top of page
Search

လေတပ်ကြောင့်မအလတပ်နိုင်မလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 21, 2021
  • 1 min read

အဘပဘာမများက မြေပြင်ပေါ်မှမနိုင်ရင် လေယဉ်ကူ ရဟတ်ယဉ် ပစ်ကူခေါ်ပြီး တိုက်လေ့ရှိပါတယ်။ အချို့ကသူတို့ရဲ့လေတပ်အင်အား သာလွန်မှုကြောင့် pdf တွေကို နိုင်မယ်လို့ထင်ထားပါတယ်။ သူတို့ထင်သလိုတကယ်နိုင် မနိုင်လေ့လာကြည့်ရအောင်။

လေတပ်အင်အားသာလွန်မှုဟာ နိုင်ငံအချင်းချင်းစစ်တိုက်ရာမှာ အသုံးဝင်ပါတယ်။ ဥပမာ အီရတ်က ကူဝိတ်ကို ဝင်သိမ်းတာ၊ အမေရိကန်က အီရတ်ကို ဝင်သိမ်းတာ၊ ဆိုဗီယက်နဲ့ အမေရိကန်က အာဖဂန်ကို ဝင်သိမ်းတာနဲ့ ရုရှားက ယူကရိန်းကို ဝင်သိမ်းတာတွေပါ။ အစ္စရေး-အာရတ် စစ်ပွဲလဲ ထို့အတူပါဘဲ။ ဒါဆို ဘောမတွေပြောသလို မအလက လေတပ်ရှိလို့ နိုင်မှာလား?

ကမ္ဘာပေါ်မှာ အမေရိကန်နဲ့ ရုရှားရဲ့ လေတပ်အင်အားက အကောင်းဆုံးဆိုတာ အားလုံးလက်ခံမှာပါ။ အဆိုပါလေတပ်အင်အားကောင်းတဲ့ အမေရိကန်နဲ့ ရုရှား အာဖဂန်စစ်မြေပြင်မှာ ဘာဖြစ်သွားခဲ့လဲ အားလုံးသိမှာပါ။ လေကြောင်းဟာ ရန်သူထွက်လာမှ ပစ်လို့ရတာပါ။ ရန်သူနဲ့မိမိတပ်က ကပ်နေရင် ပစ်ရခက်သလို အကုန်အကျလဲ အင်မတန်များပါတယ်။ ဗုံးတစ်လုံးကြဲချရင် ဒေါ်လာထောင်ချီကုန်ပါတယ်။ မောင်းသူမဲ့ဆိုရင် သန်းချီပါတယ်။ နောက်တပ်တွေကို ပို့ဆောင်ရတာကဆီလိုပါတယ်။ နောက်မအလ ရဟတ်ယဉ်အများစုဟာ မောင်းလို့ရတဲ့ နာရီထက်ပိုနေပါပြီ။ ဥပမာကားမိုင်တစ်သိန်းခွဲကျော်သလိုပေါ့။ အောက်က ပစ်မချရင်တောင် သူ့ဖာသာ ပျက်ကျနိုင်ပါတယ်။ ဒါဆို တာလီဘန်နဲ့ ဗီယက်ကောင်းတွေ ဗုံးကို ဘယ်လိုရှောင်ခဲ့သလဲ။

