင်းသွားတာ တွေ့ရပါတယ်။ အောက်မှာ ဥပမာအနေနဲ့ The Diplomat မှာ သတင်းထောက်တစ်ယောက် ရေးထားတာကို တင်ပြထားပါတယ်။ ဘာသာပြန်အကျဉ်းချုပ်က စစ်အစိုးရပြုတ်ကျခဲ့ရင်တောင် လက်နက်ကိုင်အဖွဲ့တွေကများလို့ NUG က အဆိုလက်နက်ကိုင်တွေကိုထိန်းနိုင်မှာလားဆိုပြီး မေးခွန်းထုတ်ထားတာပါ။ ထို့အတူ မနေ့က ဘီဘီစီအင်တာဗျူးမှာလဲမြန်မာပညာရှင်များက ဆီးရီးယားမှာလို လက်နက်ကိုင်တွေများရင် တော်လှန်ရေးအားနည်းပြီး အာဆတ်နိုင်သွားကြောင်း ပြောကြပါတယ်။

ဒီနေရာမှာ သူတို့ပြောတာတွေထဲက အချို့အရာတွေအတွက် NUG က ပြင်ပြီးသားလို့ စာရေးသူနားလည်ပါတယ်။ စာရေးသူတို့ မလှူခင် စဉ်းစားရမှာက ယခုမအလတပ်ကို ဖြုတ်ချဖို့လုပ်နေတာဟာ သူက အရပ်သားရွေးကောက်ခံအစိုးရအမိန့်ကို နားမထောင်လို့ အရပ်သားအောက်မှာ မရှိလို့ ဖြုတ်ချနေတာပါ။ စာရေးသူတို့ရဲ့ တပ်မတော်အသစ်ဟာ ရွေးကောက်ခံအစိုးရ NUG အမိန့်ကို နာခံဖို့ အထူးလိုအပ်ပါတယ်။ ယခုအချိန်မှာတောင် NUG အမိန့်ကို မနာခံရင် မအလလို အင်အားကြီးသွားရင် နာခံလိမ့်မယ်လို့ သင်ထင်ပါသလား? စာရေးသူတို့ဟာ လွတ်လပ်ရေးမရခင် ဝါဒတွေအပေါ် မူတည်ပြီး ကွဲပြားတဲ့ တပ်ကြီး ထပ်အဖြစ်ခံလို့မရပါ။ ဒါဆိုဆရာသာဆို ဘယ်လိုလှူမလဲ?

ကောင်းမွန်တဲ့ စစ်တပ်တစ်ခုဟာ စစ်စည်းကမ်းလိုက်နာရပြီး အရပ်သားရွေးကောက်ခံအစိုးရအမိန့်ကို နာခံရပါတယ်။ လက်ရှိရွေးကောက်ခံက NUG ပါ။ သူ့သမ္မတက တိုက်တာရပ်ဆိုရပ်တိုက်ဆိုတိုက်တဲ့ PDF ဖြစ်ဖို့လိုပါတယ်။ DASSK က ငြိမ်းချမ်းရေးဆိုချိန်မှာ ထတိုက် တိုက်ဆိုရင် အတိုက်တဲ့ အမိန့်မနာခံတဲ့ တပ်ဖြစ်လို့မရပါ။ ဒါဟာတိုင်းပြည်အတွက် အခြေခံအုတ်မြစ်ပါ။

အချို့ကပြောပါတယ်။ NUG က နှေးလို့ အားမရလို့ပါဆရာ ဒါ့ကြောင့် တိုက်ရိုက်အဖွဲ့လေးတွေကို လှူတာလို့ပြောပါတယ်။ အချို့အဖွဲ့လေးတွေက NUG ဩဇာမခံလို့ ကြေငြာပြီးသားပါ။ ပြည်သူ့ဩဇာမခံဘူးပေါ့။ ဒါဆိုရင် သူလဲ မအလလိုမိုလို့ မလှူတာကောင်းပါတယ်။ NUG ဟာ နိုင်ငံခြားတိုင်းပြည်တွေ ထောက်ပံ့မှုမရှိတဲ့ကြားက လုပ်နေရလို့ ကြာပါတယ်။ ပိုက်ဆံလဲလိုသလောက်မရသေးတာလဲ ပါပါတယ်။ ဒါပေမယ့် သူက စစ်သည်ကျင့်ဝတ်တွေ၊ အမိန့်ပေးစနစ် chain of command တွေနဲ့ စနစ်တကျ PDF တပ်မတော်တစ်ခုကို တည်ဆောက်နေပါတယ်။

