top of page
Search
  • Writer's pictureMyat Tun Oo

လူမျိုးရေးမုန်းတီးမှုဖြစ်အောင် ဘယ်သူတွေက လုပ်နေလဲ?


ဒီခေါင်းစဉ်ကိုရေးရင် အများစုက မဘသကို ပြေးမြင်ကြပါတယ်။ ဒီနေရာမှာ စာရေးသူက လူတွေသိပြီးသား မဘသကိုမဟုတ်ဘဲ သတင်းသမားနဲ့ အခြားအရာများကို အာရုံစိုက်ရေးလိုပါတယ်။

ဥပမာအနေနဲ့ ရက်ပိုင်းက DVB ကတင်လိုက်တဲ့သတင်းမှာ “ဆန်များကို ပိုးမွှားကင်းစင်ကြောင်းထောက်ခံချက်မပါသဖြင့် မြန်မာ့ဆန်များကို တရုတ်လက်မခံလို့” ဆိုပြီးရေးတင်ပါတယ်။ အဲ့ဒီသတင်းခေါင်းစဉ်က ဘာမှားသလဲ? ပုံမှန်ကြည့်ရင် ဘာမှ မမှားပါ။ ဒါပေမယ့် ဦးနှောက်နဲ့ စဉ်းစားရင်သူက တရုတ်ဆန့်ကျင်ရေးကို ဆေးထိုးထားတာ တွေ့ရပါမယ်။ ဒါကိုနောက်တမျိုး ပြန်စဉ်းစားရအောင်။ အဆိုပါ ပိုးမွှားကင်းစင်ကြောင်း လက်မှတ်မပါတဲ့ဆန်ကို DVB ကို အဓိကငွေကြေးထောက်ပံ့တဲ့ နော်ဝေးကို ပို့ရင်လက်ခံမလား? ယူကေကိုပို့ရင် လက်ခံမလား? အီးယူကိုပို့ရင် လက်ခံမလား? အမေရိကန်ကိုပို့ရင် လက်ခံမလား? မေးစရာမေးခွန်းတွေရှိလာပါတယ်။ သူတို့လဲ လက်ခံမှာမဟုတ်ပါ။ ဒါပေမယ့် ပြည်သူကို တရုတ်နဲ့ ရန်တိုက်ပေးလိုက်တာပါ။

နောက် FMI ထဲမှာ နေသူအချင်းချင်း ပြဿနာတက်တယ်။ ဒါပေမယ့် တရုတ်နိုင်ငံသား ဘာညာဆိုပြီးသတင်းဌာနတွေက ဖွကြပါတယ်။ ယခုမြန်မာပြည်မှာ ဝန်ကြီးချုပ်ကိုတောင် ပြဿနာပေးခဲ့တဲ့ ကနေဒါနိုင်ငံသား ဒေးဗစ်လားနဲ့ မန္တလေးက အမေရိကန်နိုင်ငံသား နံပတ်လေး လူနာကိုတော့ BBC၊ VOA၊ RFA၊DVB တို့က FMI က တရုတ်နိုင်ငံသားဖြစ်တဲ့ ကိစ္စလို မဖွကြပါဘူး။

ဟိုအမေရိကန်နိုင်ငံသားကိုဆို အမေရိကန်သံရုံးက ဟိုဟာလုပ်ပေးပါ ဒီဟာလုပ်ပေးပါနဲ့ အာချောင်ခဲ့ပါသေးတယ်။ တရုတ်သံရုံးကတောင် သူ့နိုင်ငံသားကို ဖမ်းပြီးပြန်ပို့တာ လက်ခံခဲ့ပါသေးတယ်။

သူတို့ဟာ မြန်မာပြည်ရဲ့ လူဝန်မှုကြီးကြပ်ရေးဥပဒေကို အဆိုပါ တရုတ်နိုင်ငံသားတွေလို ဖောက်ဖျက်ခဲ့ကြပါတယ်။ မြန်မာဘုန်းကြီးတွေဟာ ကနေဒါ၊ အမေရိကန်နဲ့ ယူကေသွားရင် သူတို့နဲ့ သက်ဆိုင်တဲ့ ဗီဇာကို ယူရပါတယ်။

မနေ့ကဘဲ အမေရိကန်က မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ရုရှားတို့ကို ဘာသာရေးလွတ်လပ်မှုမရှိတဲ့ နိုင်ငံအဖြစ် ကြေညာချက်ထုတ်ပါတယ်။ ရင်နာတာက အမေရိကန်က အစိုးရအဖွဲ့ သမ္မတ၊ ဒုသမ္မတနဲ့လွှတ်တော်ဥက္ကဌတွေမှာ ဘာသာခြားတစ်ယောက်မှ မရှိတဲ့ တိုင်းပြည်က မြန်မာပြည်လို ထိပ်တန်းရာထူးတွေကို အခြားဘာသာဝင်တွေပါ ပေးထားတဲ့တိုင်းပြည်ကို လာပြောလို့ပါ။

