လျှပ်စစ်မီးမှပြောသော နိုင်ငံရေး
ယခုအချိန်မှာ စစ်ခွေး၊ ဘောမနဲ့ ကြားခွေးတတိယအုပ်စုတွေပြောလေ့ရှိတာက ယခင်ကဆို ဝန်ကြီးတွေက ပညာမတတ်ဘူး၊ ဝန်ကြီးချုပ်တွေက ဘွဲ့ကြီးကြီးတွေမရဘူး၊ အမတ်တွေက ဘွဲ့လွန်မရဘူး ဘာညာဘာညာပါ။ ခွေးတွေက အင်မတန် ဟောင်ခဲ့ပါတယ်။ ဟောင်နေဆဲပါ။ အချို့ခွေးများကဆို သက်သက်ခိုင်လေးက ပညာတတ်တယ် DASSK က သူမကို ဝန်ကြီးမပေးရင်တောင် တိုင်းပြည်ပျက်မလို ရေးခဲ့လော်ခဲ့ကြပါတယ်။ အချို့ကလဲ တပ်ခွေးတွေက ဘွဲ့ရပြီး လွှတ်တော်ထဲမှာ သူတို့က ဘွဲ့လွန်တွေအများကြီးဆိုပြီး ခွေးလော်ဘီတွေက ပြောပြိး ခွေးအချင်းချင်း ဂုဏ်ယူခဲ့ကြပါတယ်။
ဒီနေရာမှာ ယခုလျှပ်စစ်မီးဥပမာကနေ နိုင်ငံရေးက လျှပ်စစ်မီးအတွက် အရေးကြီးတာကို ပြည်သူတွေသိအောင်ပြောပြလိုပါတယ်။ NLD အစိုးရ စတက်ချိန်မှာ မီးသိပ်မမှန်ခဲ့တာ အားလုံးသတိထားမိမှာပါ။ ဒါပေမယ့် ဒုတိယနှစ်လောက်ကစပြီး မီးမှန်လာတာလဲ အားလုံးမှတ်မိမှာပါ။ နောက်ပိုင်း အာဏာမသိမ်းခင်အထိ မီးပျက်တယ်ဆိုတာ ရှားလာသလို နယ်တွေအထိပါ မီးမှန်လာတာ အားလုံးသတိထားမိမှာပါ။ မီးကမှန်ရုံတင်မဟုတ် မီးအားပါပြည့်လို့ မီးအားမြှင့်စက်တွေ ဘက်ထရီသုံး အင်ဗက်တာတွေတောင် မသုံးတာကြာလို့ အချို့ဆို ရောင်းတာ လွှင့်ပစ်တာတွေတောင်ရှိလာခဲ့ပါတယ်။ မီးစက်တွေလဲ ရောင်းမကောင်းခဲ့ကြပါ။ စက်ရုံတွေလဲ မီးမှန်လို့ ပို့ကုန်တွေ ထိုးတက်လာခဲ့ပါတယ်။
ဒါတွေဟာ ယခုအချိန်မှာ ကမ္ဘာခြားခဲ့ပြီဆိုတာ စာရေးသူတို့လို တိုင်းပြည်ထဲနေသူတိုင်း သိကြပါတယ်။
မအလဝန်ကြီးတွေအားလုံးဟာ ဖွတ်၊ ဘောမ၊ စစ်ခွေး၊ ကြားတတိယခွေးအုပ်စုအဆိုအရ ဘွဲ့ရတွေပါ။ အားလုံးလော်ခဲ့တဲ့ သက်သက်ခိုင်ကြီးကလဲ ဝန်ကြီးပါ။ နိုင်ငံခြားဘွဲ့တွေတောင်ရခဲ့တယ်ပေါ့။ မအလကလဲ MA(Defence) ပေါ့။
ဒါဆို ဘာမှားသွားလဲ? DASSK က ပြည်သူကရွေးကောက်တင်မြောက်ခဲ့တဲ့ အစိုးရပါ။ ပြည်သူက ချစ်သူပေါ့။ ပြည်သူ့မေတ္တာရသူပေါ့။ သူ့ကို ပြည်သူကလေးစားလို့ နိုင်ငံခြားကလဲ လေးစားရပါတယ်။ ရိုဟင်ဂျာအရေးအပြီး ဥရောပသမဂ္ဂက စီးပွါးရေးပိတ်ဖို့ အထည်ချုပ်ပိတ်ဖို့ ရာဇသံပေးချိန်မှာတောင် အာရှ၊ တရုတ်နိုင်ငံများက ဆက်ထောက်ပံ့ခဲ့ကြပါတယ်။ အချို့သူဌေးတွေအပြောအရ အချို့စီမံကိန်းတွေဟာ DASSK ကို အောင်မြင်စေလိုလို့ အချို့အစိုးရ ကုမ္ပဏီတွေက အလွန်သက်သာတဲ့စျေးတွေနဲ့ လုပ်ပေးတယ်ဆိုတဲ့အထိကို ပြောကြတာ ကြားခဲ့ရပါတယ်။ သူမကိုချစ်လို့ မီတာခတက်သွားတာတောင် ပြည်သူက လမ်းပေါ်ဆန္ဒထွက်မပြခဲ့ပါ။ ဒါက နိုင်ငံရေးသိက္ခာ(political capital) ကြောင့် သူမက အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်နိုင်ခဲ့တာပါ။ သူမကြောင့် ငွေစျေး၊ ဒေါ်လာစျေး၊ ရွှေစျေးက တည်ငြိမ်ခဲ့လို့ မီးပေးတဲ့သင်္ဘောကနေ မီးပေးနိုင်ခဲ့တာပါ။ ဒါက နိုင်ငံရေးကနေစပြီး အိမ်မှာလျှပ်စစ်မီးမှန်တာကို ဥပမာအနေနဲ့ ရေးပြတာပါ။ သူမရဲ့ နိုင်ငံရေးအားကောင်းမှုက ဝန်ကြီးဘယ်သူခန့်ခန့် မီးကမှန်နေခဲ့တာကို ပြတာပါ။ ဝန်ကြီးအောက်က ညွှန်ချုပ်အင်ဂျင်နီယာကတော့ လျှပ်စစ်အကြောင်းသိသူဖြစ်ရမှာပါ။
ယခုအချိန်မှာ မအလက ပြည်သူမကြည်ဖြူဘဲ အာဏာသိမ်းပြီး တက်လာခဲ့တာပါ။ ယခုသက်သက်ခိုင်က သူကိုင်ခဲ့တဲ့ ဝန်ကြီးဌာနတွေမှာ ဘာကောင်းအောင်လုပ်နိုင်ခဲ့ပါပြီလဲ? မအလဆက်အုပ်ချုပ်ပြီး ကိုကိုကြီးကို ဝန်ကြီးချုပ်နေရာ အုပ်ချုပ်ခိုင်းရင်ရော အဆင်ပြေသွားမယ်ထင်ပါသလား? နောက် ဟိုကိုကိုကြီးပါတီက အောက်စဖို့ဒ်က ဘွဲ့ရလေးကို လျှပ်စစ်ဝန်ကြီးလုပ်ခိုင်းရင်ရော မီးမှန်မယ်ထင်ပါသလား? ဒါက နိုင်ငံရေးမှာ ပြည်သူ့ရွေးကောက်ခံက နိုင်ငံရေးသမားက အရေးကြီးတာကို ပြောပြတာပါ။
တော်လှန်ရေးအစပိုင်း ဘယ်သူမှ မလုပ်ရဲခင်မှာ NUG က ပအဖတွေကို လုပ်ရဲသူ၊ ပြည်သူ့ကိုယ်စားလှယ်အချို့ကို ပအဖအနေနဲ့ စခန့်ခဲ့ရပါတယ်။ ယခုနယ်မြေစိုးမိုးလာချိန်မှာ ယခင် အချောင်သမားတွေက ထိုပအဖက ပညာမတတ်၊ ပြည်သူကိုယ်စားမပြုဆိုပြီး ဖြုတ်ဖို့ကြိုးစားလာတာက မအလမတက်ခင် သက်သက်ခိုင်လို ဒလန်ကို စန္ဒာမင်းလို ဒလန်ကို မြှောက်ပေးခဲ့တာကို သွားသတိရစေပါတယ်။
ဒီအချိန်မှာ ကမ္ဘာပေါ်မှာ လျှပ်စစ်အတော်ဆုံး သိပ္ပံပညာရှင်ကို မြန်မာပြည်မှာ လျှပ်စစ်ဝန်ကြီးခန့်လဲ မီးကပြန်မမှန်တာ သေချာပါတယ်။ ဒါကြောင့် အကျဉ်းချုပ်ရရင် ပညာတတ်ဟာ သူ့နေရာနဲ့သူ အရေးကြီးတာမှန်ပေမယ့် ရွေးကောက်ခံနိုင်ငံရေးသမားကသာ အရေးကြီးဆုံးပါ။ ရွေးကောက်ခံနိုင်ငံရေးသမား ပြည်သူရွေးသူက အုပ်ချုပ်ရင် အဆိုပါတိုင်းပြည်က မီးမှန်မှာပါ။ မဟုတ်ဘဲ မအလလိုခွေးတွေက သေနတ်နဲ့ တပ်ချုပ်ဆိုပြီး တက်အုပ်ချုပ်ရင်တော့ မီးမမှန်ဘဲ နွေအပူမှာ ရင်အပူအပြင် လူပါပူမှာပါ။ ဒါကြောင့် ပြည်သူက ရွေးကောက်ခံအစိုးရအုပ်ချုပ်နိုင်အောင် လက်နက်ကိုင်တွေ ရွေးကောက်ခံအစိုးရအောက်နေအောင် NUG ကို ဝန်းရံပေးပါလို့ပြောပါရစေ။ စာရေးသူ NUG ကိုထောက်ခံတာက NUG ကို ပြည်သူကတင်တဲ့ CRPH က ရွေးထားလို့ပါ။ စာရေးသူက NUG ကို ထောက်ခံတာမဟုတ်ဘဲ ပြည်သူကို ထောက်ခံတာပါ။ NUG မဟုတ်ဘဲ ပြည်သူ့အစိုးရအမိန့်မနာခံတဲ့ တပ်တွေကိုအားပေးရင်တော့ မအလပြုတ်ရင်တောင် နွေအပူမှာ မီးမလာတာက ဆက်ဖြစ်နေမှာပါလို့ ပြောပါရစေ။
Comments