top of page
Search
Writer's pictureMyat Tun Oo

လူနှင့်တူသောအစိုးရ


လူႏွင့္တူေသာအစိုးရ

ယခုတေလာကမ႓ာႀကီးမွာေတာမီးေတြေလာင္တယ္၊ေရႀကီး၊အပူလြန္တာေတြ၊မုန္တိုင္းေတြျဖစ္တယ္။အိႏၵိယ၊တ႐ုတ္၊ျပင္သစ္၊အဂၤလန္၊အေမရိကန္၊ဖိလစ္ပိုင္၊အင္ဒိုနီးရွားအစံုဘဲ။ဘာေၾကာင့္လဲဆိုေတာ့ကမ႓ာႀကီးပူေႏြးလာမႈ(global warming) ေၾကာင့္။ဘာဘာသာေရးနဲ႔မွမဆိုင္ဘူး။ဒါကဉာဏ္နည္းသူေတြကိုရွင္းျပတာ။သာမန္သတင္းဖတ္သူေတြသိႏိုင္ေပမယ့္သတင္းမဖတ္သူ၊ယခင္ပညာေရးကေပါက္ဖြားလာၿပီးဘာသာေရးယံုလြယ္သူမ်ားဂ်င္းအထည့္မခံရေအာင္ပါ။ျမန္မာျပည္လိုေတာခုတ္၊ေတာင္ၿဖိဳမႈကို၁၉၈၈ထဲကလုပ္ခဲ့တဲ့တိုင္းျပည္မွာပိုဆိုးမွာပါ။

ဒါဆိုရင္ဒီအစိုးရနဲ႔ယခင္အစိုးရေတြဘာကြာလဲ။အခ်ိဳ႕ငပိန္းမ်ားကNLD ဘယ္ေရာက္ေနလဲမကူဘူးလားဘာညာဆိုၿပီးNLD နဲ႔တပ္ကိုတိုက္ေပးတဲ့ျပန္ဝန္ျပဳတ္ဖြတ္ရဲလိုလူေတြရွိသလို၊သူပုန္အေကာင့္ေတြ၊ဖြတ္အေကာင့္ေတြလဲရွိပါတယ္။ဒီလူေတြကိုေျပာခ်င္တာကကမ႓ာေပၚမွာျဖစ္တဲ့ေရႀကီး၊ေျမၿပိဳသဘာဝေဘးအႏၲရာယ္(disaster) ေတြမွာအေမရိကန္မွသည္တ႐ုတ္၊အဂၤလန္၊အႏၵိယအထိသူတို႔ရဲ႕တပ္မေတာ္ေတြ၊မီးသတ္ေတြနဲ႔အစိုးရကသာကယ္ဆယ္ေရးလုပ္ၾကတာပါ။အေမရိကန္ဆိုၿပီးရီပတ္ပလီကင္(Republican) ပါတီကကယ္ဆယ္ေရးသြားမလုပ္သလိုအဂၤလန္ဆိုၿပီးကြန္ဆားေဗးတစ္(Conservative) ပါတီကကယ္ဆယ္ေရးသြားမလုပ္ပါ။

အဲ့ဒါဆိုဘယ္သူေတြကကယ္ဆယ္ေရးလုပ္ရမွာလဲ။တိုင္းျပည္မွာျပည္သူေတြကလခေပးထားတဲ့အဖြဲ႕အစည္း(Institution)ေတြျဖစ္တဲ့တပ္၊ရဲ၊မီးသတ္ေတြကကယ္ဆယ္ေရးေတြလုပ္ရပါတယ္။ျပည္သူကေရြးေကာက္တင္ေျမႇာက္ထားတဲ့အစိုးရကဒီကယ္ဆယ္ေရးေတြကိုႀကီးၾကပ္ရပါတယ္။ယခုျမန္မာျပည္မွာသဘာဝေဘးအႏၲရာယ္က်ေရာက္ရာမွာလဲအစိုးရကလူကယ္ျပန္ဝန္ႀကီးကိုယ္တိုင္ေနရာစံုသြားၿပီးကယ္ဆယ္ေရးေတြလုပ္ပါတယ္။ဒုသမၼတကဦးစီးၿပီးတပ္နဲ႔အျခားအဖြဲ႕ေတြကိုေပါင္းစပ္ညွိႏိႈင္းၿပီးသူကိုယ္တိုင္သြားေရာက္ႀကီးၾကပ္ပါတယ္။သူသြားရာေနရာမွာလဲလက္သာမသြားဘဲေထာက္ပံ့ေရးပစၥည္းပါသယ္သြားႏိုင္ခဲ့ပါတယ္။အထင္ရွားဆံုးသာဓကကေတာ့ေျမၿပိဳလို႔ေသဆံုးသူေတြရဲ႕႐ုပ္အေလာင္းေတြကိုစနစ္တက်ေဖာ္ထုတ္ၿပီးလူသားပီသစြာျမဳပ္ႏွံေပးဖို႔လုပ္တာပါ။လူေတြကိုငါးစာလဒစာဆိုၿပီးျပစ္မထားခဲ့ပါ။

ဒါဟာစာေရးသူတို႔အေနနဲ႔လူနဲ႔တူတဲ့ကမ႓ာ့စံႏႈန္းနဲ႔ညီတဲ့အစိုးရကိုရတယ္ဆိုတာကိုျပတာပါ။ေနာက္ၿပီးဒီစိန္ေခၚမႈကဘာကိုျပသလဲဆိုေတာ့အားလံုးညီရင္ဘယ္အတားအဆီးမဆိုေက်ာ္ႏိုင္တာကိုျပတာပါ။

