top of page
Search

လားရှိုး စစ်ဆေးရုံမှပြောသောစစ် (သို့) တပ်မတော်စစ်ဆေးဆရာဝန်က စစ်ရေးပစ်မှတ်လား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 3, 2024
  • 2 min read

လားရှိုး စစ်ဆေးရုံမှပြောသောစစ် (သို့) တပ်မတော်စစ်ဆေးဆရာဝန်က စစ်ရေးပစ်မှတ်လား

ယခုအချိန်က စစ်ဖြစ်နေတယ်ဆိုတာ လူမှန်ရင်သိမှာပါ။ စစ်ဖြစ်ရင် လူသေပါတယ်။ ယခုအမေရိကန်ရဲ့ တပည့်အရင်း အစ္စရေးနဲ့ ဟားမတ်က ၂၀၂၃ နိုဝင်ဘာထဲက စစ်ဖြစ်ရာမှာ အစ္စရေး ၁၂၀၀ ကျော်သေပြီး ပါလက်စတိုင်း ၃၅၀၀၀ ကျော်သေပါတယ်။

အမေရိကန်ဦးဆောင်တဲ့ ဆဒမ်ဟူစိန်ကိုဖြုတ်ခဲ့တဲ့ အီရတ်မှာ လူပေါင်း နှစ်သိန်းကျော်က စစ်လက်နက်ကြောင့် တိုက်ရိုက်သေခဲ့ပြီး သုံးသိန်းကျော်က စစ်နဲ့ဆက်စပ်တဲ့ ပစ်မှတ်တွေကိုတိုက်ရာမှာ သေခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မှာလဲ လူသေခဲ့ပါတယ်။ လူမသေတဲ့စစ်မရှိပါ။

ဒါကြောင့် အမေစုက စစ်ကိုရှောင်လိုလို့ ငြိမ်းချမ်းရေးနည်းကို ရွေးခဲ့တာပါ။ မအလက အကြမ်းဖက်နည်းနဲ့ ၂၀၀၈ ခြေဥကို မလိုက်နာဘဲ အာဏာသိမ်းခဲ့လို့ ဒီစစ်ဖြစ်ခဲ့တာ ဘယ်တော့မှ မမေ့ပါနဲ့။

မအလဟာ အာဏာသိမ်းအပြီးမှာ NUG အောက်က အရပ်ဘက်ဆေးရုံတွေကို ဗုံးကြဲတာ၊ လူစုရာနေရာတွေကို ဗုံးကြဲတာ အားလုံးသိမှာပါ။ ဒါတင်မကသေးဘဲ AA သိမ်းထားတဲ့ ဆေးရုံတွေ၊ ကိုးကန့်ဆေးရုံတွေ၊ ကရင်နီကဆေးရုံတွေ၊ KIA အောက်က ဆေးရုံတွေကို ဗုံးကြဲတာက မအလတပ်က တမင်လုပ်ခဲ့တာပါ။ AA ဆိုရင် ခင်ဗျားတို့တပ်သားတွေ ဆေးရုံတက်နေလို့ ဗုံးကြဲတာဆိုပြီးတောင် မအလတပ်က ဗြောင်ပြောခဲ့ပါသေးတယ်။ ဘူးလက်ဘာပြောလဲ အားလုံးသိမှာပါ။

ဒီနေရာမှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးက သူနဲ့ အကြမ်းဖက်သမားကို ဘာကွာလဲဆိုတာ ဥပမာနဲ့ ပြောလေ့ရှိပါတယ်။ သူပေးတဲ့ ဥပမာက သူတို့က အရပ်သား သေစေလိုတဲ့ ဆန္ဒနဲ့မဟုတ်ဘဲ အရပ်သားက မတော်တဆ သေတာပါဆိုပြီး ပြောပါတယ်။ အကြမ်းဖက်သမားတွေက အရပ်သားကို တမင်သေစေလိုတဲ့ ဆန္ဒနဲ့ အရပ်သားလူစုရာနေရာကို ပစ်ခတ်သတ်ဖြတ်တယ်ဆိုပြီး ဥပမာပေးပါတယ်။ ၉/၁၁ လို တိုက်တာမျိုးက အကြမ်းဖက်မှုလို့ သတ်မှတ်ပါတယ်။ မအလက ဆေးရုံတွေကို ဆေးရုံမှန်းသိလျက် အရပ်သားပစ်မှတ်မှန်းသိလျှက်နဲ့ ပစ်ခတ်ခဲ့တာပါ။ ဒါကြောင့် မအလတပ်ရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုတင်မဟုတ်ဘဲ အကြမ်းဖက်မှုပါ။

