top of page
Search
  • Writer's pictureMyat Tun Oo

လိင်ပညာပေး၊ ကိုဗစ်နှင့် HIV


လိုင်းပေါ်မှာ အထက်တန်းကျောင်းသားတွေကို လိင်ပညာပေး သင်ခန်းစာတက်လာတယ်။ ထောက်ခံသူက ထောက်ခံ ဝေဖန်သူက ဝေဖန်ပေါ့။ ဒါကတော့ လူတိုင်းအမြင်မတူနိုင်ပါ။ ဒီနေရာမှာ အခြားတိုင်းပြည်တွေက ဘာလုပ်နေလဲ၊ တိုင်းပြည်မှာ လိင်ပညာပေးမသင်လို့ ဘာဆိုးကျိုးတွေရှိလဲ လေ့လာကြည့်ရအောင်။

ဒီလို လိင်ပညာပေးတွေကို အခြားတိုင်းပြည်တွေမှာ နှစ်တန်း သုံးတန်းလောက်ကစပြီး ဖြေးဖြေးချင်းသင်ပေးကြပါတယ်။ အတန်းကြီးလာတာနဲ့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သင်လာကြပါတယ်။ အချို့က ဒါကမြန်မာပြည် မြန်မာ့ယဉ်ကျေးမှု မြန်မာ့နည်း မြန်မာ့ဟန်လို့ ပြောလိုသူတွေရှိကြပါတယ်။ ယဉ်ကျေးမှုကို လေးစားပါတယ်။ ဒါပေမယ့် နေဝင်းလဲ မြန်မာ့ယဉ်ကျေးမှုဆိုပြီး သူက မာမူတွေလို မိန်းမတွေအများကြီး ယူသွားခဲ့တဲ့ အရူးပါးပါ။ သူ့ရဲ့ မြန်မာ့ဆိုရှယ်လစ်နဲ့လဲ တိုင်းပြည်ခွေးဖြစ်သွားခဲ့ရပါတယ်။မြန်မာလဲ မိန်းမ ယောင်္ကျားယူပါတယ်။ ယခုခေတ်ကလေးတွေဆို ပိုဆိုးလာပါတယ်။ ပိုဆိုး မဆိုးသိချင်ရင် ဆရာဝန်တွေကိုသာ မေးကြည့်ပါ။ လိင်ကဖြစ်တဲ့ ကူးစက်ရောဂါ၊ ကလေးပျက်တာ၊ မိခင်သေတာ ထောင်ချီဖြစ်ပါတယ်။ အဲ့ဒီက အသေအပျောက်က ပြည်တွင်းစစ်ဖြစ်လို့ သေတာထက် များတယ်ဆိုရင် ယုံမလား? ၂၀၁၆ UNFPA ရဲ့ စစ်တမ်းအရ မြန်မာပြည်မှာ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်နဲ့မီးတွင်းမှာ သေတာဟာ ၂၈၀၀ ရှိခဲ့ပါတယ်။ ၂၀၁၉ ကစဖြစ်တဲ့ ရခိုင်ကစစ်ပွဲမှာတောင် အဲ့ဒီလောက်မသေသေးပါ။ ဒါက မြင်နိုင်အောင်နှိုင်းယှဉ်ပြတာပါ။ နောက် HIV ကြောင့် ၂၀၁၈ မှာ သေဆုံးသူဟာ၇၈၀၀ ရှိခဲ့ပါတယ်။ ဒါက မြန်မာတစ်ပြည်လုံး ပြည်တွင်းစစ်မှာ သေခဲ့တာထက်များပါတယ်။ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မုဒိမ်းမှုတွေက ထားလိုက်ပါတော့။ အချို့က ရည်းစားနဲ့နေ နောက်ကိုယ်ဝန်ရှိ မိဘတွေမသိအောင် ဖျက်ချ ပြီးတော့သွေးလွန် ဆေးရုံကိုသေခါနီးမှရောက်လာ ပြီးတော့သေရင်ဆရာဝန်ကိုဆဲပေါ့။ အကယ်၍ ဒီလိုနေရင် ဒီလိုဖြစ်မယ်ဆိုတာသိရင် သူလဲရှောင်လို့ရတာရှောင်ဆောင်သင့်တာဆောင်ပေါ့။

ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါ။ ဘစိန်က ဆင်းကပ်တွေစျေးကျအောင်လုပ်လိုက်တော့ လူတိုင်းမှာ ဖုန်းကိုင်သွားနိုင်ပါတယ်။ လာပါပြီ။ စာရေးသူတို့တိုင်းပြည်က လူငယ်လေးများက ဖုန်းနဲ့ဘဏ်ကိစ္စ၊ အကျိုးရှိတဲ့ Apps တွေ မရေး မထွင်ပေမယ့် မဟုတ်တဲ့ အပြာကားကိုတော့ သွားတတ်ပါတယ်။ ဒီနေရာမှာ ဓာတ်ခဲရဲ့ အင်တာနက်စာမျက်နှာကို ဖြတ်တောက်တတ်တဲ့ cyber police က သူ့နည်းပညာကိုအပြာကား ကြည့်မရအောင်လုပ်ဖို့တော့ အသုံးမပြုပါ။ ဘစိန်ကလဲ ဒီလောက်အထိ ခေါင်းနဲ့ ပြည်သူ့အတွက် မစဉ်းစားခဲ့ပါ။ နောက် မိဘတွေအနေနဲ့ကလဲ ကလေးတွေထက် နည်းပညာအားဖြင့် အားမသာလို့ သူတို့ရဲ့ဖုန်းတွေကို ဘယ်လိုပိတ်ရမယ်၊ ဘာကြည့်လို့မရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုအများစုကမသိကြပါ။ ဥပမာ Apple ဖုန်းမှာ အခြားသွားမရအောင် ပိတ်တာ၊ android ဖုန်းမှာ ကလေးတွေ အသက်မပြည့်သူတွေ အခြားအပြာစာမျက်နှာ သွားမရအောင် ပိတ်တာမျိုးပေါ့။ ဒါကြောင့်ကလေးများဟာ လိင်ပိုင်းဆိုင်ရာ အပြာစာမျက်နှာတွေကို မိဘတွေ သိသိ မသိသိ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့်မိုလို့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ ပညာပေးရမှာက လိုအပ်ချက်ဖြစ်ပါတယ်။ ဘာယဉ်ကျေးမှုဖြစ်ဖြစ် ပညာပေးရမှာပါ။

ဒါဆိုဘယ်လိုပေးရမလဲ။ ယခု ပညာရေးဝန်ကြီးဌာနကလုပ်နေတာတွေက စနစ်တကျလုပ်နေတာပါ။သင်ရိုးနဲ့ သင်ပုံကို အနည်းငယ်ပြင်ရနိုင်ပေမယ့် အများစုက မှန်နေပါတယ်။ ဒါဆိုရင် ဘာမှားနေလဲ? ပြဿနာက အဲ့ဒီမှာ စပါပြီ။ ယခုလို နွေရာသီကျောင်းတစ်လဖွင့်သင့်တာ လိင်ပညာပေးတာတွေဟာဝန်ကြီးဘက်က ပေါ်လစီအရ မှန်နေပါတယ်။ အိုကေ ဒါဆို ဘာမှားနေလဲ ပြော?

ဘာမှမမှားပါ။ ဝန်ကြီးက ပညာရှင်ပါ။ သူက ပညာရေးမှာကျွမ်းကျင်ပါတယ်။ သူလုပ်တာတွေကပညာရပ်ပိုင်းဆိုင်ရာ အကုန်မှန်ပါတယ်။ သူကမမှားပါ။ ဒါပေမယ့် သူဟာ နိုင်ငံရေးသမား မဟုတ်ပါ။နိုင်ငံရေးသမားဆို ဘာလုပ်မလဲ။ ဒီကိစ္စကို စာရေးသူအပေါ်မှာရေးခဲ့သလို ဘာကြောင့်သင်ရိုးညွှန်းတမ်း ပြင်သင့်လဲဆိုတာကို အမှုတွေပေါ်တိုင်း၊ မိခင်သေနှုန်းများတိုင်း၊ အခြားဆက်စပ်ကိစ္စပေါ်တိုင်း လူတွေသိအောင်ဖွရတာပါ။ ဒါမှလူတွေက ငြင်းခုံဆွေးနွေး အဲ့ဒီလို ပွဲဆူပြီး တစ်နှစ်လောက်နေမှ လူတွေက မိမိပြောတာကို ထောက်ခံလာမှ လုပ်သွားတာက နိုင်ငံရေးသမားတွေရဲ့ လုပ်ဟန်ပါ။

