top of page
Search

လေတပ်၏ ပစ်ချက်များ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 21, 2021
  • 1 min read

ယခုရိုက်ပိုင်းအတွင်း ဖြစ်စဉ်သုံးခုလောက် ရှိခဲ့ပါတယ်။ စစ်ကိုင်းက ရွာအချို့ကို မအလလေတပ်က ရဟတ်ယဉ်ပေါ်ကပစ်တာပါ။ အရပ်သားများစွာသေခဲ့ပါတယ်။ ဒါဟာ စစ်ရာဇဝတ်မှုပါ။ ဒါ့အတွက်လေတပ်တာဝန်ရှိသူနဲ့ ၎င်း၏ မိသားစုဝင်များဟာ ပြည်သူ့တရားဥပဒေနဲ့အညီ ပြန်ပေးဆပ်ရမှာပါ။ ဒါကရှင်းပါတယ်။

ကရင်နယ်မှာက လေတပ်ကလာပေမယ့် ပစ်မရပါ။ သူ့တပ်အဝိုင်းခံထားရလို့နဲ့ ထိုင်းနယ်စပ်နဲ့ ကပ်နေလို့ပါ။ အတွင်းပိုင်းဆိုရင်တော့ ပစ်မှာပါ။ ဒါကြောင့် မိမိတို့ရဲ့ ပင်မခံစစ်ကြောင်းနေရာတွေမှာ ဗုံးခိုကျင်းတူးထားပါ။

နောက်ဆုံးက မုံးကိုးကိစ္စပါ။ မုံးကိုးက ရန်သူ့စခန်းကို တက်သိမ်းဖို့ကြိုးစားရာမှာ ဗျူဟာမှူးက ဖိအားပေးလို့ အောက်ကကောင်တွေက ထိုးစစ်ဆင်ပါတယ်။ အပေါ်ကပစ်နေတဲ့ ကိုးကန့်က PDF လို တူမီးကိုင်ထားတာ မဟုတ်ပါ။ ဟိုကလဲ ခံပစ်ပါတယ်။ ဒါကို ဖြိုချဖို့ လေတပ်ကို စစ်ကူခေါ်ပါတယ်။ စစ်ရေးလေ့ကျင့်ထားတာကတော့ လှလို့ပေါ့။ တကယ်တမ်းမှာ ရန်သူနဲ့က သိပ်ကပ်နေပြီး မအလလေတပ်ကဗုံးကလဲ အမေရိကန်တပ်လို လေဆာနဲ့GPS location ရှာ ပစ်တာမဟုတ်ပါ။ ကပ်နေတဲ့အချိန် အမိန့်အရ အမြန်သိမ်းဖို့ ကြိုးစားရာမှာ မိမိလူမိမိ ဗုံးကျဲသလိုဖြစ်သွားခဲ့ပြီး အသေအပျောက်က ပိုများသွားခဲ့ပါတယ်။ တချိန်ထဲမှာ ဘယ်သူက ဆေးထိုးလိုက်တယ်မသိတဲ့ ထိုလေယဉ်မောင်းက ဖရဲသီး ဘာညာဆိုတော့ ထိုသူကို နမ့်ဆန်လေတပ်စခန်းမှာ ထိန်းသိမ်းထားပြီး သူ့ဖုန်းတွေကို NUG နဲ့ အဆက်အသွယ်ရှိလား NUG ငွေတိုက်စာချုပ်ဝယ် မဝယ်စစ်နေပါတယ်။ တကယ်က သူက အဘဘောမရင်း အမိန့်နာခံရင်း ဖြစ်သွားတာလို့ထင်ပါတယ်။ စစ်ကိုင်းကအကောင်ကို လူသတ်လို့ ရာထူးတိုးပေမယ်ဆိုတာကို အားကျလို့ လိုက်လုပ်ရင်း ဖြစ်တာလား တကယ်ဖရဲသီးလားတော့ မသိပါ။ ပုံမှန်မှာက စစ်ရေးမအောင်မြင်ရင် mission failed ဆိုရင် ခုံရုံးဖွဲ့ အစစ်ခံနေကြပါ။ တကယ်တာဝန်ရှိသူက ကြည်းတပ်ကပေါ့။ သူက တပ်ချင်းကပ်နေတာကို ပစ်ကူခေါ်လို့ ဖြစ်တာပါ။ ယခုကတော့ ကြည်းတပ်က သူစစ်ရှူံးတာဟာ လေတပ်ကြောင့်ဆိုလို့ အစစ်ခံရတာ မြန်သွားတာပါ။

အကျဉ်းချုပ်ရရင် NUG ရော၊ တိုင်းရင်းသား လက်နက်ကိုင်တွေရော ‌ရဟတ်ယဉ်နဲ့ အနိမ့်စားလေယဉ်တွေ ပစ်ချလို့ရတဲ့ FN 6 လောက်တော့ မိမိတို့ရဲ့ မြေပြင်ဌာနချုပ်စခန်းနဲ့ မကွေး၊ မိတ္ထီလာ၊ နန့်စမ်၊ နေပြည်တော်နဲ့ ရန်ကုန်လေဆိပ်နားမှာ ထားနိုင်ရင် အကောင်ကြီးကြီး မိနိုင်မှာပါ။ CDM လုပ်တဲ့ လေတပ်ကို ကြိုဆိုပြီး CDM မလုပ်တဲ့ လူသတ်တဲ့ လေတပ်ကို တာလီဘန်လုပ်သလို အပြစ်ပေးနိုင်အောင် ကြိုးစားပါ။ စာရေးသူတို့ မအလတပ်ထဲက အဘတွေက တကယ်လုပ်ပြရင် မအလကအစ ကြောက်တတ်ပါတယ်။ ဟိုနေ့က ဘုရားထီးတင်တာတောင် ကျည်ကာနဲ့ဆို အခြေအနေကို သဘောပေါက်မှာပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page