မအလဟာ လားရှိုးက စစ်ဆေးရုံမှာ ခံစစ်ပြင်ခဲ့ပါတယ်။ စစ်ဆေးရုံက စစ်ဌာနချုပ်အနားက ဗျူဟာအရ အရေးပါတဲ့နေရာပါ။ ဒါကြောင့် လာရှိုးစစ်ဆေးရုံက မအလက ခံစစ်ပြင်လို့ စစ်ရေးပစ်မှတ်ပါ။ သူက အရပ်သားဆေးရုံ မဟုတ်ပါဘူး။ စစ်ဆရာဝန်တွေ၊ စစ်ဆေးတပ်သားတွေ၊ သူနာပြုတွေကို သေနတ်ကိုင်ခိုင်းပြီး စစ်သားအနေနဲ့ မအလတပ်က တိုက်ခိုင်းလို့ သူတို့ဟာ စစ်ရေးပစ်မှတ်တွေပါ။ နောက် စစ်ဆေးရုံမှာ ဒဏ်ရာရ စစ်သားတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ပြည်သူတွေကို နှိပ်စက်တဲ့ စရဖတွေ၊ ပျူစောထီးတွေ၊ စစ်သားမိသားစုတွေသာ ၉၉% တက်ပါတယ်။ မအလတပ်ဟာ တက္ကသိုလ်မှာ တပ်စွဲတာ၊ ဘုန်းကြီးကျောင်းမှာတပ်စွဲတာ၊ စာသင်ကျောင်းမှာ တပ်စွဲတာတွေ လုပ်ခဲ့ပြီးပါပြီ။ လားရှိုးစစ်ဆေးရုံက စစ်ရေးပစ်မှတ်မဟုတ်ရင် ဘာပစ်မှတ်ပါလဲ? သူက အဆိုပါအဆောက်အအုံထဲက ပစ်နေရင် မပစ်ဘဲ ကန်တော့ရမှာပါလား? ဒါကြောင့် လားရှိုးစစ်ဆေးရုံကို လားရှိုး ရမခတိုင်းမှူး၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးနဲ့ မအလတို့က ခံစစ်အတွက်သုံးခဲ့လို့ ဖြစ်သမျှသူတို့မှာ တာဝန်ရှိပါတယ်။

ဒါဆို လားရှိုးစစ်ဆေးရုံမှာ ဘာတွေဖြစ်ခဲ့လဲ? စာရေးသူဟာ MNDAA ရဲ့ လော်ဘီမဟုတ်ပါ။ ဒါကြောင့် သူမှားရင်လဲ မှားတယ်ပြောမှာပါ။  စစ်ဆေးရုံကျအပြီးမှာ မအလလော်ဘီ ရာပြည့်ပိုင် တစ်ပူး၊ people media ဘောစိုးဦး၊ NP News က ကျောင်မျိုးမင်း၊ စစ်တပ်ပိုင် ပေါ်ပြူလာနယူးတို့က MNDAA က သတ်တယ်ဆိုပြီး လော်ကြပါတယ်။ သူတို့တွေပြောတာကို စာဖတ်သူတို့ယုံရင် ဒီစာကို ဆက်မဖတ်ပါနဲ့။ ဒီလူတွေက NLD အစိုးရကို အပုတ်ချခဲ့သူများ မအလဘောမခဲ့သူများဆိုတာ စာရေးသူ ၂၀၁၈ စ လော်ဘီလုပ်ကထဲက ရေးခဲ့ပြီးသားပါ။ တစ်ပူးက ဝေဖြိုးဆို ဘိန်းမှုနဲ့ စရဖက အဝေမတည့်လို့ ဆွဲစိလိုက်ပါပြီ။ သူဘိန်းလုပ်တာကို ယခင်က ကွီးဖြိုးကို ဝေဖန်လို့ စရဖက လွှတ်ထားပေးခဲ့တာပါ။

