top of page
Search

လေယဉ်ကွင်းမှသည် ဆေးကျောင်းအထိ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 27, 2020
  • 1 min read

NLD အစိုးရတက်ချိန်မှာ အစွန်းရောက် တိုင်းရင်းသားပါတီအချို့က သူတို့နယ်တွေမှာ မတိုးတက်ဘူးဘာညာပြောလေ့ရှိပါတယ်။ စာရေးသူတို့က တိုးတက်တယ်လို့ ပြန်ပြောလဲ ယုံသူ မယုံသူရှိပါမယ်။ ဟိုခီလင်မယားက သူ့ထမင်းသူစားပြီး ချင်း၊ ရှမ်း၊ ကယား၊ ကရင်၊ မကွေး၊ ကချင်တွေကို ရိုက်ပြတဲ့အချိန်မှာ မရောက်ဖူးတဲ့ ပြည်သူများရော အဆိုပါပြည်နယ်က မရောက်ဖူးသေးတဲ့ တိုင်းရင်းသားအချို့ကပါမျက်ဝါးထင်ထင် တိုးတက်မှုတွေကို မြင်လိုက်ရပါတယ်။



ဒီနေ့ မင်္ဂလာရှိတဲ့အရာအချို့ကို တွေ့လိုက်ရပါတယ်။ ပထမဆုံးက ချင်းပြည်နယ်က လေဆိပ်ကြီးပါ။NLD အစိုးရလက်ထက်မှာ အရှိန်အဟုန်နဲ့ ဖွင့်ဖြိုးတိုးတက်လာတာက ချင်းနဲ့ ကယားပြည်နယ်ပါ။ချင်းပြည်နယ်ရဲ့ ပထမဆုံးဆူရန်ဘုန်လေဆိပ်ကို NLD အစိုးရက ငွေကျပ် ၃၅ ဘီလီယံကျော် အကုန်ခံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒါကတော့ ချင်းပြည်နယ် ဖလမ်းမြို့နားမှာပါ။ အဘတို့ရဲ့တည်ဆောက်ပြုပြင် မြန်ပြည်တစ်ခွင်ဆိုတာ NLD အိပ်လုပ်သလောက်ပါ။


ထို့အတူပါဘဲ ရန်ကုန်ဆေးတက္ကသိုလ် (၁)က ရောဂါဗေဒ ပါမောက္ခ ဆရာမကြီးတစ်ဦးက သူမတစ်သက်လုံးအိပ်မက် မက်ခဲ့တဲ့ ဆေးကျောင်းသားတွေကို စာသင်ရာမှာ အသုံးဝင်တဲ့ ရောဂါဗေဒပြတိုက်ကို ဆောက်လုပ်နိုင်ခဲ့လို့ ပုံနဲ့တကွ ဂုဏ်ယူစွာနဲ့ ရေးထားတာကိုလဲ ဖတ်လိုက်ရပါတယ်။


ဟာဒါဆို အဘသားနဲ့ ဖွတ်တွေက ငါတို့အဘ ပလန် plan စွဲခဲ့တာ စီမံချက်ရေးခဲ့တာလို့ ပဏာယူပြီး ဝင်ပြောနိုင်ပါတယ်။ စီမံချက်ကတော့ စိတ်ကူးရှိရင် လကမ္ဘာတောင် သွားလို့ရပါတယ်။ Toyota ကားအကောင်းစားကြီးလဲ ဝယ်စီးလို့ရပါတယ်။ အရေးကြီးတာက ဝင်ငွေရှိဖို့နဲ့ ဘတ်ဂျက်ချပေးဖို့၊ မခိုးအောင် ကြီးကြပ်ဖို့ပါ။ ဒါတွေကို NLD အစိုးရက လုပ်ပေးနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်လို့ ပြောပါရစေ။


Photo credit: Myanmar President Office, Myint Myint Nyein

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Albert Wint
Albert Wint
Oct 27, 2020

ကျေးဇူးတင်ပါတယ် ခီ မောင်နှံရေ ဆရာမြတ် စာဝါကျတကြောင်းခြင်းထိရောက်ပါ၍ကျေးဇူးပါဗျို့

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page