top of page
Search

လေးစားထိုက်သော နိုင်ငံခြားရောက်မဲပေးသူများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 3, 2020
  • 1 min read

စာရေးသူအနေနဲ့ ပြည်သူတွေမဲပေးနိုင်ခြေရှိ မရှိကို နိုင်ငံခြားရောက် မြန်မာတွေ ဘယ်လောက်မဲထွက်ပေးမလဲဆိုတာနဲ့ စောင့်ကြည့်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယခင်က စာရေးသူတို့က ပြည်သူတွေကဘယ်လောက် NLD ကိုထောက်ခံကြောင်း ရေးချိန်မှာ အချို့ပညာရှင်များ၊ အဘနောက်လိုက်များကလဲပြည်သူကစားစရာမရှိ ရွေးကောက်ပွဲကို ဂရုမစိုက်နိုင်ဘူးဆိုပြီး ရေးကြသလို ရွေးကောက်ပွဲမှာ မဲပေးသူနည်းလာရင် ရွေးကောက်ပွဲနိုင်လဲ တရားမဝင်နိုင်သလို အဘပုမှသည် PPP၊ ကိုကိုကြီးနဲ့ ဖွတ်အဖွဲ့အဆုံး ပြောလာတာ တွေ့ရပါတယ်။



ဒီအပတ် ပြည်ပမှာ မဲပေးတာ စတာမိုလို့ စာရေးသူအနေနဲ့ နိုင်ငံခြားက လာမဲပေးတာတွေကို လေ့လာခဲ့ပါတယ်။ ယခုအချိန်မှာ နိုင်ငံခြားမှာလဲ ကိုဗစ်ဒုတိယလှိုင်းဖြစ်နေလို့ အခက်အခဲတွေဟာ တိုင်းပြည်တိုင်းမှာရှိပါတယ်။


ပထမဆုံး တွေ့လိုက်တာက စင်ကာပူပါ။ စင်ကာပူမှာ မဲလာပေးသူတွေဟာ ယခင်ကလို များပြားလာတာတွေ့ရပါတယ်။ လမ်းဟိုဘက် ဒီဘက်ကို တန်းစီနေကြတာပါ။ ကိုဗစ်ရှိလို့ အဆိုပါမဲလာပေးသူတွေဟာ အခက်အခဲကြားက အသက်ကို ပဓာနမထားဘဲ လာပေးကြတာပါ။ လာပေးသူအရေအတွက်ကတော့ ၂၀၁၅ ထက်မနည်းတာတွေ့ရပါတယ်။


ဒုတိယကတော့ ထိုင်းမှာပါ။ ထိုင်းနိုင်ငံက ကျယ်ပါတယ်။ နောက်အချို့တွေက အခြေခံအလုပ်တွေလုပ်ကြတာပါ။ ဒီကြားထဲက မြန်မာနိုင်ငံသားများဟာ မဲပေးဖို့ ခရိုင်များစွာ ပြည်နယ်များစွာကိုဖြတ်ပြီးမဲလာပေးတာတွေ့ရပါတယ်။ ပဲခူးဒေသခံ ညီငယ်တစ်ယောက်ဆို NLD ကိုမဲပေးချင်လို့ ထိုင်းမှာ မြို့များစွာကို ဖြတ်ကျော်ပြီး ဘန်ကောက်ကို လာခဲ့ရတယ်ဆိုတာ ပြောသွားခဲ့ပါတယ်။


တတိယကတော့ ဂျပန်မှာပါ။ ဂျပန်မှာလဲ မဲလာပေးသူတွေဟာ ၂၀၁၅ ကလို များပြားတာတွေ့ရပါတယ်။ သူတို့လဲ အခက်အခဲကြားက လာကြတာပါ။ အခက်အခဲတွေကြားက တန်းစီကြပါတယ်။ ဂျပန်က NLD အမာခံနေရာပါ။ မဲလာပေးသူရဲ့ ၉၈% လောက်က NLD လို့ မှန်းလို့ရပါတယ်။


