top of page
Search

လူတွေနဲ့ ဝေးဝေး ဝေးတဲ့နေရာကို သွားနေပြီလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 20, 2020
  • 1 min read

တပ်ထဲမှာက ယခုနောက်ပိုင်း ဆရာဝန်မဟုတ်ဘဲ အမျိုးသမီးဗိုလ်လောင်းတွေကို စခေါ်ခဲ့ပါတယ်။ သူတို့ဟာ နောက်တန်းနေရာကိုယူပြီး အခြားအမျိုးသားတွေက ရှေ့တန်းထွက်ဖို့ပါ။

အဲ့ဒီအချိန်မှာ မီးစင်မမတို့ ပေါ်လာတာပါဘဲ။ မီးစင်မမတို့ဟာ အလုပ်သဘောအရ ရာထူးတက်ဖို့ခက်ပါတယ်။ ဒါကြောင့် ယခုလို လွှတ်တော်မှာ အာခြောင်လိုက်ရင် ပြည်သူက မုန်းပေမယ့် အဘက ဝုန်းကနဲဆို ရာထူးတိုးပေးနိုင်ပါတယ်။ ဒါကြောင့် သူပြောနေဆိုနေပုံက စိတ်ပါလက်ပါ အပီအပြင် ဖားနေတာပါ။ ဒါရဲ့အကျိုးဆက်ကဘာလဲ။

တပ်ဟာ မိမိကန့်ကွက်ချင်ရင် မဲပေးကန့်ကွက်လို့ရပါတယ်။ ယခုလို ပြောဆိုတာတွေ ထအော်တာတွေဟာ အင်မတန်မှ တပ်ပုံရိပ်ကို ကျစေပါတယ်။ ဒီနေရာမှာ တပ်ကိုယ်စားလှယ်များဟာ ရွေးကောက်ခံမဟုတ်ပါ။ NLD ကသာ ရွေးကောက်ခံပြီး အနိုင်ရထားတာပါ။ သူက ပြည်သူကို ကိုယ်စားပြုလားဆိုတော့ အမတ်နေရာ အများစုနိုင်ထားတာမိုလို့ ပြည်သူအများစုကို ကိုယ်စားပြုပါတယ်။ သူ့ကိုဆန့်ကျင်တာဟာ တပ်အနေနဲ့ အများစုသော ပြည်သူတွေကို ဆန့်ကျင်နေတာနဲ့ အတူတူပါ။

မြန်မာ့သမိုင်းမှာ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး၊ ရန်ကုန်မြို့ခံစစ်တိုက်ပွဲ၊ ဗကပနဲ့ တရုတ်ဖြူစစ်ပွဲတွေမှာပြည်သူပါခဲ့ပါတယ်။ အထူးသဖြင့် တရုတ်ဖြူကျူးကျော်စစ်မှာ လူငယ်လေးတွေက တပ်ထဲဝင်ပြီး ခံချခဲ့ကြတာပါ။

ယခုလိုသာ ဆက်သွားနေရင်တော့ တပ်ထဲမှာ တပ်သားတွေနည်းသွားပါမယ်။ ဗိုလ်လုပ်ချင်သူကတော့ဆက်ရှိနိုင်ပါတယ်။ ဗိုလ်တွေထဲမှာတောင် စစ်ဆေးဗိုလ်တွေက ထွက်ချင်လို့ တပ်ပြေးစလုပ်နေပါပြီ။နောက်အင်ဂျင်နီယာတွေ၊ ကွန်ပျူတာဆင်းတွေ လိုက်လုပ်နိုင်ပါတယ်။ လေတပ်မှာ ဗိုလ်တွေနဲ့ လေယဉ်မောင်းလို့ရပေမယ့် သူ့ကိုထောက်ပံ့တဲ့ အောက်ကတပ်သားတွေ ပညာသယ်တွေ လိုပါတယ်။ကြည်းတပ်မှာတော့ သူ့အောက်မှာက တပ်သားတွေ ပိုလို့ လိုအပ်ပါတယ်။

ယခုလို ပြည်သူမကြိုက်တာသာ ဆက်လုပ်နေရင် တပ်သားသစ်တွေကို စုဆောင်းရပိုခက်လာပါမယ်။တောကလူတွေက တပ်ထဲမဝင်ဘဲ နိုင်ငံခြားထွက်တာ အပြင်အလုပ်လုပ်တာတွေ လုပ်လာပါမယ်။

ယခုလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် လူတွေနဲ့ ဝေးဝေးသွားပြီး တပ်သားမရှိတဲ့ ပြည်သူမချစ်တဲ့ တပ်ကြီး ဖြစ်သွားပါမယ်။ စဉ်းစားကြပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page