ဥပမာ အိုဘားမားက ကျန်းမာရေးစောင့်ရှောက်မှုအာမခံကို အမေရိကန်မှာ ပြင်ချင်တော့ သူက ပြည်သူကို ချပြပြီး သူ့အမေ အာမခံမရှိလို့သေတာ အခြားကျန်းမာရေးအာမခံမရှိလို့ သေသူတွေကိုပါ ထောက်ပြပြီး စနစ်ပြောင်းဖို့ လုပ်ပါတယ်။ နောက်အမေရိကန်က အီရတ်ကို ဝင်တိုက်ချင်တော့ အနုမြူရှိတယ်weapons of mass destruction ရှိတယ်ဆိုပြီး ဖွပြီးမှ တိုက်တာပါ။ အဲ့ဒါနိုင်ငံရေးပါ။

မြန်မာပြည်မှာဆိုရင် ကွီးဖြိုးက မထသကို လူတွေအလွန်မကြိုက်ချိန်မှ ကောက်ပြောင်းလိုက်တာ၊ မဘသကို လူတွေမကြိုက်ချိန်မှာ သူ့အဘကို ကိုင်လိုက်တာ၊ ဟိုအလုပ်သမားတွေ အတော်တရားလွန်လာလို့ ပြည်သူက သူတို့နောက်မှာ မရှိတာသေချာမှ ကောက်ကိုင်လိုက်တာက နိုင်ငံရေးပါ။ မြန်မာပြည်မှာလဲ လူတွေလိင်ဆက်ဆံရာက ကိုယ်ဝန်ရ၊ ဖျက်တာကနေ ဘယ်လောက်သေတယ်၊ ကူးစက်ရောဂါဘယ်လောက်များနေတယ် ဒါမျိုးတွေအော်ပြီးမှ ဒီလိင်ပညာပေးကို ဆွဲတင်ရမှာပါ။ ဒါက နိုင်ငံရေးပါ။HIV ရောဂါကူးစက်သူက မြန်မာပြည်မှာ ၂၀၁၈ စစ်တမ်းအရ ၁၁,၀၀၀ ရှိပါတယ်။ ကိုဗစ်ထက် HIV ရောဂါဖြစ်သူက အဆပေါင်းများစွာ များပါတယ်။ သေသူကလဲ ကိုဗစ်ထက်များပါတယ်။

အချို့ကိစ္စတွေက အင်မတန်မှ သိမ်မွေ့နက်နဲပါတယ်။ ဥပမာ အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကိုဥပဒေအရ အမေရိကန်မှာ ပေးထားပေမယ့် အမေရိကန်မှာ ဘာသာရေးသမားတွေက ဘုရားမကြိုက်လို့ ကန့်ကွက်ပါတယ်။ ဒါနဲ့ တရားရုံးချုပ်ကိုသွားပြီး အမိန့်တောင်းတော့ Roe Vs Wade အမှုမှာအမျိုးသမီးတွေက မိမိကိုယ်ဝန်ကို မိမိဆုံးဖြတ်ခွင့်ရှိတယ်ဆိုပြီး ဆုံးဖြတ်ပါတယ်။ ထို့အတူဘဲအနောက်ဥရောပ နိုင်ငံတွေမှာ လိင်ပညာပေးသင်တာ ရိုးသွားလို့ လိင်ရွေးချယ်မှုအကြောင်း သင်ရာမှာတော့ ဘာသာရေးအဖွဲ့တွေက ကျောင်းတွေနားမှာ ဆန္ဒပြလို့ ရဲနဲ့ အစောင့်ချပြီး သင်ရတယ်လို့မှတ်သားရပါတယ်။ ဒီနေရာမှာ ခရစ်ယန်ရော၊ အစ္စလမ်ဘာသာ နှစ်ခုစလုံးက ပေါင်းပြီးကန့်ကွက်တာပါ။ ဥပမာ ပြင်သစ်မှာ လိင်ပညာပေးကို ၁၉၇၃ ထဲက သင်ပေးခဲ့ပြီး ၉ တန်း ၁၀ တန်းမှာ နာရီ ၄၀လောက်သင်ကြရပါတယ်။ ပြီးရင် ကွန်ဒုန်ဝေတာတွေလုပ်ပါတယ်။ ဒါပေမယ့် ၂၀၁၄ မှာ ကလေးတွေကို နင်တို့မွေးလာတာက ကျား မ မဟုတ်ဘဲ လိင်ကို ရွေးလို့ရတယ်သွားလုပ်လို့ မိဘတွေက ကလေးတွေကို အဲ့ဒီနေ့ ကျောင်းမတက်ဘဲ ဆန္ဒပြတာလုပ်ကြပါတယ်။ နောက်အစိုးရက လူ့အခွင့်အရေးသမားတွေနဲ့ တိုက်ပေးပြီး နိုင်ငံရေးအရတိုက်ရာမှာ နိုင်သွားခဲ့ပါတယ်။ အင်္ဂလန်ကတော့ ပြင်သစ်ထက်နောက်ကျပုံပါ။