ပထမစည်းကမ်းက မြေပြင်မှာ PDF ခေါင်းဆောင်များ အစုလိုက်အပြုံလိုက် မျက်နှာချင်းဆိုင်တွေ့တာကို ရှောင်ပါ။ အားလုံးစုတာ သတင်းပေါက်ရင် ဗုံးကြဲရတာ လွယ်လို့ပါ။ ဒုတိယက ရဟတ်ယဉ် မောင်းရခက်တဲ့ တောင်ကြားတွေ၊ လှိုင်ဂူတွေထဲမှာသာ တွေ့ပါ။ မြေပြန့်မှာ မဖြစ်မနေ တွေ့ရမယ်ဆိုရင် သစ်တောထူတာကိုရွေးပြီး မိမိတို့တွေ့မည့်နေရာကို ကာကင်းချပြီး အဝင်လမ်းတွေကိုမိုင်းချ ကင်းချထားပါ။ မိမိတို့တွေ့ရာနေရာနားမှာ ဗုံးခိုကျင်းတူးထားပါ။ နောက် ခွာစစ်ဆင်ရမယ့်လမ်းကြောင်းကို ရှာထားပါ။ PDF တွေအနေနဲ့ စခန်းမချဘဲ ပြောက်ကျားစနစ်နဲ့ ဖြတ်တိုက်နေသရွေ့ သူ့ဘက်က အသေအပျောက်များနေမှာပါ။ နယ်မြေစိုးမိုးဖို့က လူလိုပါတယ်။ မအလတပ်မှာ အဆိုပါထိုးစစ်မျိုးလုပ်ဖို့ လူအလုံအလောက်မရှိပါ။ အမေရိကန်ဟာ အီရတ်မှာ အစပိုင်း ဆွန်နီတွေ ဝိုင်းတိုက်တာခံရတာကို ပြန်တိုက်ဖို့ မြေပြင်တပ်များစွာကို သုံးခဲ့ရပြီး ဆွန်နီတွေနဲ့ နိုင်ငံရေးအရ အပေးအယူ လုပ်ခဲ့ရပါတယ်။ ဆီးရီးယားမှာ အာဆတ်နိုင်တာက ရုရှားဗုံးကြဲပေးလို့မဟုတ်ဘဲ သူ့ဘက်က သူနဲ့ဘာသာတူ လက်ဘနွန်က ဟစ်ဘိုလာက ဝင်ကူတိုက်ပေးလို့ပါ။

နောက်တာလီဘန်က အာဖဂန်လေတပ်အားနည်းအောင် အာဖဂန်လေတပ်အရာရှိတွေကို သူတို့တပ်ထဲမှာ ဗုံးခွဲတိုက်ခိုက်တာ၊ သူတို့ မိသားစုတွေကို ဓားစာခံအဖြစ်ဖမ်းတာ လေယဉ်တွေကိုမြေပြင်မှာ ဖောက်ခွဲတာ၊ ရဟတ်ယဉ်ကို ဖောက်ခွဲတာ၊ လေတပ်ထဲ ဝင်မရရင် ထိုလေယဉ်မှူးတွေရဲ့ မိဘတွေကို သတ်တာ ပြန်ပေးဆွဲတာတွေကို တာလီဘန်က လုပ်ခဲ့ပါတယ်။ သူတို့နည်းတွေကမှတ်သားစရာတွေပါပါတယ်။ လေယဉ်မောင်းသင်တာက ကားမောင်းသင်သလို ကြာတတ်လို့အဆိုပါ လေယဉ်နဲ့ ဆက်စပ်သူတွေကို ဖိအားပေးခြင်းဖြင့် အာဖဟန်လေတပ် လှုပ်မရဖြစ်ခဲ့ပါတယ်။ သူတို့လဲ သူတို့မိန်းမ၊ ကလေးတွေ မိဘတွေ အဖမ်းခံထားရတော့ ကြောက်မှာပါ။ သူတို့မိသားစုကို ဖမ်းတာ တရားလားလို့ လူ့အခွင့်အရေးအဖွဲ့တွေက မေးစရာရှိပြီး အဆိုပါလေယဉ်မောင်းသူတွေက နှမ်းခါးရွာမှာလို အပြစ်မဲ့ရွာသားတွေကို ပစ်သတ်တာရော တရားလားလို့ ပြန်မေးစရာရှိလာမှာပါ။ ခေတ်သစ်က အနောက်မြောက်တိုင်းက လေတပ်စာရင်းတင်ထားလို့ ဖရဲသီးများကတဆင့် မိသားစုကို နာမည်နဲ့ လိပ်စာကို ပြည်သူ့အားနဲ့ လိုက်နိုင်မှာပါ။ ရဟတ်ယဉ်များက မုံရွာက တက်ပေမယ့် အထိုင်က မကွေးလေတပ်စခန်းနဲ့ မိတ္ထီလာပါ။ ဒါကတာလီဘန်လုပ်တာကိုလေ့လာနိုင်အောင်သာ ရေးတာပါ။ သူကတပ်ထဲနေသူတွေကို ဘယ်လိုကိုင်ရမလဲဆိုတဲ့နည်းပါလုပ်ပြသွားတာ မှတ်သားစရာတွေပါ။

