top of page
Search

လူတွေငတ်ရင် ဆင်းရဲရင် မအလနိုင်မှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 11, 2022
  • 1 min read



အချို့ဘောမပညာရှင်တွေရဲ့ သီအိုရီက ငတ်ရင်လူတွေက ထမင်းရှာစားနေရတယ် ဒါကြောင့်နိုင်ငံရေးမလုပ်နိုင်ဘူး။ ဒါကြောင့် လူတွေကို ငတ်အောင်ဆင်းရဲအောင်လုပ်ထားရင် မအလဆက်အုပ်ချုပ်နိုင်မယ်ဆိုတဲ့ သီအိုရီပါ။ အချို့ကလဲ လူတွေမငတ်ခင် NUG က စစ်နိုင်အောင်တိုက် ဘာညာဆိုပြီးလဲ ပြောကြသူရှိပါတယ်။ သူတို့အယူအဆက နေဝင်း၊ ဘရွှေခေတ်ကို အခြေခံထားပါတယ်။ ဒီအယူအဆ မှန် မှန်လေ့လာကြည့်ရအောင်။

ဘောမများက စစ်ဖြစ်ရင်ငတ်မယ် ငတ်ရင်လူတွေသေမယ် ဒါကြောင့် မအလကိုအညံ့ခံဆိုသူများလဲ ရှိပါတယ်။ ပထမက စစ်ဖြစ်တာဟာ မကောင်းပါ။ အမေစုက စစ်မဖြစ်အောင် တတ်နိုင်သလောက် အလျှော့ပေးခဲ့ပါတယ်။ မအလလူပါးဝ အာဏာသိမ်းလို့ ယခုအခြေအနေကိုရောက်တာပါ။ ဆင်းရဲရင် တော်လှန်ရေးမလုပ်နိုင်ဘူးဆိုတဲ့ မူဝါဒကို စာရေးသူလက်မခံပါ။ မအလကိုတော်လှန်တဲ့ ၈၈ အရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတို့ဟာ လူတွေဆင်းရဲ့လို့ ဖြစ်လာမှာပါ။

အချို့ Gen Lee များ ဘောမများက မအလကိုဆင်းရဲလို့တော်လှန်ရင် ပစ်မှာပေါ့ သေသွားမှာပေါ့ဆိုပြီး ကြောက်သူများလဲရှိပါတယ်။ ဒီနေရာမှာ Gen Lee ကတော့ ကြောက်နေမှာပါ။ ကြောက်လို့မအလကို မတွန်းလှန်ရင် မသေဘူးလား?

စာရေးသူတို့မှာ ရွေးစရာက နှစ်လမ်းသာရှိပါတယ်။ မြောက်ကိုရီးယားလို ငုံ့ခံမှာလား ပြန်တော်လှန်မလားဆိုတာပါ။ ပထမ မြောက်ကိုရီးယားလို မတော်လှန်ရင် မအလဆက်အုပ်ချုပ်နိုင်ပါမယ်။ သူ့လက်အောက်ငယ်သားတွေ အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားမှာ ငပေါတွေအုပ်ချုပ်လို့ လူတွေငတ်ပြီး အနည်းဆုံး ခြောက်သိန်းကနေ ၃.၅သန်းအထိ သေခဲ့ပါတယ်။၁၉၉၃ ကနေ ၂၀၀၀ အတွင်း လူ ၆ သိန်းနီးပါးငတ်လို့သေခဲ့ပါတယ်။ စာရေးသူတို့ ယခုတော်လှန်လို့သေတာ သောင်းဂဏန်းမပြည့်သေးပါ။ သေတာမကောင်းပေမယ့် မတိုက်လဲ မတော်လှန်လဲငတ်လို့သေနိုင်တယ်ဆိုတာကို ပြောပြလိုတာပါ။ ဒါ့အပြင် ငပေါလေးက သူ့တိုင်းသူပြည်သားတွေကို နိုင်ငံခြားမှာကျွန်လုပ်သားအဖြစ်ရောင်းစားတာလဲ ခံနေရပါတယ်။

ဒါဆိုရင် မြန်မာပြည်မှာ လူတွေက ဆင်းရဲလာရင် နိုင်ငံရေး မလုပ်ကြတော့ဘူးလား? ၁၉၈၈ ကနေ၂၀၀၁ ခုနှစ်အထိက နိုင်ငံရေးဆိုတာ ပါတီရယ် ဆန္ဒပြတာရယ်သာ ရှိခဲ့တာပါ။ ယခုအချိန်မှာလက်နက်ကိုင်လမ်းစဉ်က ရှိနေပြီးသားပါ။ အချို့လူတွေက ယခုအချိန်မှာ မအလကိုသီးခံနေပေမယ့် ငတ်လာရင် လက်နက်ကိုင်လာမှာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ လူတွေငတ်လာရင်နိုင်ငံခြားကလူတွေက အုပ်ကြီးတွေကို ဘယ်စျေးပေးမယ် မုန့်ဟင်းခါးကျွေး၊ ဘယ်စစ်ဗိုလ်ကို၊ဘယ်ဗိုလ်မှူးမိန်းမကို၊ ဘယ်ဗိုလ်ချုပ်ကို မုန့်ဟင်းခါးကျွေး ဘယ်လောက်ပေးမယ်ဆိုတဲ့ စျေးကွက်တွေလဲ ပေါ်လာမှာပါ။

အကျဉ်းချုပ်သုံးသပ်ရရင် တိုင်းပြည်ပိုဆင်းရဲလာရင် ပြည်သူတွေပိုငတ်လာရင် မအလဘောမတွေထင်သလို နိုင်ငံရေးမလုပ်နိုင်တာမဟုတ်ဘဲ အုပ်ကြီးစျေးကွက်၊ ဗိုလ်စျေးကွက်တွေပေါ်လာမှာပါ။ နောက်လူတွေက မတော်လှန်လဲ မြောက်ကိုရီးယားလို ငတ်သေနိုင်ပြီး တော်လှန်ခဲ့ရင်တောင်ကိုရီးယားလို အဆင်ပြေနိုင်တာပိုသိလာကြရင် ငတ်နေလဲ သေမထူး နေမထူးမို့ မအလစစ်တပ်ကို ပိုတော်လှန်လာကြမှာပါ။ အရေးကြီးတာက ငတ်တာက မြန်မာပြည်ထဲမှာဖြစ်ပြီးပြည်ပ ထောက်ပို့တွေက အုပ်ကြီးစျေး၊ ဗိုလ်စျေး၊ ဗိုလ်ကတော်၊ ဗိုလ်မိဘစျေး ပေါ်လာနိုင်လို့ မအလအတွက်တော့ အလားအလာမကောင်းပါလို့ ပြောပါရစေ။ ဒါကြောင့် ပြည်သူတွေဆင်းရဲရင်ငတ်ရင် မအလသာ ပိုဒုက္ခရောက်မှာပါလို့ ကြိုပြောထားပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page