သင်ကြားတာ၊ သင်ရိုးညွန်းတမ်းစွဲတာ၊ ဘာကြောင့်သင်စရာလိုလဲ ဆိုတာတွေက မေးစရာမလိုတဲ့မေးခွန်းတွေပါ။ ဘာကြောင့်သင်သင့်လဲဆိုတာ ပြည်သူကိုချပြဖို့သာ ကွီးဖြိုးလို နိုင်ငံရေးသမားဝန်ကြီးတွေ DASSK ထံမှာလိုတာပါ။ ဝန်ကြီးတွေက နိုင်ငံရေးအရ ပြည်သူကို ချပြရတာပါ။ ပုံမှန်ဖြစ်သင့်တာက ဆရာအောင်မိုးညိုတို့လို ကွီးဖြိုးတို့လို ဒေါက်ဇော်တို့လို နိုင်ငံရေးသမားက ဝန်ကြီးလုပ်ပြီး လက်ရှိဝန်ကြီးက အထူးအကြံပေးသဘောနဲ့ လုပ်ရင် ပိုလွယ်သွားမှာပါ။

ဒီနေရာမှာ နေဇင်လတ်တို့ ထရေးတာက အားလုံးက ပညာတတ်သွားရင် သူ့ဖွင့်ထားတဲ့ ဟိုအခန်းတွေမှာ ကောင်မလေးတွေနည်းသွားမှာ စိုးလို့ပါ။ သူတို့ကိုတော့ ခွင့်လွှတ်လိုက်ပါ။ သူတို့က စေတနာလဲမရှိသလို ပညာဉာဏ်လဲမရှိပါ။ ကျန်တာက နိုင်ငံရေးသမား ဝန်ကြီးက ရှင်းပြရင် အဆင်ပြေသွားမှာပါ။

