top of page
Search

လေထဲမှ အထိုးခံရသည့်အခါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 16, 2021
  • 1 min read

ree

ဖက်ဆစ်မအလဟာ NUG အစိုးရကို လေထဲကအစိုးရ လိုင်းပေါ်ကအစိုးရလို့ လှောင်လေ့ရှိပါတယ်။ ဒါပေမယ့် မအလဟာ လိုင်းပေါ်ကအစိုးရလုပ်တာကို နောက်ကလိုက်လုပ်နေရပါတယ်။ သူ့ရဲ့ ဝန်ကြီးချုပ်ရာထူးတောင် NUG က ခြေဥဖျက်ပြီး ထွင်လုပ်တာကို လိုက်တုလုပ်နေရတာပါ။

တပ်ရဲ့လုံခြုံရေးသတင်းမှာ နေပြည်တော်၊ ဧရာဝတီ၊ ပဲခူးနဲ့ မွန်ကို သူတို့အပိုင် ထိန်းချုပ်ထားတဲ့ အစိမ်းရောင်နယ်မြေအဖြစ် သတ်မှတ်ထားပြီး ရန်ကုန်နဲ့ မန္တလေးက ၅၀-၅၀ လို့သတ်မှတ်ထားပါတယ်။ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယားနဲ့ တနင်္သာရီက ရန်သူအားကောင်းနယ်မြေလို့ သတ်မှတ်ထားပါတယ်။ ရခိုင်၊ ကချင်၊ ရှမ်းမြောက်နဲ့ ကရင်က ရန်သူ့နယ်မြေဖြစ်ပြီး စစ်ဖြစ်ရင် ဆုတ်ခွါရနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။ စစ်ဆင်ရေးလုပ်လိုရင်သာလွန်အင်အား သုံးရမှာဖြစ်လို့ လက်ရှိမှာ တစ်ပြိုင်နက်ထဲတိုက်ရန် ထိုးစစ်ဆင်ရန် မဖြစ်နိုင်လို့ သုံးသပ်ထားပါတယ်။ ရှမ်းတောင်နဲ့ အခြားဒေသတွေဟာ ရန်သူအချင်းချင်းတိုက်နေလို့ သူတို့ကိုဒုက္ခမပေးနိုင်လို့ သုံးသပ်ထားပါတယ်။ အဆိုပါ ရခိုင်၊ကချင်၊ ရှမ်းမြောက်နဲ့ကရင်ကသာ လက်နက်ကြီးရလို့ ယခုအချိန် ထတိုက်ရင် မအလရှုံးပါမယ်။

NUG က ထီစရောင်းချိန်မှာ မအလရဲ့ ကျပ်မပြည့်တဲ့အဖွဲ့ ထင်ထားတာက ပြည်ပမှာသာရောင်းမယ်လို့သာ ထင်ထားခဲ့တာပါ။ ပြည်တွင်းမှာတော့ ချဲဒိုင်လိုသာ လုပ်မယ်လို့ ထင်ခဲ့ပုံပါ။ စာရေးသူတို့တောင် ဝင်ငွေကို ထီကနေရှာရမှန်း မသိခဲ့ပါ။ စီးပွါးရေးသမားတွေထံကအခွန်ကောက်တာလောက်သာ တွေးခဲ့တာပါ။ ဒီနေရာမှာလဲ NUG က မထင်မှတ်တဲ့နေရာကနေ ထပြီးထီရောင်း ပြည်တွင်းက ငွေးပေးစနစ်ကို ကွန်ပျူတာကတဆင့်သုံးပြီး ရောင်းသွားသလို ပြည်သူကလဲ ဝက်ဝက်ကွဲအားပေးလိုက်လို့ မအလမြွေဖမ်းသွားပါတယ်။ ပြည်ထဲရေးနဲ့ဘဏ္ဍာအခွန်တစ်ညလုံး အစည်းအဝေးထိုင်ပြီး ဘဏ်တွေပိတ်ဖို့အထိ စဉ်းစားလာပါတယ်။ဒါပေမယ့် သူတို့ပိတ်ရင် လိုင်းပေါ်က ငွေသုံးလို့မရရင် သူ့ဘဏ်စနစ်ပြိုကွဲမှာမိုလို့ မအလဟာNUG ရဲ့ ခွချက်လုပ်တာ ခံလိုက်ရပါတယ်။ ဘဏ်ငွေပေးစနစ်ပိတ်ရင်လဲ သူ့စီးပွါးထိခိုက်မယ်မပိတ်ရင်လဲ NUG ထီရောင်းတာကို တားမရဖြစ်မယ်ဆိုတဲ့ အနေအထား အကျပ်အတည်းထဲရောက်သွားခဲ့ပါတယ်။