အထူးခြားဆုံးက ကိုရီးယားမှာပါ။ ကိုရီးယားယောက် မြန်မာတွေဟာ အလုံးအရင်းနဲ့လာပြီး မဲပေးကြတာကို အားရဖွယ်ရာတွေ့ရပါတယ်။ ကိုရီးယားမှာလဲ မြန်မာတွေဟာ နယ်မြို့တွေကနေ ဒုက္ခဆင်းရဲမျိုးစုံခံပြီး ပြည်သူ့အစိုးရကို မဲပေးဖို့ လာခဲ့ကြပါတယ်။ ဒါပေမယ့် ကိုရီးယားက မြန်မာသံရုံးရဲ့ စီမံခန့်ခွဲမှုဟာ ညံ့ဖျင်းတာတွေ့ရပါတယ်။ ကိုရီးယားဟာ နည်းပညာတိုးတက်တဲ့ တိုင်းပြည်ပါ။ လိုင်းပေါ်ကနေကြိုပြီးတော့ ရက်ချိန်းယူတာတွေဘာတွေ လုပ်ခဲ့သင့်ပါတယ်။

သံရုံးနေရာ မလုံလောက်ရင်လဲ သံအမတ်အိမ်တော်မှာ နေရာခွဲပြီး မဲပေးခိုင်းတာ လုပ်သင့်ပါတယ်။ယခုကတော့ ကိုရီးယားက မဲပေးလိုသူ ပြည်သူတွေကို ကိုရီးယားက မြန်မာသံရုံးက စော်ကားလိုက်သလိုပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ မိမိသံအမတ်ကြီးကို ဘာဖြစ်နေတာလဲ မေးသင့်ပါတယ်။သံအမတ်ကြီးဟာ ၂၀၁၉ ဇွန်လကမှ အသစ်ခန့်ထားတဲ့ ဦးသန့်စင်ပါ။ DASSK နဲ့ Facebook က ပြောရာမှာလဲ ပါခဲ့သူပါ။


နောက်အပတ်မှာ ဩဇီ၊ မလေးရှားနဲ့ ဥရောပမှာ မဲပေးတာစမှာပါ။ နိုင်ငံခြားက မဲအများစုဟာ NLD ကိုပေးမှာက ၉၈% ပါ။ ပြည်သူတွေက အခက်အခဲတွေ ကိုဗစ်ကြောင့် ပိတ်ဆို့ခံရတာတွေ ကြားထဲက မဲလာပေးကြတာပါ။ လာပေးသူ ပြည်သူများကို ကျေးဇူးတင်ရပါတယ်။ အစိုးရအနေနဲ့ မိမိနိုင်ငံသားတွေမဲလာပေးရလွယ်အောင် မိမိသံအမတ်ကြီးများကို ဦးစားပေးအနေနဲ့ လုပ်ခိုင်းပါ။ မလုပ်နိုင်သူများကိုဖြုတ်လိုက်ပါ။ ဒါဆိုရင် နောက်သံအမတ်ကြီးတွေ သဘောပေါက်သွားပါမယ်။ မြန်မာလူမျိုးက ဖြုတ်မှကြောက်တာပါ။ အချို့နေရာတွေမှာ မိုးကျတွေက ဒုက္ခပေးသလို အချို့နေရာတွေမှာက ယခင်အဘနဲ့ပိုင်ပြီး နိုင်ငံခြားရုံးမှာနေရာ အလုပ်ရပြီး သံအမတ်ဖြစ်လာသူများကလဲ တမင်ဖြစ်ဖြစ် တမင်မဟုတ်ဘဲစီမံခန့်ခွဲမှုညံ့လို့ဖြစ်ဖြစ် ဒုက္ခပေးနေတာတွေ့ရပါတယ်။ သူတို့ထဲက တစ်ယောက်လုပ်ကို နမူနာဖြုတ်ပြလိုက်ရင် အဆင်ပြေသွားမှာပါလို့ အစိုးရကို အကြံပေးပါရစေ။ အချို့ကိစ္စတွေက မေတ္တာနဲ့ မတန်ပါ။

