top of page
Search

လွှတ်တော်ကနိုင်ငံ့ဝန်ထမ်းဥပဒေကိုဘာကြောင့်ပြင်ဖို့လိုသလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 1, 2019
  • 1 min read

လႊတ္ေတာ္ကႏိုင္ငံ့ဝန္ထမ္းဥပေဒကိုဘာေၾကာင့္ျပင္ဖို႔လိုသလဲ?

စာေရးသူတို႔တိုင္းျပည္မွာျပႆနာတက္ရင္ဌာနဆိုင္ရာခံု႐ံုးဖြဲ႕စစ္တယ္။ၿပီးရင္မိုးက်ေတြကအေရးယူမခံရတာမ်ားပါတယ္။အစ္ကိုႀကီးညီေလးယဥ္ေက်းမႈလဲရွိေနပါတယ္။လာဘ္ေပးလာဘ္ယူကလဲျပည္ထဲေရးကိုအေရးယူရာမွာအေထာက္အထားရွိရမွာျဖစ္လို႔ၾကာပါတယ္။ယခုျဖစ္ေနတာကျဖဴမဲမသဲကြဲတယ့္ကိစၥေတြမွာပါ။

ဥပမာဇီးပင္ႀကီးကိစၥ၊သက္ေဆြမိန္းမေျပာင္း႐ံုနဲ႔ၿပီးသြားသလိုဇီးပင္ႀကီးလဲအျပစ္မႀကီးဘူးေပါ့။ဒါကလူသိတယ့္ဥပမာပါ။ဝန္ထမ္းဥပေဒမွာလာဘ္စားတာကအေရးယူရလြယ္ေပမယ့္အခ်ိဳးမေျပတာကဥပေဒနဲ႔အေရးယူရခက္ေနပါတယ္။အားလံုးသိတယ့္အတိုင္းျပည္ထဲေရးမွအစေနရာတိုင္းမွာမိုးက်ေတြခန္႔ခဲ့လို႔ျပည္သူကိုဒုကၡေပးေနပါတယ္။ေျခဥကလဲေလာေလာဆယ္မွာျပင္လို႔မရေသးပါ။

ႏိုင္ငံေတာ္မွာတပ္ကဗိုလ္ႀကီးအဆင့္နဲ႔ညီတယ့္ဝန္ထမ္းေတြဗိုလ္မႉးအဆင့္နဲ႔ညီတယ့္ဝန္ထမ္းေတြမ်ားေပမယ့္ဗိုလ္မႉးႀကီးနဲ႔ညီတယ့္အဆင့္မွာေတာ့အထက္ရာထူးမိုလို႔လူနည္းသြားပါၿပီ။ဒီေနရာအမ်ားစုကလဲမိုးက်နဲ႔တပ္ႏြယ္ကိုေပးထားတာပါ။သူတို႔ကအစိုးရကိုကန္႔လန္႔တိုက္ေနတာပါ။လက္ရွိဥပမာကဝီဝီ့ကိုမဖမ္းႏိုင္တာ၊ေအာင္ဝင္းခိုင္လြတ္တာ၊ဒီမိုေတြဆိုဖမ္းတာျမန္တာ၊ဇီးပင္ႀကီးအတြက္စာထုတ္ၿပီးခံု႐ံုးဖြဲ႕စစ္ဖို႔ကူညီတာေတြပါ။

ဒါေၾကာင့္စာေရးသူကေအာက္ေျခဝန္ထမ္းအမ်ားစုဒုဗိုလ္မႉးႀကီးနဲ႔ညီတဲ့အဆင့္ေတြကိုေတာ့လက္ရွိခံု႐ံုးနဲ႔စစ္ၿပီးမွပစ္ဒဏ္ေပးပါ။ဒါေပမယ့္ဗိုလ္မႉးႀကီးနဲ႔ညီတယ့္ျပည္နယ္တိုင္းအရာရွိႀကီးေတြ၊ရဲမႉးႀကီးေတြကိုခံု႐ံုးမဖြဲ႕ဘဲဝကခေတြကျဖဳတ္ႏိုင္ေအာင္အၿငိမ္းစားေပးႏိုင္ေအာင္ဥပေဒကိုျပင္သင့္ပါတယ္။ဥပမာဝီရသူကိုမဖမ္းႏိုင္ရင္ရန္ကုန္ကရဲမႉးခ်ဳပ္ကိုအၿငိမ္းစားေပးတာမ်ိဳးေပါ့။လက္ရွိမွာသမၼတကခန္႔ႏိုင္ျဖဳတ္ႏိုင္ေပမယ့္ဒါဟာျပည္ေထာင္စုဝန္ႀကီးေတြကတဆင့္ပါ။ဝကခေတြေလာက္အေသးစိတ္မသိပါဘူး။ယခုလိုဥပေဒလုပ္ေပးရင္ျပည္နယ္ေတြကိုလုပ္ပိုင္ခြင့္ပိုေပးရာလဲၾကပါမယ္။လႊတ္ေတာ္ကိုလဲအုပ္ခ်ဳပ္ေရးမွာဝင္မစြက္ရဆိုေတာ့ဒီနည္းဟာအေကာင္းဆံုးပါ။

ေနာက္ၿပီးသူတို႔ကိုခန္႔ရာမွာလဲသမၼတို႔ဝန္ႀကီးခ်ဳပ္တို႔ကအဆိုျပဳၿပီးလႊတ္ေတာ္ကၾကားနာအတည္ျပဳတယ့္နည္းကိုစဥ္းစားသင့္ပါတယ္။ဒါကေတာ့ေျခဥနဲ႔ဆိုင္လို႔ၾကာႏိုင္ပါတယ္။