NUG ဟာ လုပ်ငန်းအတော်များများကို လိုင်းပေါ်က အောင်မြင်စွာလုပ်လာနေပါတယ်။ မအလဟာ ယခင်ကလိုမဟုတ်ဘဲ NUG ကို နောက်ကနေလိုက်တုန့်ပြန်နေရပါတယ်။

တပ်ထဲမှာလဲ PDF တပ်အတွက် ကင်းစောင့် ကျင်းတူး၊ မိုင်းမြုပ်နဲ့ အလုပ်ရှုတ်နေတာ လချီနေပြီး ဆရာဇော်ဝေစိုးပြောလိုက် ရေးလိုက်တိုင်း တပ်လှန့်နေရလို့ နောက်ပိုင်း တကယ်လာတိုက်ရင်တောင် တပ်ကအသင့်အနေအထားရှိဖို့ ခက်လာမှာပါ။

စာရေးသူမြင်တာကတော့ ယခုအချိန်ထိ NUG ရဲ့ PDF တပ်ကမလာသေးဘဲတောင် မအလဟာ လေထဲက အတိုက်ခံ အထိုးခံနေရတာနဲ့တင် အတော်နာနေပါပြီ။ တကယ်သာလက်နက်ကောင်းကောင်းနဲ့ PDF က တိုက်နိုင်ရင် ရန်ကုန်ဟာ အချိန်မရွေး ဒီမိုလက်ထဲရောက်မှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 17, 2021

ဦးမြတ်!!! G Z တို့ရဲ့ ကြွေးကြော်သံဖြင့် စတင်ပါရစေ။

~ ၈၈ က ၊ အချိုးတွေ

~ ၂၁ မှာ ၊ လာ မချိုးနဲ့။

၈၈တုန်းက လေလှိုင်းပေါ်က မုသာများ/BBC VOA လိမ်နေသည် ညာနေသည် တို့နဲ့ အလုပ်ဖြစ်ခဲ့ပေမယ့် ယခု ၂၁ မှာ MRTV MWD တို့ဟာ အရပ်သားအများစု ဖွင့် တောင်မကြည့်တော့ပါ။ SKY NET တောင်မှ ပရီးမီးယားပွဲတွေကြောင့် သက် ဆိုး ရှည်နေရခြင်းဖြစ်ပါသည်။

ခုကာလ။ ဖေ့စ်ဘုတ်ခ် ခေါ် လူမှုကွန်ယက်ဆက်သွယ်မှုသည် လေထဲက ဖြန့်ရန်လွယ်သလို ပြန့်လည်း ပြန့်လွယ်ပါသည်။သို့ပါ၍ လက်ကိုင်ဖုန်းများကို ဇွတ်အဓမ္မ ဖွင့် စစ်ဆေးနေခြင်းဖြစ်ပါသည်။ **လေထဲတွင် စတင် အထိုးခံရ၍ ကြောက်သောကြောင့်**။တပ်တွင်းမှာ fb မသုံးရ ဆိုသော သတင်းက သင်းပျံ့ လှိုင်ခဲ့ပါပြီ။

ကြောက်မယ်ဆို ကြောက်လောက်ပါသည်။

ချင်း မတူပီမှာ ဒဗမက မရှုမလှ ကျဆုံးမှုကို တတိုင်းတပြည်လုံး(fb သုံးသူတိုင်း)မမြင်ချင် မရ ေတွ့မြင်နေရသောကြောင့်။


~ပရိုဖိုင် ချိန်းသည့် ဖြစ်ရပ်။ ညွှန်ကြားလွှာ ထွက်သည်ကို သိသည့်နောက် ချိန်းလိုက်ကြသည့် ပရိုဖိုင် ၂သန်းကျော် ၊ ၃သန်းနီးပါး ရောက်သွားပါသည်။ ညွှန်ကြားလွှာကြီးကလည်း လေပေါ်မှာ ပေါလောကြီး ။


~ ကချင်ကို တက်သည့် တပ်တော် ၊ ကသာဖက်မှာ အဖျက်ခံရပါသည်။ အဖျက်ခံရမှာပေါ့။ သင်္ဘော စ ထွက်ပြီဆိုကတည်းက ဘယ်နေရာမှာ ဘယ်နှစ်စီး ဘယ်အချိန်က ဘယ်မြို့ ဆိပ်ကမ်းက ထွက်သွားတယ်ဆိုသော သတင်းက ပြည်မကဖေ့ဘုတ်သုံးသူများတောင် သိရသည့်နောက် ကေအိုင်အေနှင့် ပီဒီအက်ဖ်တို့အတွက် **အိပ်ကပ်ထဲက ပဲလှော် ၊ ဘယ်အချိန် ကောက်ဝါးဝါး

စိမ့် ရုံမှတပါး**။


~NUG…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page