top of page
Search
  • Writer's pictureMyat Tun Oo
လူမှန်နေရာမှန် လူမှန်နေရာမှန်
လူမှန်နေရာမှန်
Unicode version
လူမှန်နေရာမှန်
ဒီမိုအစိုးရတက်လာကထဲကစီးပွားရေးမကောင်းသူသူခိုးများ၊ဖွတ်များ၊ခရိုနီများရှိခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူတို့ဟာဒီမိုအစိုးရကိုပါးပါးတစ်မျိုးဒဲ့တစ်မျိုးနဲ့ဒေါ်အောင်ဆန်းစုကြည်ကလူမှန်နေရာမှန်မခန့်တတ်သလိုလိုတစ်ကွင်းလုံးဘဲပတ်ကန်နေသလိုအင်တာဗျူးမှာပြောပြီးပုတ်ခတ်လေ့ရှိပါတယ်။အစကဒေါက်ခိုင်ကဝေဖန်ပြီးယခုကသူမရဲ့ယောကျင်္ားပါပါလာပါတယ်။သူမယောကျင်္ားကနေဝင်းပေါ်လစီကောင်းပြီးလူမကောင်းသလိုလဲပြောပါတယ်။နေဝင်းဟာပေါ်လစီရောလူရောမကောင်းတာပါ။ပေါ်လစီသာကောင်းခဲ့ရင်လူကိုပြင်နိုင်ရမှာပါ။ဒါကြောင့်နေဝင်းဟာသူလဲခို
းပေါ်လစီလဲမကောင်းလို့တိုင်းပြည်ဆင်းရဲသွားခဲ့တာပါ။သူကအဖေကိုလှမ်းဖားလိုက်တာပါ။
ယခုဒီမိုအစိုးရတက်လာပါတယ်။DASSK ခန့်သူများကိုအကြမ်းဖျင်းလေ့လာကြည့်ပါ။ရန်ကုန်မှာကွီးဖြိုးဟာယခင်နေဝင်းလက်ထက်ကနေဘစိန်လက်ထက်ဝကခတွေတိုင်းမှူးတွေထက်ရန်ကုန်ကိုသာအောင်လုပ်နိုင်တယ်ဆိုတာငြင်းမရတဲ့အချက်ပါ။ဒီYBS လုပ်တာလေးများဆိုရင်၁၉၆၂မှ၂၀၁၆မတိုင်ခင်အထိ၅၄နှစ်အတွင်းYBS လိုစနစ်တောင်မလုပ်တတ်ခဲ့တာဟာစီမံခန့်ခွဲမှုညံ့ပြီးခိုးဖို့သာသိတာကိုပြခဲ့ပါတယ်။စစ်အစိုးရ၅၄နှစ်အတွင်းမလုပ်နိုင်ခဲ့တာကိုDASSK ရွေးခဲ့သူက၂နှစ်အတွင်းလုပ်သွားခဲ့တာပါ။မန္တလေးမှာလဲ၅၄နှစ်အတွင်းဘာမှမလုပ်နိုင်ခဲ့တာကိုDASSK ခန့်သူကလုပ်ပြသွားခဲ့ပါတယ်။
လျှပ်စစ်ဝန်ကြီးဟာဆိုရင်လဲရဲရဲတောက်စွာဦးပိုင်မျက်နှာမကြည့်ဘဲပြည်သူအကျိုးရှိအောင်လုပ်သွားခဲ့ပါတယ်။ဒေါက်ခိုင်ဆိုရင်တော့ဦးပိုင်ဟာအိမ်းဦးခန်းရောက်နေလောက်ပါပြီ။ပြည်သူတွေလဲမီတာစျေးကြီးပေးဝယ်နေရမှာပါ။ဒါဆိုရင်ဦးပိုင်နဲ့ခရိုနီတွေကစီးပွားဖြစ်ပြီးပြည်သူတွေကခံရမှာပါ။လွှတ်တော်အမတ်တွေထဲမှာတော့ဒေါက်ခိုင်တို့လိုလူတွေကိုအရွေးမှားခဲ့တာတော့ရှိမှာပါ။DASSK ရွေးခဲ့တဲ့လူအများစုဟာမှန်ပါတယ်။ယခင်စီမံဘဏ္ဍာဝန်ကြီးဟာယခုခရိုနီတွေထံကကြွေးသိမ်းဖို့လုပ်လို့ဝိုင်းပြီးလိမ်အတိုင်ခံလိုက်ရတာပါ။သူထွက်သွားပေမယ့်သူ့ပေါ်လစီကိုလက်ရှိဝန်ကြီးကဆက်ခဲ့လို့ကြွေးဝိုင်းခရိုနီတွေအော်နေတာပါ။လက်ရှိစီမံဘဏ္ဍာဝန်ကြီးဟာဒေါက်ခိုင်ထက်ပညာရေးကအဆနေရာတိုင်းမှာကိုးဆယ်ဆသာပါတယ်။
လူမှန်နေရာမှန်မရှိတာကDASSK ခန့်တဲ့နိုင်ငံရေးရာထူးတွေမဟုတ်ပါ။ယခင်ကခန့်ထားခဲ့တဲ့မိုးကျညွှန်ချုပ်အချို့နဲ့အတွင်းဝန်တွေပါ။ဒါကလဲရှင်းရလွယ်ပါတယ်။တကယ့်လူမှန်နေရာမှန်မဟုတ်တာကဒေါက်ခိုင်တို့လင်မယားပြောသလိုDASSK ခန့်လို့ရတာတွေမဟုတ်ဘဲဘရွှေခန့်ခဲ့တဲ့တပ်ချုပ်နေရာပါ။ဒီနေရာဟာစစ်တိုက်ရမယ့်နေရာဖြစ်ပေမယ့်တိုင်းပြည်ရဲ့လုံခြုံရေးကိုမပေးနိုင်ပါ။သူပုန်ကိုအပြုတ်တိုက်ရမယ့်နေရာမှာစွတ်ပြုတ်တိုက်လိုတိုက်၊လားရှိုးနားမှာတိုက်ပွဲဖြစ်ချိန်ငါးလွှတ်၊မူဆယ်နားအတိုက်ခံရချိန်ဘုရားတည်သလိုဘုန်းကြီးလှူသလိုလုပ်နဲ့လူမှန်နေရာမှန်မရှိဘဲပင်စင်ယူရမယ့်အချိန်မယူဘဲနဲ့တိုင်းပြည်ကိုဒုက္ခပေးနေတာပါ။ဘင်္ဂါလီကိုစစ်သားနဲ့တူအောင်သာစစ်တိုက်တတ်ခဲ့ရင်ယခုတိုင်းပြည်မှာနိုင်ငံတကာကဝိုင်းအပြောခံနေရတာတွေဖြစ်လာခဲ့မှာမဟုတ်ပါ။ဒါကလူမှန်နေရာမှန်မဟုတ်တဲ့ပြဿနာပါ။
အကျဉ်းချုပ်ရရင်တိုင်းပြည်မှာလူမှန်နေရာမှန်မရှိတာဟာDASSK ခန့်လို့ရတဲ့နိုင်ငံရေးရာထူးတွေမှာမဟုတ်ဘဲမိုးကျနဲ့တပ်ချုပ်နေရာမှာလို့ပြောပါရစေ။
824 views0 comments
Kommentare
bottom of page