စာရေးသူသာ လှူရမယ်ဆိုရင်တော့ မိမိလှူလိုတဲ့အဖွဲ့ကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကိုမေးပါ။ သူက သူ့လက်အောက်မှာဆိုမှ လှူပါ။ အချို့သူတွေက Facebook မှာ Page ထောင်လုပ်စားတာလဲ ရှိပါတယ်။ ဆရာ သူတို့က လက်နက်ဝယ်လာတာ ပြတယ်ဆရာဆိုရင်သေနတ်တစ်လက်က ဒီအလှူရှင်လဲ ပြသလို ဟိုအလှူရှင်လဲ ပြတတ်ပါတယ်။ အရေးကြီးတာက သူတို့ကို NUG ဩဇာခံလား သေချာမေးပြီး NUG က ထောက်ခံမှ လှူပါ။ စရဖဟာ ပျူမဟုတ်ဘဲ PDF လို အဖွဲ့တွေကို ထင်ယောင်ထင်မှားဖွဲ့ဖို့ တန်ပြန်ထောက်လှမ်းရေးတွေကိုနယ်စပ်ကို လွှတ်ထားပါတယ်။ ပါဂျောင်ကိစ္စလို ဖြစ်အောင်ပါ။ အချို့ဟာ ဘာတပ်/ညာတပ်ဆိုပြီး ပေါ်လာမှာဖြစ်ပြီး NUG ကို အမိန့်မနာခံရင် စာရေးသူတို့ အနာဂတ်မှာ ပြဿနာ တက်လာနိုင်ပါတယ်။ အင်မတန် အရေးကြီးပါတယ်။

ယခုအချိန်မှာ စိတ်ခံစားမှုအရ မအလတပ်ကို ဘယ်သူက မုန့်ဟင်းခါးကျွေးကျွေး ကောင်းတယ်လို့ ထင်စရာပါ။ ဒါပေမယ့် အစကောင်းမှ အနှောင်းသေချာဆိုသလို အရပ်သားရွေးကောက်ခံအစိုးရကို အမိန့်နာခံတဲ့ PDF ကို မွေးထုတ်ဖို့ NUG ကို လှူပါ NUG ကအသိအမှတ်ပြုတဲ့ ဒေသခံအဖွဲ့တွေကို လှူပါလို့ ပြောပါရစေ။ DASSK က ပစ်တာရပ်ဆိုချိန်မှာမရပ်တဲ့တပ်ဆိုရင် မအလတပ်မျိုး ပြန်ဖြစ်သွားမှာပါ။ အကျဉ်းချုပ်ရရင် တိုက်ရိုက်လှူလှူ၊NUG က တဆင့်လှူလှူ၊ မိမိလှူတဲ့အဖွဲ့ဟာ NUG အမိန့်နာခံတဲ့အဖွဲ့ ဖြစ်ပါစေ။ မိမိလက်နက်နဲ့ပြည်သူကို ဓားမြတိုက်၊ မုဒိမ်းကျင့်၊ အကြမ်းဖက်တဲ့ နောက်အဖွဲ့တစ်ခု မဖြစ်ပါစေနဲ့။


(မှတ်ချက်၊ ပုံတွင် The Diplomat က ရေးထားသော ဆောင်းပါးနှင့် မြေပြင်တွင် တကယ်လုပ်နေသော NUG ၏ စစ်ရေးထောက်ပို့မှ ရေးထားသော စာများကို ဖတ်ရှူနိုင်ရင် တွဲတင်လိုက်ပါသည်။)

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page