Unicode version

လူနှင့်တူသောအစိုးရ

ယခုတလောကမ႓ာကြီးမှာတောမီးတွေလောင်တယ်၊ရေကြီး၊အပူလွန်တာတွေ၊မုန်တိုင်းတွေဖြစ်တယ်။အိန္ဒိယ၊တရုတ်၊ပြင်သစ်၊အင်္ဂလန်၊အမေရိကန်၊ဖိလစ်ပိုင်၊အင်ဒိုနီးရှားအစုံဘဲ။ဘာကြောင့်လဲဆိုတော့ကမ႓ာကြီးပူနွေးလာမှု(global warming) ကြောင့်။ဘာဘာသာရေးနဲ့မှမဆိုင်ဘူး။ဒါကဉာဏ်နည်းသူတွေကိုရှင်းပြတာ။သာမန်သတင်းဖတ်သူတွေသိနိုင်ပေမယ့်သတင်းမဖတ်သူ၊ယခင်ပညာရေးကပေါက်ဖွားလာပြီးဘာသာရေးယုံလွယ်သူများဂျင်းအထည့်မခံရအောင်ပါ။မြန်မာပြည်လိုတောခုတ်၊တောင်ဖြိုမှုကို၁၉၈၈ထဲကလုပ်ခဲ့တဲ့တိုင်းပြည်မှာပိုဆိုးမှာပါ။

ဒါဆိုရင်ဒီအစိုးရနဲ့ယခင်အစိုးရတွေဘာကွာလဲ။အချို့ငပိန်းများကNLD ဘယ်ရောက်နေလဲမကူဘူးလားဘာညာဆိုပြီးNLD နဲ့တပ်ကိုတိုက်ပေးတဲ့ပြန်ဝန်ပြုတ်ဖွတ်ရဲလိုလူတွေရှိသလို၊သူပုန်အကောင့်တွေ၊ဖွတ်အကောင့်တွေလဲရှိပါတယ်။ဒီလူတွေကိုပြောချင်တာကကမ႓ာပေါ်မှာဖြစ်တဲ့ရေကြီး၊မြေပြိုသဘာဝဘေးအန္တရာယ်(disaster) တွေမှာအမေရိကန်မှသည်တရုတ်၊အင်္ဂလန်၊အန္ဒိယအထိသူတို့ရဲ့တပ်မတော်တွေ၊မီးသတ်တွေနဲ့အစိုးရကသာကယ်ဆယ်ရေးလုပ်ကြတာပါ။အမေရိကန်ဆိုပြီးရီပတ်ပလီကင်(Republican) ပါတီကကယ်ဆယ်ရေးသွားမလုပ်သလိုအင်္ဂလန်ဆိုပြီးကွန်ဆားဗေးတစ်(Conservative) ပါတီကကယ်ဆယ်ရေးသွားမလုပ်ပါ။

အဲ့ဒါဆိုဘယ်သူတွေကကယ်ဆယ်ရေးလုပ်ရမှာလဲ။တိုင်းပြည်မှာပြည်သူတွေကလခပေးထားတဲ့အဖွဲ့အစည်း(Institution)တွေဖြစ်တဲ့တပ်၊ရဲ၊မီးသတ်တွေကကယ်ဆယ်ရေးတွေလုပ်ရပါတယ်။ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကဒီကယ်ဆယ်ရေးတွေကိုကြီးကြပ်ရပါတယ်။ယခုမြန်မာပြည်မှာသဘာဝဘေးအန္တရာယ်ကျရောက်ရာမှာလဲအစိုးရကလူကယ်ပြန်ဝန်ကြီးကိုယ်တိုင်နေရာစုံသွားပြီးကယ်ဆယ်ရေးတွေလုပ်ပါတယ်။ဒုသမ္မတကဦးစီးပြီးတပ်နဲ့အခြားအဖွဲ့တွေကိုပေါင်းစပ်ညှိနှိုင်းပြီးသူကိုယ်တိုင်သွားရောက်ကြီးကြပ်ပါတယ်။သူသွားရာနေရာမှာလဲလက်သာမသွားဘဲထောက်ပံ့ရေးပစ္စည်းပါသယ်သွားနိုင်ခဲ့ပါတယ်။အထင်ရှားဆုံးသာဓကကတော့မြေပြိုလို့သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုစနစ်တကျဖော်ထုတ်ပြီးလူသားပီသစွာမြုပ်နှံပေးဖို့လုပ်တာပါ။လူတွေကိုငါးစာလဒစာဆိုပြီးပြစ်မထားခဲ့ပါ။

ဒါဟာစာရေးသူတို့အနေနဲ့လူနဲ့တူတဲ့ကမ႓ာ့စံနှုန်းနဲ့ညီတဲ့အစိုးရကိုရတယ်ဆိုတာကိုပြတာပါ။နောက်ပြီးဒီစိန်ခေါ်မှုကဘာကိုပြသလဲဆိုတော့အားလုံးညီရင်ဘယ်အတားအဆီးမဆိုကျော်နိုင်တာကိုပြတာပါ။

1,007 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

Comments


bottom of page