top of page
Search

လေတပ် အနေမတတ်ခဲ့ရင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 30, 2021
  • 1 min read

လေတပ်ချုပ်ရဲ့ မိသားစုဟာလဲ မအလအဖွဲ့ဝင်ဆိုတာ အားလုံးသိမှာပါ။ သူ့အဖေက မဆလဆိုကထဲကမကောင်းဖို့က သေချာသလိုဖြစ်သွားခဲ့ပါပြီ။ ဒါပေမယ့် သူ့လက်အောက်က လေယဉ်မောင်းသူ ရဟတ်ယဉ်မောင်းသူများအနေနဲ့ စဉ်းစားရပါမယ်။

ယခုအချိန်မှာ ပြည်သူ့တပ်မတော် PDF တွေကို ဒုက္ခပေးနေတာ ရဟတ်ယဉ်တွေပါ။ မင်းတို့က မိုင်းကိုရှောင်နိုင်အောင် လူတွေသယ်ပို့၊ ရိက္ခာတွေသယ်ပို့နေတာ ပြည်သူတွေကသိသလို PDF နဲ့ ရွာတွေကိုရန်သူသဖွယ်ပစ်ခတ်နေတာလဲ အားလုံးက သိနေပါတယ်။

ဒီနေရာမှာ ငါ့ညီတို့အနေနဲ့ လေထဲကနေ ပစ်နေရလို့ လုံခြုံတယ်လို့ မထင်ပါနဲ့။ ငါ့ညီတို့ မိသားစုတွေ၊မိဘနာမည်တွေ လိပ်စာတွေ၊ သားသမီးနာမည်တွေကို ပြည်သူတွေက သိနေပါတယ်။ ငါညီတို့ မကွေး၊မုံရွာ၊ တံတားဦး၊ မိတ္ထိလာနဲ့ ကျောက်ထုက တက်လာတာကိုလဲ ပြည်သူတွေက သိနေပါတယ်။ ရေရှည်မှာ အဆိုပါနေရာမှာရှိတဲ့ ညီလေးတို့မိသားစုတွေ ဒုက္ခရောက်နိုင်ပါတယ်။ မအလက နေပြည်တော်ကမြေအောက်ထဲမှာ နေတာပါ။ ငါ့ညီတို့ မိသားစုကို ဘယ်သူကမှ လာမကာကွယ်ပေးပါဘူး။ မင်းတို့ကသတ္တိရှိရင် ငါတို့ကိုလာပစ်လို့ပြောရင် ငါ့ညီတို့က သူတို့ရွာတွေကို ပစ်နေတာက ပိုပြီး သူရဲဘောကြောင်လွန်းပါတယ်။

ယခုဟာက လေထဲက လက်ယားနေသူတွေ ဆင်ခြင်နိုင်အောင်ပါ။ မိမိ မိသားစုထိမှ မငိုပါနဲ့။ PDF မိသားစုတွေကိုထိရင် ပြည်သူကိုထိရင် ပြည်သူက ဒဏ်ပြန်ခတ်မှာပါ။ ရင်ကြားစေ့ရေးက ရာဇဝင်ထဲမှာ ကျန်ရစ်ခဲ့ပါပြီ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page