Reference: avert.org, www.mohs.gov.mm, www.who.int, UNFPA

740 views1 comment

1 Comment


U Myint Soe Oo
U Myint Soe Oo
May 19, 2020

ဦးမြတ် အသီးတစ်ရာ အညှာတစ်ခု အသီးတွေဟာ အညှာကနေပေါ်လာရပါသည်။ အညှာချွေလိုက်ရင် အသီးမှန်သမျှ ကြွေကျ မြေခရပါပြီ။ ဗုဒ္ဓဘုရားရှင်၏ အဆုံးအမသာသနာသည် # အကြောင်းသတ်အယူဝါဒ#ဖြစ်ပါသည်။ ဒုက္ခဖြစ်စေသော အဝိဇ္ဇာတဏှာအရင်းအမြစ်ကို အမြစ်ပြတ်ဖြတ်ရင် ဒုက္ခရင်ဝယ်ပိုက် အမိုက်အမှား သတ္တဝါများ အသစ်တဖန်ပြန် မဖြစ်တော့ပါ။ မိဘမဲ့ကလေးငယ်များစောင့်ရှောက်ရေးအဖွဲ့ (ဆွာ/မိတ္ထီလာအထွက်အမြန်လမ်း/----စသည်ဖြင့်)တွေမှာ မွေးကင်းစ ကလေးငယ်များ လသားမှသည် ပြုစုစောင့်ရှောက်နေရပါပြီ။ဘာလို့များစွန့်ပစ်ကြပါလိမ့်! ကျွန်တော်တို့ငယ်စဥ်က ဒီလိုဖြစ်ရပ်မျိုးတွေဟာ လွန်စွာနည်းပါးရပါသည်။ရေးနေရင်း (ဦး)စိန်မြင့်နဲ့ ကလေးသရုပ်ဆောင် အောင်ထွန်းလေးပါဝင်တဲ့ ရုပ်ရှင်ကိုမှတ်မိလိုက်ပါသည်။အများကတော့ အတိတ်ကံဟု နှလုံးသွင်းမှန်ဖြင့်ရှုမြင်ကြပါသည်။ပစ္စုပ္ပန်ကံကိုတော့? ။ မိဘမဲ့ကြီးပြင်းသူကလေးများမှာ မေတ္တာနှင်ယှဥ် ရင်မှဖြစ်သော စင်ကြယ်ဖြူဖွေး ဆေးတစ်ပါးလည်းဖြစ်သော မိခင်နို့ကို မသောက်စို့နိုင်တော့ပါ။ခေတ်သစ်ဆေးသိပ္ပံကလည်း မိခင်နို့တမျိုးတည်းကိုသာတိုက်လျှင် ပြီးပြည့်စုံကြောင်းဖော်ပြထားပါသည်။#စွန့်ပစ်ခံကလေးငယ်များဟာမေတ္တာလည်းငတ်ဆေးလည်းပြတ်ရတဲ့ဘဝ# ကြီးပြင်းလာရင်လည်း မေတ္တာငတ်ခဲ့သူမို့ စိတ်ဒါဏ်ရာ ဗရဝ။ အဆင်အခြင်မဲ့ကြလို့ ဒီအတိုင်းသာခရီးဆက်နေကြရင် အနာဂါတ်မှာ စိတ်ဒါဏ်ရာရ မျိုးဆက်သစ်များ တိုးပွါးလာပါဦးမည်။အရပ်ထဲမှာ ပြောကြတယ်လေ။ ဟဲ့ ! ဘယ်က မိမဆုံးမ ဖမဆုံးတွေလဲ။ ရိုင်းလွန်းတဲ့သူတွေကိုလေ။ မိဘမေတ္တာနဲ့ ကင်းကွာကြီးပြင်းလာရပြီဆိုလျှင် ? ပြောခဲ့သလို အဆင်အခြင်မဲ့လို့။အမှေင်ထဲမှာဖြစ်ခဲ့ကြလေတော့ ပင်မအခြေခံသူနှစ်ဦးမှာ HIV : B: C တွေပါလာဖို့ ရာနှုံးဟာ! ။ မိခင်နို့မသောက်စို့ရပြန်တော့ ! လိင်အသိပိုင်းမို့ ၇တန်းကျောင်းသားဘဝက ဖြစ်ရပ်မှန် အတွေ့အကြုံတစ်ခုပါ။ မမမမတစ်ယောက် ဆရာအချိန်စေ့လို့ အတန်းကပြန်ထွက်ခွာချိန်မှာ မတ်တတ်ရပ်ပြီး နှုတ်မဆက်ပါဘူး။နောက်ဆရာဝင်လာချိန်မှလည်း ထ နှုတ်မဆက်ပါဘူး။ဆရာမက ထခိုင်းတော့ ရှုံးပွဲချငိုရပါပြီ။ ဆရာမရိပ်စားမိပြီးသူ့နားသွားတော့ ကြောက်လည်းကြောက် ရှက်လည်းရှက်ပြီး ရှုရှူးတွေပါထွက်ကြလာပါသည်။ ထလိုက်တော့ မမမမ၏ ထဘီမှာက ရာသီသွေးတွေ အစွန်းကွက်ကြီး။အတန်းသားအားလုံးရဲ့ မျက်လုံးအစုံက အံသြခြင်း ထိန့်လန့်ခြင်းနှင့်အတူ ကျယ်လောင်သောအသံများက. %။ဆရာမက ကွယ်ကာပေးပြီး ချက်ချင်း အိမ်ပြန်လွှတ်ခဲ့ပါသည်။ မမမမ တော်တော်နဲ့ ကျောင်းမတက်လို့ (ရက်အတိအကျတော့မမှတ်မိပါ)အတန်းပိုင်ဆရာမကိုယ်တိုင် သွားရောက်ခေါ်ယူခဲ့ရပါသည်။ မလွန်ဆန်နိုင်သော သဘာဝတစ်ခုရယ်လို့သာ ကြိုတင်ပြီး သိ ထားခဲ့ရင် မမမမအပါအဝင် အတန်းသားအားလုံးဟာ တုန်လှုပ်မှုဖြစ်မည်မဟုတ်ပါ။မထူးဆန်းဘူးလို့ ကြိုတင်သိထားလို့။

Like
bottom of page