top of page
Search

လူထုအားကိုအများကြီးလိုပါသည်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 18, 2019
  • 1 min read

လူထုအားကိုအမ်ားႀကီးလိုပါသည္

အခ်ိဳ႕ပညာရွင္ဆိုသူမ်ားနဲ႔တိုင္းရင္းသားအမတ္အခ်ိဳ႕ကယခုလိုလႊတ္ေတာ္ထဲကေနေျခဥျပင္ဖို႔လုပ္တာဟာတပ္မပါရင္မေအာင္ျမင္ႏိုင္ေၾကာင္းအခ်ိဳ႕ကလဲလူေတြကိုလမ္းေပၚထြက္ေအာင္လုပ္တာဟာအႏၲရာယ္မ်ားေၾကာင္းေျပာၾကပါတယ္။

ဒီေနရာမွပထမဆံုးေျပာလိုတာကေျခဥျပင္တာဟာေဒၚေအာင္ဆန္းစုၾကည္အတြက္မဟုတ္သလိုNLD အတြက္လဲမဟုတ္ပါ။ဒီေျခဥေၾကာင့္ယခုဘဲရခိုင္မွာျပႆနာတက္တယ္ဆိုၿပီးရခိုင္အမတ္ေတြေအာ္ေနသလိုကခ်င္နဲ႔ရွမ္းမွာလဲေအာ္ေနပါတယ္။ဒါေၾကာင့္ဒီေျခဥျပႆနာဟာတစ္ႏိုင္ငံလံုးရဲ႕ျပႆနာပါ။တိုင္းရင္းသားမေရြး၊ဘာသာမေရြး၊ဆင္းရဲခ်မ္းသာမေရြးဒီေျခဥေၾကာင့္ျပႆနာတက္ေနတာပါ။ျပည္သူအားလံုးရဲ႕ျပႆနာကိုျပည္သူတစ္ရပ္လံုးကေျဖရွင္းရမွာပါ။အဂၤလိပ္စစ္တပ္ဟာစစ္ပြဲငယ္ေလးေတြကိုသူ႔ဖာသာတိုက္ႏိုင္ေပမယ့္ဒုတိယကမ႓ာစစ္လိုနာဇီဖက္စစ္နဲ႔တိုက္ရတဲ့ဟာမ်ိဳးမွာသူ႔တိုင္းျပည္တစ္ခုလံုးရဲ႕အားကိုလိုအပ္ခဲ့ပါတယ္။

ေျခဥကိုလႊတ္ေတာ္ကစရတယ္ဆိုတာကလက္ရွိေျခဥအရလႊတ္ေတာ္ကဥပေဒျပဳတဲ့အာဏာကိုရယူထားလို႔ပါ။တပ္ခ်ဳပ္နဲ႔DASSK ေဆြးေႏြးလိုက္ပါလားဆိုရာမွာမအလက႐ိုးသားဖို႔လိုပါတယ္။ေနာက္သူ႔မွာဆံုးျဖတ္ပိုင္ခြင့္ရွိမရွိကလဲမေသခ်ာပါ။ဒါကထားလိုက္ပါ။အတိုက္အခံလိုလိုပညာရွင္လိုလိုဆိုသူမ်ားဟာေျခဥျပင္ဖို႔ျပႆနာကိုNLD နဲ႔တပ္ၾကားကျပႆနာလို႔အၿမဲပံုေဖာ္ဖို႔ႀကိဳးစားခဲ့သူမ်ားပါ။ဒါဟာတပ္နဲ႔NLD ၾကားျပႆနာမဟုတ္ဘဲအဓမၼဝါဒီအခြင့္ထူးခံအခ်ိဳ႕နဲ႔ျပည္သူေတြၾကားကျပႆနာပါ။NLD ကျပည္သူေတြကိုယ္စားေျဖရွင္းေပးေနတာပါ။

မေန႔ကေျခဥျပင္ဖို႔ေထာက္ခံပြဲေတြကိုေလ့လာရာမွာၿမိဳ႕ေပါင္းမ်ားစြာမွာေျခဥျပင္ဖို႔ေထာက္ခံပြဲေတြကိုလုပ္ႏိုင္ခဲ့ပါတယ္။မျပင္လိုတဲ့ဖြတ္၊တစည၊မဘသအင္အားဟာရန္ကုန္နဲ႔မႏၲေလးမွာသာလုပ္ႏိုင္ခဲ့ၿပီးေျခဥျပင္ဖို႔ေထာက္ခံသူအင္အားကိုမယွဥ္ႏိုင္ခဲ့ပါ။ဒါေတာင္NLD ပါတီကက်င္းပတာမဟုတ္ေသးပါ။ဒီလိုျပင္တာကိုေထာက္ခံဖို႔လိုလားလို႔ေမးစရာရွိပါတယ္။ဒီေျခဥကိုျပင္ခ်င္တာဟာျပည္သူလူထုပါ။ဒါေၾကာင့္သူတို႔ပါဝင္မႈျပသတာဟာအားလံုးကဒါကိုျပင္ဖို႔အတြက္တိုက္မယ္ဆိုတာကိုသတိေပးလိုက္တာပါ။လႊတ္ေတာ္ထဲမွာဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္ကစစ္တလင္းတို႔အႏၲရာယ္မ်ားတယ္တို႔နဲ႔သတိေပးေနခ်ိန္မွာအျပင္ကအေကာင့္တုမ်ားကလဲအာဏာသိမ္းမယ္လို႔ၿခိမ္းေျခာက္ေလ့ရွိပါတယ္။ထိုသူမ်ားကိုျပည္သူမ်ားကလမ္းေပၚမွာထြက္ၿပီးေျခဥျပင္တာကိုေထာက္ခံျခင္းျဖင့္အာဏာသိမ္းဖို႔အိမ္မက္မက္သူမ်ားကိုငါတို႔ကငါတို႔အစိုးရကိုလမ္းေပၚထြက္ၿပီးအသက္ေပးကာကြယ္မယ္လို႔သတိေပးရာေရာက္သလိုႏိုင္ငံျခားတိုင္းျပည္ေတြကိုလဲငါတို႔ဒီမိုအစိုးရေနာက္မွာျပည္သူရွိေၾကာင္းသတင္းစကားပါးရာေရာက္ပါတယ္။