အခက်အခဲကြားက အသက်ကိုပဓာနမထားဘဲ ကိုဗစ်ကိုအန်တုပြီး မဲလာပေးတဲ့ မိမိနိုင်ငံကိုချစ်တဲ့နိုင်ငံသားများကိုတော့ ကျေးဇူးတင်ကြောင်း ပြောပါရစေ။


Photo credit: Irrawaddy, Maung Tun Wai, Original uploader



 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Oct 04, 2020

ဦးမြတ် ! တင်ထားသော စာသား ၊ပုံများအရ. (ဘဘဦးတင်မောင်ဇတ်ထဲက ဗကဘိုးဘိူးကြီး စကား ခဏအငှားသုံး) ပြောရလျှင်ဖြင့်

***မြားစကြာ ကတော့ အားတက်စရာပါပဲ မောင်ကာဠုရေ***။


ဒါ့ကြောင့် နိုင်ငံရပ်ခြားက မြန်မာပြည်သူပြည်သားအားလုံးကို ဂုဏ်ပြုခွန်းဆက်တေး ရွေးထုတ်ထားပါသည်။

မေသက်ထားဆွေ သီဆိုထားသော

***အဝေးရောက် ချစ်သူ ***


ရေမြေတွေ ခြားနေပေမယ့်

ခေါ်သံလေး

နားထဲ​ကြား သလိုပဲ။

အဆင်ပြေပါ့မလား

တွေးရင်းနဲ့ ရင်မှာ

နင် နေမှကောင်းရဲ့လား။


မိုင်ထောင်ချီ ဝေးနေပေမယ့်လည်း

နင်က ငါ့အနား

အမြဲရှိနေသလိုပဲ

ယုံကြည်လိုက် ချစ်သူရယ်

အတူတူပဲ တွေးရင်း

စိတ်ပူတယ်။


ဘယ်ဆီမှာများလဲ

ဘယ်ရင်ခွင်နားမလဲ

ဒီအချိန်ဆို ဘယ်သူနဲ့ ရှိနေမလဲ

မပြောင်းလဲတဲ့ အချစ်တွေနဲ့

ထာဝရ

မင်း တယောက်ထဲကိုပဲ။


ယုံကြည်သူ မင်းရဲ့

ပြန်လာရင် ပွေ့ဖက်

ရှောင်ဖယ်ကာ

ဟိုး အဝေး သွားပါနဲ့။

ငါ့ဘဝရဲ့ နားခိုရာ

အေးချမ်းခြင်း ဆောက်တည်ရာ

ယုံကြည်ပါ ၊ ချစ်တဲ့သူရယ်

နင်တစ်ယောက်တည်းကိုပဲ

ချစ်တာ။ ။


*****************************


လောကနိယမအရ

အဖြူ နှင့် အမဲ(မည်း)

အလင်း နှင့် အမှောင်

အပေါင်း နှင့် အနှုတ်

ဒွိယံ ဒွိယံ ရှိကြပါသည်။

အဆိုးမြင်ဝါဒီ ( - view) လည်းရှိပါသည်။ အပေါင်းဆောင်လို့ တိုးတက်မှုရိပ် (ကုသရေးနှင့် ဆေးရုံဆင်းလူနာ) ပြနေပေမယ့်

ထနောင်းပင်က မီး တကျီကျီ။

ရိုု့လိုက်ရမလား ???


¿¿¿ ဆေးရုံ နှင့် မဲရုံ ၊ ဘယ်ဟာ ဦးစားပေးသင့်လဲ ။ ¿¿¿


လိုအပ်ချက်အရ ဆေးရုံတွေ သုဝဏ္ဏမှစ အလှုရှင်

လှုဒါန်းသော ဟော်တယ်တွေထိ တိုးချဲ့နေတာ မသိတာလား? မမြင်တာလား …


Like

Albert Wint
Albert Wint
Oct 04, 2020

သံရုံးက လိုအပ်ချက်များနေ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page