အကျဉ်းချုပ်ရရင် စစ်ဆိုတာ အသေအပျောက်ရှိစမြဲပါ။ မိမိအတိုက်ခံရရင် သင်ခန်းစာယူပြီးအနာဂတ်အတွက်ပြင်ပါ။ လေတပ်အားကောင်းရုံနဲ့ ရုရှားနဲ့ အမေရိကန်တောင် မနိုင်ခဲ့လို့ မအလလေတပ်လောက်နဲ့တော့ မနိုင်နိုင်တာ မြေကြီးလက်ခတ်မလွဲပါလို့ ပြောပါရစေ။ ပြည်သူသာအဓိကပါ။ ပြည်သူတွေက သတင်းပေးပြီး လေတပ်နဲ့ ၎င်းကိုထောက်ခံအားပေးသုများကို မြေပြင်မှာ မုန့်ဟင်းခါးများများ ကျွေးနိုင်ပါစေ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

1 Comment


Zwe Htet Aung
Zwe Htet Aung
Dec 23, 2021

ခုချိန်မှာ ဒေသခံတွေကိုဒုက္ခအပေးဆုံးကရဟတ်ယာဥ်ပါ။သေနတ်တောင်မစုံသေးတော့ FN 6 လိုMANPAD မျှော်လင့်လို့မရဘူးပေါ့။အဲ့တော့ ရှောင်တာကသာအဓိကဖြစ်လိမ့်မယ်။သတင်းပေးတွေကိုထောက်လှမ်းရှင်းလင်းတာ။နေရာတစ်တည်းစုမနေတာ။နောက် အင်တာနက်ဖြတ်ထားတော့ ရဟတ်ယာဥ်သတင်းချက်ချင်းမရနိုင်ဘူး။အဲ့ဒါဆိုရင် အင်တာနက်ရတဲ့နေရာကပင်တိုင် သတင်းတင်ပေးရပါမယ်။ထိုသူကို ပြည်သူတွေက ချက်ချင်းအကြောင်းကြားရပါမယ်။ဖုန်းလိုင်းပါပြတ်ရင် satellite ဖုန်းနဲ့ဆက်သွယ်ပါ။နောက် သက်ဆိုင်ရာဒေသများကိုဖုန်းနဲ့ပြန်အကြောင်းကြားပါ။ဒီနေရာမှာ ရဟတ်ယာဥ်က တက်ချင်တဲ့နေရာကတက်မရပါ။facility base ကနေသာတက်ရပါမယ် လေတပ် လေဆိပ် နမခ တွေကဖြစ်နိုင်ပါတယ်။လေယာဥ်တက်တာနဲ့ချက်ချင်းသတင်းပို့ကြပါ။mi 35p အမျိုးအစားရဟာတ်ယာဥ္ဟာ ဆီအပြည့်ဖြည့်ရင် ၁၀၀၀km ထိသွားနိုင်ပါတယ်။အဲ့တော့ fn 6 လိုmanpad မဝယ်နိုင်လို့ စိတ်ပျက်စရာမရှိပါဘူး။လက်နက်ငယ် ကျည်အပြည့်အစုံ motars နောက်ပွင့် စိန်ပြောင်း rpg ဖျက်အားပြင်းအဝေးထိန်းမိုင်းမျိုးစုံ ရှိနေရင် စစ်တပ်ဟာ လေယာဥ္ တွေဘယ်လိုးသုံးနိုင်နိုင် လေယာဥ္ ဆီကိုတော့ ကားနဲ့သာပို့နိုင်ပါတယ်airtanker တွေစစ်တပ်မှာမရှိပါ။အဲ့တော့ ကုန်းကြောင်းစိုးမိုးထားနိုင်ရင် ပထမ ဆီပြတ်မယ် ဆီပြတ်လျု့ ရဟာတ်ယာဥ္ မထွက်နိုင်ရင် ရှေ့တန်းစခန်း ကုန်းကြောင်းဖြတ်တောက်ခံထားရတဲ့စခန်းတွေ လက်နက်ရိက္ခာ ပြတ်လာပြီးရင် တိုက်စရာတောင်မလိုတော့ပါဘူး။အဲ့တော့လက်တလောမှာတော့ အပေါ်ကပြောထားတဲ့ရှောင်နည်းတွေကိုသားသုံးနိုင်ရပါမယ်။ပြည်သူတွေအနေနဲ့ တော်လှန်ရေးကိုအားဖြည့်အစွမ်းကုန်လုပ်ပါ။နိုင်ငံခြားမှာအပီးအခြေမချနိုင်သူတွေ မိမိကိုယ်ကျိုးကိုပဲကြည့်နေရင် ငတ်တဲ့ပြည်သူတွေလုတာခိုးတာ။စစ်ခွေးတွေ လုတာခိုးတာသတ်တာ တော်လှန်ရေးကြာလေများလေဖြစ်လာမယ်။

​ေနေ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page