ေနာက္ၿပီးDASSK ဟာဒီလိုျပင္ဆင္ၿပီးမွျပည္သူေတာင္းဆိုၿပီးမွေဆြးေႏြးရင္လဲမအလနဲ႔သူ႔အေပါင္းအပါမ်ားကိုျပည္သူကသူမေနာက္မွာရွိတယ္ဆိုတာသတင္းစကားပါးၿပီးသားျဖစ္သြားမွာပါ။အကယ္၍ယခုလိုျပင္တာကိုလက္မခံရင္သူမတို႔မွာအျခားနည္းနဲ႔ဆက္သြားဖို႔ျပင္ဆင္ၿပီးသားျဖစ္မွာပါ။ယခုလိုလမ္းေပၚထြက္ေထာက္ခံျပတာဟာသူမနဲ႔သူမရဲ႕ပါတီအတြက္အားတက္ေစမွာပါ။သူမေနာက္မွာဘယ္လက္နက္ကိုင္မွမရွိဘဲျပည္သူသာရွိပါတယ္။

အားလံုးေနလည္ရမွာကဒီေျခဥျပင္ဖို႔လိုတာဟာပါတီတစ္ခု၊လူမ်ိဳးတစ္ခုအတြက္မဟုတ္ဘဲသန္း၅၀ေက်ာ္ျပည္သူေတြအတြက္ဆိုတာပါ။မျပင္လိုသူအနည္းငယ္ေတာ့ရွိမွာပါ။ဒါေပမယ့္ဒီေျခဥဟာဒီမိုကေရစီက်ေအာင္ျပင္ရမွာပါ။ဒါ့အတြက္လူထုအားကိုအမ်ားႀကီးလိုပါသည္လို႔ေျပာပါရေစ။

Unicode version


လူထုအားကိုအများကြီးလိုပါသည်

အချို့ပညာရှင်ဆိုသူများနဲ့တိုင်းရင်းသားအမတ်အချို့ကယခုလိုလွှတ်တော်ထဲကနေခြေဥပြင်ဖို့လုပ်တာဟာတပ်မပါရင်မအောင်မြင်နိုင်ကြောင်းအချို့ကလဲလူတွေကိုလမ်းပေါ်ထွက်အောင်လုပ်တာဟာအန္တရာယ်များကြောင်းပြောကြပါတယ်။

ဒီနေရာမှပထမဆုံးပြောလိုတာကခြေဥပြင်တာဟာဒေါ်အောင်ဆန်းစုကြည်အတွက်မဟုတ်သလိုNLD အတွက်လဲမဟုတ်ပါ။ဒီခြေဥကြောင့်ယခုဘဲရခိုင်မှာပြဿနာတက်တယ်ဆိုပြီးရခိုင်အမတ်တွေအော်နေသလိုကချင်နဲ့ရှမ်းမှာလဲအော်နေပါတယ်။ဒါကြောင့်ဒီခြေဥပြဿနာဟာတစ်နိုင်ငံလုံးရဲ့ပြဿနာပါ။တိုင်းရင်းသားမရွေး၊ဘာသာမရွေး၊ဆင်းရဲချမ်းသာမရွေးဒီခြေဥကြောင့်ပြဿနာတက်နေတာပါ။ပြည်သူအားလုံးရဲ့ပြဿနာကိုပြည်သူတစ်ရပ်လုံးကဖြေရှင်းရမှာပါ။အင်္ဂလိပ်စစ်တပ်ဟာစစ်ပွဲငယ်လေးတွေကိုသူ့ဖာသာတိုက်နိုင်ပေမယ့်ဒုတိယကမ႓ာစစ်လိုနာဇီဖက်စစ်နဲ့တိုက်ရတဲ့ဟာမျိုးမှာသူ့တိုင်းပြည်တစ်ခုလုံးရဲ့အားကိုလိုအပ်ခဲ့ပါတယ်။