ဒီမိုဆိုသူထဲက ယခင်ကမင်းသမီး ဂျပန်က ဟန်နီထွန်းဆိုသူက သူစောင့်ရှောက်ထားတဲ့ လူနာသေပြီ ဒါကြောင့် ဒါက MNDAA ကာသတ်တာဆိုပြီး လော်ပါတယ်။ သူက သူပြောတာမဟုတ်ကြောင့် အဆိုပါလူနှစ်ယောက် ရှင်နေတာကို ပြရမယ်ဆိုပြီး ပြောပါတယ်။ ဟန်နီထွန်းဟာ အခင်းဖြစ်နေရာမှာ ရှိမနေပါ။ သူမက သူစောင့်ရှောက်ထားသူပုံကို မတင်ပြထားပါ။ အဆိုပါလူက အမှန်တကယ်သေခဲ့ရင်တောင် MNDAA သတ်တယ်လို့ပြောဖို့ ဟန်နီထွန်းမှာ အထောက်အထားလိုပါတယ်။ သူမက သေသွားတာကို အထောက်အထားနဲ့ ပြရပါမယ်။ စစ်ဆေးဆရာဝန်တွေ၊စစ်သူနာပြုအချို့ဟာ လူနာတွေကို တစားခံလုပ်ပြီး MNDAA ကို ပြန်ပစ်ခဲ့ပါတယ်။ အဆိုပါနေရာကနေ လက်နက်ကြီး အထိုင်ချပါတယ်။ ဒရုံးပစ်စက်ရှိပါတယ်။ အဆိုပါ လက်နက်ကြီးနေရာကို မပစ်ရင် MNDAA က ကန်တော့ရုံသာရှိပါတယ်။ မအလက စစ်ဆေးရုံမှာ လက်နက်ကြီးအထိုင်ချရင် anti drone ချရင် ပစ်ခတ်ရှင်းလင်းရမှာပါ။ အဆိုပါစစ်ဆေးရုံမှာ တက်နေသူက မတော်တဆထိပြီးသေတာ ရှိနိုင်ပါတယ်။ အမေရိကန်တပ်တောင် အရပ်သားသေပါတယ်။ ဒီနေရာမှာ မအလတပ်လို အကြမ်းဖက်သမား ဘင်လာဒင်တို့လို အရပ်သားပြည်သူကို အများကြီးသေစေလိုတဲ့ ဆန္ဒနဲ့ ပစ်ခတ်တာ မဟုတ်ပါ။ MNDAA က မအလတပ်ရဲ့ တရားဝင် စစ်ရေးပစ်မှတ်ကို တိုက်ခိုက်ရင်း တကယ်လို့ ဟန်နီထွန်းပြောတာက အမှန်ဆိုရင်တောင် ဘေးထွက်ဆိုးကျိုးအနေနဲ့ ထိခိုက်တာ(collateral damage) ပါ။ ဒါနဲ့ ဟန်နီထွန်းလူတွေက စစ်တပ်ကဖွင့်ထားတဲ့ဆေးရုံမှာ ဘာသွားလုပ်နေတာဘာလဲ? ဘောမ ဖွတ် မဟုတ်ခဲ့ရင်ပေါ့။ ပြည်သူက မအလတပ်ကို သပိတ်မှောက်တယ်ဆိုတာ မိမိအသက်သေလဲ သူပေးတာမယူ ကျွေးတာမစားဘဲ သူဆေးကုတာမခံဘဲ အသေခံသပိတ်မှောက်ရပါတယ်။

စာရေးသူဟာ MNDAA၊ BPLA နဲ့ NUG ဘာမှ မဆိုင်လို့ ဒီကိစ္စကို လစ်လျူရှူလိုက်လို့ရပါတယ်။ BPLA က စာရေးသူကြိုက်သူမဟုတ်ပါ။ သူက ရမခမကျချိန် နာမည်ရလိုပြီး ကျတယ်ပြောခဲ့သူပါ။ ဒါပေမယ့် မတူတာကို စစ်လော်ဘီနဲ့ ဟန်နီထွန်းကပြောနေလို့ မနေနိုင်လို့ ဝင်ရေးတာပါ။ MNDAA က သူ့တပ်သားတွေ ပြစ်မှုကျူးလွန်တာရှိရင် အရေးယူမှာပါ။ BPLA ကလဲ MNDAA အောက်မိုလို့ လိုအပ်ရင် အရေးယူမှာပါ။ ဒီနေရာမှာ ခွေးကို မတော်တဆ ကားနဲ့ တိုက်မိတာနဲ့ ခွေးကို တမင်တိုက်သတ်တာ အမှုမတူပါ။ ခွေးသေတာက တူပါတယ်။ လားရှိုးစစ်ဆေးရုံကခွေးတွေ သေခဲ့ရင်တောင် မတော်တဆ တိုက်မိတာပါ။ အချို့ပြည်သူတွေကလဲ စစ်ဖြစ်လို့ ဒုက္ခရောက်တာကို တင်ပြတာ ကောင်းပါတယ်။ ဒါပေမယ့် မြန်မာပြည်က စစ်ဖြစ်နေတာပါ။ စစ်မဖြစ်လဲ ဧရာဝတီမှာ ငတ်လို့ စသေနေပါပြီ။ အားလုံး အာရုံထားရမှာက စစ်အမြန်ပြီးဖို့သာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Kommentare


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page