လေယဉ်ပျံတွေတက်နေတာက စစ်ကူတွေက ကုန်းကြောင်းက ပို့မရလို့ လေကြောင်းက စပို့နေရပြီ။ ချင်းပြည်ဆိုရင် ကုန်းလမ်းက ထောက်ပို့အတွက် လုံးဝသုံးမရသလောက် စဖြစ်လာနေပြီ။ ဘာလို့လဲဆိုတော့ စစ်ကိုင်းကဗမာတွေက ပိတ်တိုက်နေလို့။ အထက်ချင်းကလဲ လက်သံပြောင်တယ်။ ပူတာအိုမှာ ဝင်တိုက်ပြတာက စစ်ရေးအရ ဘာမှမကြီးကျယ်လို့ထင်ရပေမယ့် နိုင်ငံရေးအရ ပူတာအိုက မအလကို စောက်ခွက်ဖြတ်ရိုက်လိုက်တာ။ ဒါမှ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရေးအစစ်။ နောက်ပိုင်းလေယဉ်ပြေးလမ်းတွေပါ အတိုက်ခံရလာရင်တော့ မလွယ်ဘူး။ နောက်မှ အသေးစိတ်ရေးပြမယ်။ အနောက်မြောက်တိုင်းမှာတော့ ယခင်ကရေးခဲ့သလိုဘဲ သူတို့ တပ်လိုက်ရှုံးလို့ အပြောင်းအလဲတွေ လုပ်နေပြီ။
Myat Tun Oo
ဦးမြတ်!!! ဝေဟင်က လေယာဥ်သည်လျှင်ပင် မြေပြင်မှာလို အပြောင်းအလဲ တွေနဲ့ ကြုံရဦးပါလိမ့်မယ်။ ဘယ်အရာမှ မမြဲဘူး လို့ ဆုံးမထားပါလျက်၊ မြဲချင် ခိုင်ချင်နေတော့လည်း အခက်သားပါ။
ရည်ရွယ်ရာ ပန်းတိုင်ရောက်ဖို့ လမ်း ဆိုတာလိုပါသည်။ လမ်း ပျောက်ရင်တော့
ခရီးမရောက် ဆက်လျောက်မရတော့ပါ။
လမ်းညွှန်ချက်(Guide Line)က ဖော်ပြထားပြီမို့?????
မြေပြင်အနေအထားကလည်း ခြောက်ခြားစရာအဖြစ် တစနှင့်တစ ကြုံလာရပါပြီ။
ဘယ်ဘယ်ဆီက လာမှန်းမသိ
သိတဲ့အချိန်မှာတော့
ဗုန်း ဘုန်းဆိုတာနဲ့
ဘိုင်းဘိုင်း လဲ
ကားကနဲ ကျ
တိတိရိရိ ပြတ်
စီးနင်းတဲ့ ကားတချို့က ဂျမ်ပြွန်း
ဒါဏ်ရာအပွန်းအပဲ့ဆိုတာ
အသေးစား
ဆင်းရဲအစုံ ဇာတ်လမ်းတွေက
နေ့စဥ် ရက်ဆက် မပျက်မကွက်
ဖြစ်လျက်ပါ။
သည်ကနေ့ ချင်းပြည်နယ် သတင်းကွန်ယက် ဖေ ာ်ပြချက်အရ တပ်သို့ သွယ်တန်းထားသော ရေပိုက်လိုင်းအား
ဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း ဖော်ပြထားပါသည်။ ချင်းမှာက ရေသန့်ဗူး ရိှရင်တောင် ဝယ်လို့ လွယ်ပါ့မလား?
ရေအသက် တမနက် ဆိုထားလေတော့
ပိုက်ရေမီှခိုနေရတဲ့ သူတွေအတွက် သောက် သုံး ရေ အခက် ရက်ပိုင်းကြုံရမှာပါ။ ရေအချိန်မီ ရရိှရေးအတွက် အင်အားစုတွေထဲက ခွဲဝေ မျှ ရပါတော့မည်။
ရှင် နည်း(နဲ)ရသည့်အထဲ
အဂ္ဂ က လူထွက်တော့
ကျောင်းထိုင် အုန်း စားရတာပေါ့။
ပြည်မထဲမှာလည်း ပိုက်အလာကို စောင့်မျှော် သုံးရသူတွေများပြားလှပါသည်။
သူတို့လည်း ရေအတွက် အခက်တွေ့မှာတော့ ကြောက်ကြမှာပေါ့။ရေငတ်လျှင်
*ငတ်မရှက်* ဆိုသောစကား မိုးခေါင်ရေရှား ဒေသမှာ နေထိုင်ဖူးသူအပေါင်းကတော့ ကောင်းကောင်းကြီး သိကြပါသည်။
ရေကလည်း ကားနဲ့ သယ်လျှင်သာ အဆင်ပြေနိုင်ပါသည်။
ရေငတ်ခြင်း ဘေး ကင်းဝေးကြပါစေ။