ယခုကိုဗစ်မှာ အီးယူက ၅ သန်း၊ အမေရိကန်က ၄ သန်းနီးပါး ကူတယ်လို့ဆိုပါတယ်။ ကမ္ဘာ့ဘဏ်ကသန်း ၅၀ ပေးပါ့မယ်။ ဒါပေမယ့် အနောက်နိုင်ငံက ဆေးပညာရှင်များ ကျွမ်းကျင်သူများဟာ မြန်မာပြည်ကို လာမကယ်နိူင်ပါဘူး။ အချို့အရာက ငွေနဲ့ဝယ်လို့မရတာလဲ ရှိပါတယ်။ လက်ရှိအစိုးရအနေနဲ့တရုတ်အစိုးရထံက မန္တလေးမှာ ပိုးစစ်တဲ့ ဓာတ်ခွဲခန်းဖွင့်ဖို့ အကူအညီတောင်းပြီးလုပ်ရပါတယ်။ ဟာအမေရိကန်က မကူနိုင်ဘူးလားဆိုတော့ သူကနယူးယောက်မှာ လောလောဆယ်တိုင်ပတ်နေပါတယ်။မအားသေးပါ။ မြန်မာပြည်က ကိုဗစ်အကူအညီက ယခုချက်ခြင်းလိုနေတာပါ။ နောက်သူတို့ရဲ့အကူအညီတွေဟာ ဘင်္ဂါလီကို နိုင်ငံသားပေး မပေးနဲ့ ဆက်စပ်ထားပါတယ်။ အီးယူကပေးထားတဲ့အထည်ချုပ်အခွန်ကင်းလွတ်ခွင့်ဟာ နှစ်စဉ်ပြန်သုံးသပ်တာခံရပြီး သူ့အခေါ်လူ့အခွင့်အရေးချိုးဖောက်ရင် ဒဲ့ပြောရရင် ဘင်္ဂါလီကို အချိန်တစ်ခုမှာ နိုင်ငံသား မပေးရင် ခြိမ်းခြောက်ပြီး ပြန်ရုတ်သိမ်းသွားမှာပါ။

ဒီအသံလွှင့်ဌာနတွေရဲ့အလုပ်က ပြည်သူကို တရုတ်မုန်းအောင်တိုက်ပေးထားပြီး အစိုးရကို တရုတ်အကူအညီယူရခက်အောင်လုပ် တဖက်ကလဲ သူတို့နိုင်ငံတွေက ဘင်္ဂါလီကိုဘာလုပ်ပေးမှ ငါတို့လာကူမယ်ဆိုပြီး အစိုးရကို အကျပ်ကိုင်ဆိုတဲ့ နည်းပါ။ တနည်းအားဖြင့် အမုန်းစကားကို တရားဝင်သတင်းဌာနကနေ ပြောတာပေါ့။

ပြည်သူတွေအနေနဲ့က ဘယ်နိုင်ငံကမှ သူတို့အကျိုးစီးပွါးမရှိဘဲ ချစ်လို့ လာမကူပါ။ အဘတို့လိုအားလုံးကို မုန်းနေလဲ တိုင်းပြည်အတွက် အကျိုးမရှိပါ။ လက်ရှိ DASSK အစိုးရရဲ့ ပေါ်လစီအတိုင်းအားလုံးနဲ့ တတ်နိုင်သမျှ တည့်အောင်နေ မိမိအကျိုးစီးပွါးကိုကာကွယ် လုပ်စရာရှိတာ လုပ်တာဟာအကောင်းဆုံးပါ။ သတင်းများကို နားထောင်ပါ။ ဒါပေမယ့် အမုန်းမပွါးပါစေနဲ့။ အနောက်နိုင်ငံဟာလဲဒီမိုစနစ်အတွက်လိုအပ်သလို တရုတ်ဟာလဲ ရေတိုစီးပွါးရေးတည်ငြိမ်ဖို့ ရေရှည်တိုင်းပြည်အေးချမ်းဖို့လိုအပ်မှာပါ။ ရုရှားနောက်ဩဇာခံတဲ့ ဘူလာရပ်စ် Belarus ဟာ မဖွံ့ဖြိုးသလို ရုရှားကို ဆန့်ကျင်ပြီး အမေရိကန်ကိုအားကိုးခဲ့တဲ့ ဂျော်ဂျီယာ Georgia နဲ့ Ukraine ယူကရိန်းဟာလဲ မတိုးတက်ခဲ့ပါ။ ဘုရားဟောတဲ့ အလယ်အလပ်လမ်းစဉ်ဟာ အကောင်းဆုံးဖြစ်ပြီး အဲ့ဒါကို ကျင့်သုံးနေတာက DASSK အစိုးရပါ။ဘယ်သူ့ကိုမှ အမုန်းမပွါးကြပါနဲ့။

News Source: DVB, USCIRF

1,795 views0 comments

Recent Posts

See All

ငြင်းမရတဲ့အချက်

အားလုံးငြင်းမရတာက ကချင်မှာ KIA နဲ့ NUG PDF အတွဲညီညီပေါင်းတိုက်တယ်ဆိုတာနဲ့ တပ်မမှူးအဆင့် စသေနေတယ်ဆိုတာပါ။ မြောက်ပိုင်းတုန်းက ဘောမနဲ့ တတိယအုပ်စု ငြင်းခဲ့ပေမယ့် ယခုက ငြင်းမရတော့ပါ။

Comments


bottom of page