ခြေဥကိုလွှတ်တော်ကစရတယ်ဆိုတာကလက်ရှိခြေဥအရလွှတ်တော်ကဥပဒေပြုတဲ့အာဏာကိုရယူထားလို့ပါ။တပ်ချုပ်နဲ့DASSK ဆွေးနွေးလိုက်ပါလားဆိုရာမှာမအလကရိုးသားဖို့လိုပါတယ်။နောက်သူ့မှာဆုံးဖြတ်ပိုင်ခွင့်ရှိမရှိကလဲမသေချာပါ။ဒါကထားလိုက်ပါ။အတိုက်အခံလိုလိုပညာရှင်လိုလိုဆိုသူများဟာခြေဥပြင်ဖို့ပြဿနာကိုNLD နဲ့တပ်ကြားကပြဿနာလို့အမြဲပုံဖော်ဖို့ကြိုးစားခဲ့သူများပါ။ဒါဟာတပ်နဲ့NLD ကြားပြဿနာမဟုတ်ဘဲအဓမ္မဝါဒီအခွင့်ထူးခံအချို့နဲ့ပြည်သူတွေကြားကပြဿနာပါ။NLD ကပြည်သူတွေကိုယ်စားဖြေရှင်းပေးနေတာပါ။

မနေ့ကခြေဥပြင်ဖို့ထောက်ခံပွဲတွေကိုလေ့လာရာမှာမြို့ပေါင်းများစွာမှာခြေဥပြင်ဖို့ထောက်ခံပွဲတွေကိုလုပ်နိုင်ခဲ့ပါတယ်။မပြင်လိုတဲ့ဖွတ်၊တစည၊မဘသအင်အားဟာရန်ကုန်နဲ့မန္တလေးမှာသာလုပ်နိုင်ခဲ့ပြီးခြေဥပြင်ဖို့ထောက်ခံသူအင်အားကိုမယှဉ်နိုင်ခဲ့ပါ။ဒါတောင်NLD ပါတီကကျင်းပတာမဟုတ်သေးပါ။ဒီလိုပြင်တာကိုထောက်ခံဖို့လိုလားလို့မေးစရာရှိပါတယ်။ဒီခြေဥကိုပြင်ချင်တာဟာပြည်သူလူထုပါ။ဒါကြောင့်သူတို့ပါဝင်မှုပြသတာဟာအားလုံးကဒါကိုပြင်ဖို့အတွက်တိုက်မယ်ဆိုတာကိုသတိပေးလိုက်တာပါ။လွှတ်တော်ထဲမှာဗိုလ်မှူးချုပ်မောင်မောင်ကစစ်တလင်းတို့အန္တရာယ်များတယ်တို့နဲ့သတိပေးနေချိန်မှာအပြင်ကအကောင့်တုများကလဲအာဏာသိမ်းမယ်လို့ခြိမ်းခြောက်လေ့ရှိပါတယ်။ထိုသူများကိုပြည်သူများကလမ်းပေါ်မှာထွက်ပြီးခြေဥပြင်တာကိုထောက်ခံခြင်းဖြင့်အာဏာသိမ်းဖို့အိမ်မက်မက်သူများကိုငါတို့ကငါတို့အစိုးရကိုလမ်းပေါ်ထွက်ပြီးအသက်ပေးကာကွယ်မယ်လို့သတိပေးရာရောက်သလိုနိုင်ငံခြားတိုင်းပြည်တွေကိုလဲငါတို့ဒီမိုအစိုးရနောက်မှာပြည်သူရှိကြောင်းသတင်းစကားပါးရာရောက်ပါတယ်။

နောက်ပြီးDASSK ဟာဒီလိုပြင်ဆင်ပြီးမှပြည်သူတောင်းဆိုပြီးမှဆွေးနွေးရင်လဲမအလနဲ့သူ့အပေါင်းအပါများကိုပြည်သူကသူမနောက်မှာရှိတယ်ဆိုတာသတင်းစကားပါးပြီးသားဖြစ်သွားမှာပါ။အကယ်၍ယခုလိုပြင်တာကိုလက်မခံရင်သူမတို့မှာအခြားနည်းနဲ့ဆက်သွားဖို့ပြင်ဆင်ပြီးသားဖြစ်မှာပါ။ယခုလိုလမ်းပေါ်ထွက်ထောက်ခံပြတာဟာသူမနဲ့သူမရဲ့ပါတီအတွက်အားတက်စေမှာပါ။သူမနောက်မှာဘယ်လက်နက်ကိုင်မှမရှိဘဲပြည်သူသာရှိပါတယ်။

အားလုံးနေလည်ရမှာကဒီခြေဥပြင်ဖို့လိုတာဟာပါတီတစ်ခု၊လူမျိုးတစ်ခုအတွက်မဟုတ်ဘဲသန်း၅၀ကျော်ပြည်သူတွေအတွက်ဆိုတာပါ။မပြင်လိုသူအနည်းငယ်တော့ရှိမှာပါ။ဒါပေမယ့်ဒီခြေဥဟာဒီမိုကရေစီကျအောင်ပြင်ရမှာပါ။ဒါ့အတွက်လူထုအားကိုအများကြီးလိုပါသည်လို့ပြောပါရစေ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page