အထက္ကျဖဳတ္ႏိုင္အၿငိမ္းစားေပးႏိုင္တယ့္နည္းကေတာ့မိုးက်ေတြမလုပ္မ႐ႈပ္မျပဳတ္ေတြကိုအျမန္ျဖဳတ္ႏိုင္တယ့္နည္းလို႔ေျပာပါရေစ။လႊတ္ေတာ္အမတ္မ်ားစဥ္းစားပါ။

Unicode version



စာရေးသူတို့တိုင်းပြည်မှာပြဿနာတက်ရင်ဌာနဆိုင်ရာခုံရုံးဖွဲ့စစ်တယ်။ပြီးရင်မိုးကျတွေကအရေးယူမခံရတာများပါတယ်။အစ်ကိုကြီးညီလေးယဉ်ကျေးမှုလဲရှိနေပါတယ်။လာဘ်ပေးလာဘ်ယူကလဲပြည်ထဲရေးကိုအရေးယူရာမှာအထောက်အထားရှိရမှာဖြစ်လို့ကြာပါတယ်။ယခုဖြစ်နေတာကဖြူမဲမသဲကွဲတယ့်ကိစ္စတွေမှာပါ။

ဥပမာဇီးပင်ကြီးကိစ္စ၊သက်ဆွေမိန်းမပြောင်းရုံနဲ့ပြီးသွားသလိုဇီးပင်ကြီးလဲအပြစ်မကြီးဘူးပေါ့။ဒါကလူသိတယ့်ဥပမာပါ။ဝန်ထမ်းဥပဒေမှာလာဘ်စားတာကအရေးယူရလွယ်ပေမယ့်အချိုးမပြေတာကဥပဒေနဲ့အရေးယူရခက်နေပါတယ်။အားလုံးသိတယ့်အတိုင်းပြည်ထဲရေးမှအစနေရာတိုင်းမှာမိုးကျတွေခန့်ခဲ့လို့ပြည်သူကိုဒုက္ခပေးနေပါတယ်။ခြေဥကလဲလောလောဆယ်မှာပြင်လို့မရသေးပါ။

နိုင်ငံတော်မှာတပ်ကဗိုလ်ကြီးအဆင့်နဲ့ညီတယ့်ဝန်ထမ်းတွေဗိုလ်မှူးအဆင့်နဲ့ညီတယ့်ဝန်ထမ်းတွေများပေမယ့်ဗိုလ်မှူးကြီးနဲ့ညီတယ့်အဆင့်မှာတော့အထက်ရာထူးမိုလို့လူနည်းသွားပါပြီ။ဒီနေရာအများစုကလဲမိုးကျနဲ့တပ်နွယ်ကိုပေးထားတာပါ။သူတို့ကအစိုးရကိုကန့်လန့်တိုက်နေတာပါ။လက်ရှိဥပမာကဝီဝီ့ကိုမဖမ်းနိုင်တာ၊အောင်ဝင်းခိုင်လွတ်တာ၊ဒီမိုတွေဆိုဖမ်းတာမြန်တာ၊ဇီးပင်ကြီးအတွက်စာထုတ်ပြီးခုံရုံးဖွဲ့စစ်ဖို့ကူညီတာတွေပါ။

ဒါကြောင့်စာရေးသူကအောက်ခြေဝန်ထမ်းအများစုဒုဗိုလ်မှူးကြီးနဲ့ညီတဲ့အဆင့်တွေကိုတော့လက်ရှိခုံရုံးနဲ့စစ်ပြီးမှပစ်ဒဏ်ပေးပါ။ဒါပေမယ့်ဗိုလ်မှူးကြီးနဲ့ညီတယ့်ပြည်နယ်တိုင်းအရာရှိကြီးတွေ၊ရဲမှူးကြီးတွေကိုခုံရုံးမဖွဲ့ဘဲဝကခတွေကဖြုတ်နိုင်အောင်အငြိမ်းစားပေးနိုင်အောင်ဥပဒေကိုပြင်သင့်ပါတယ်။ဥပမာဝီရသူကိုမဖမ်းနိုင်ရင်ရန်ကုန်ကရဲမှူးချုပ်ကိုအငြိမ်းစားပေးတာမျိုးပေါ့။လက်ရှိမှာသမ္မတကခန့်နိုင်ဖြုတ်နိုင်ပေမယ့်ဒါဟာပြည်ထောင်စုဝန်ကြီးတွေကတဆင့်ပါ။ဝကခတွေလောက်အသေးစိတ်မသိပါဘူး။ယခုလိုဥပဒေလုပ်ပေးရင်ပြည်နယ်တွေကိုလုပ်ပိုင်ခွင့်ပိုပေးရာလဲကြပါမယ်။လွှတ်တော်ကိုလဲအုပ်ချုပ်ရေးမှာဝင်မစွက်ရဆိုတော့ဒီနည်းဟာအကောင်းဆုံးပါ။

နောက်ပြီးသူတို့ကိုခန့်ရာမှာလဲသမ္မတို့ဝန်ကြီးချုပ်တို့ကအဆိုပြုပြီးလွှတ်တော်ကကြားနာအတည်ပြုတယ့်နည်းကိုစဉ်းစားသင့်ပါတယ်။ဒါကတော့ခြေဥနဲ့ဆိုင်လို့ကြာနိုင်ပါတယ်။

အထက်ကဖြုတ်နိုင်အငြိမ်းစားပေးနိုင်တယ့်နည်းကတော့မိုးကျတွေမလုပ်မရှုပ်မပြုတ်တွေကိုအမြန်ဖြုတ်နိုင်တယ့်နည်းလို့ပြောပါရစေ။လွှတ်တော်အမတ်များစဉ်းစားပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page