top of page
Search

လူငယ်များအစုအဖွဲ့နဲ့ လုပ်တတ်ပါစေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 18, 2019
  • 1 min read

လူငယ်များအစုအဖွဲ့နဲ့ လုပ်တတ်ပါစေ

မြန်မာပြည်မှာက တပ်ထဲမှာတော့ တသွေးတစ်သံတစ်မိန့်နဲ့သွားလို့ ညီညွတ်သယောင်ရှိပါတယ်။အပြင်မှာကတော့ မတူကွဲပြားမှုဟာ များပြားလှပါတယ်။ ဒီမိုကရေစီစမယ်ဆိုတာနဲ့ ပါတီထောင်တာကရာကျော်ပါတယ်။ အဖွဲ့ဝင်ဆိုလဲ စာရွက်ပေါ်မှာတော့ သောင်းချီပါတယ်။ မဲကတော့ အဲ့ဒီလောက်တောင် မရကြပါ။

ဒီနေရာမှာ ၂၀၁၅ တုန်းက ၈၈ ခေါင်းဆောင်အချို့နဲ့ ညိုညိုသင်းတို့က ချက်ခြင်းဆိုသလို အမတ်အဖြစ်ပါတီကနေဝင်ရွေးမယ်ဆိုပြီး ပါတီမှာ တစ်သက်လုံးလုပ်မလာဘဲနဲ့ ဝင်ရွေးခံဖို့လုပ်ခဲ့ပါတယ်။ကိုကိုကြီးနဲ့ ညိုညိုသင်းတို့ဟာ ထင်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့ပါတယ်။စာရေးသူတောင် အင်မတန်အံ့သြခဲ့ပါတယ်။ ဒါပေမယ့် သူမ မှန်ခဲ့တယ်ဆိုတာ ၂၀၁၈-၁၉ မှာ လက်တွေ့သိလာခဲ့ရပါတယ်။


ဒီအချိန်မှာ နိုင်ငံခြားကပါတီတွေအမတ်ကို ဘယ်လိုရွေးသလဲ လေ့လာမိပါတယ်။ သူတို့ရဲ့ မြို့နယ်ပါတီဝင်တွေက မဲပုံးထောင်ရွေးကြပါတယ်။ အဲ့ဒီနေရာမှာ ပါတီဝင်က ဘယ်လောက်ကြာကြာ ပါတီဝင်ဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းရှိပါတယ်။ သူတို့ကလစဉ်ကြေးပေးကြပါတယ်။ နောက်သူတို့ပါတီထဲဝင်တာက ပါတီရဲ့ မူဝါဒကိုကြိုက်လို့ပါ။ အမတ်လောင်းကလဲ ပါတီဝင်သက်တမ်းဘယ်လောက်ဆိုတာစည်းကမ်းသတ်မှတ်ထားပါတယ်။

မိမိက အမတ်ဖြစ်ချင်ရင် မိမိက မိမိပါတီဝင်တွေသိအောင်ပါတီအလုပ် လုပ်ပြရပါတယ်။ အဖွဲ့အစည်းသာရေးနာရေးတွေကို ဝင်ပါရပါတယ်။ ပါတီကို နာမည်ဖြစ်လောက်ဝင်ပြီး ရွေးကောက်ပွဲနီးမှ ငါ့ကိုရွေးငါဘာတတ်တယ် ဘာညာပြောလို့မရပါဘူး။ ဒါဟာ အစုအဖွဲ့နဲ့လုပ်ချင်းရဲ့ လိုအပ်တဲ့အဓိက စိတ်ဓာတ်လိုအပ်ချက်ပါ။ မိမိကို မရွေးလို့ မိမိက ပါတီစည်းကမ်း မလိုက်နာတော့ဘူးဆိုရင်လဲ မိမိဖာသာ နုတ်ထွက်ရပါတယ်။ ပါတီကနုတ်ထွက်စာ စောင့်နေစရာမလိုပါ။ ဒါဟာ သာမန်တာဝန်သိသူ အစုအဖွဲ့နဲ့လုပ်တတ်သူတွေ လုပ်ရမယ့်အလုပ်ပါ။ ဒါက အခြေခံ တာဝန်ယူမှု တာဝန်ခံမှုစိတ်ဓာတ်ပါ။


လက်ရှိစနစ်ဟာ ရ၅% ဒီမိုစနစ်ပါ။ DASSK အနေနဲ့ အမတ်ရွေးချယ်ရာမှာ ဟိုကဖမ်းရင် တောင့်ခိုင်နိုင်မယ့် အမာခံတွေလိုပါတယ်။ ဒါကြောင့် ဒီမိုအမာခံတွေကိုလဲ ဆက်ရွေးရအုံးမှာပါ။ အချို့သူမရွေးတာထဲက ဆရာဝင်းမြတ်အေးလို တော်သူတွေလဲ ထွက်ပေါ်ခဲ့ပါတယ်။

ပါတီတွေမှာ သူတို့ရဲ့ မူဝါဒတွေ၊ ပေါ်လစီတွေရှိပါတယ်။ မိမိကြိုက်မှဝင်ပါ။ အမတ်ဖြစ်ချင်ရုံ စည်ပင်မှာ လုပ်ချင်ရုံနဲ့တော့ မဝင်ပါနဲ့။ နောက်ပြီး ပါတီအလုပ်ကို လုပ်ပြပါ။ ရွေးကောက်ပွဲအမည်စာရင်းတင်ချိန်မှ ပေါ်မလာပါနဲ့။


မြန်မာပြည်မှာက ပညာတတ်တွေက စင်ကာပူပြန်၊ အင်္ဂလန်ပြန်၊ အမေရိကန်ပြန်အများကြီးပါ။ ရှားနေတာက အစုအဖွဲ့နဲ့လုပ်တတ်သူ ခေါင်းဆောင်ရမယ့်အချိန်မှာ ခေါင်းဆောင်နိုင်သူ နောက်လိုက်ရမယ့်အချိန်မှာ နောက်လိုက်လုပ်နိုင်သူပါ။ အဘတို့က တစ်ကိုယ်ကောင်းယဉ်ကျေးမှုကိုသိလို့ ၂၀၀၈ ခြေဥကိုရေးထားတာပါ။ အဘတို့က ရန်ကုန်စည်ပင်မှာ တစ်သီးပုဂ္ဂလအတွက် အကောင့်တုတွေ၊ အင်တာဗျူးတွေအတွက် ကြားကပိုက်ဆံဝင်ကုန်ခဲ့ပါတယ်။ သတင်းဌာနတွေဟာ NLD ကိုယ်စားလှယ်ထက် တစ်သီးတွေကိုသာ အင်တာဗျူးတာဟာ တိုက်ဆိုင်တာမဟုတ်ပါ။

တိုင်းပြည်မှာက လူတော်ပေါပါတယ်။ ရှားနေတာက လူကောင်းပါ။ အသင်းအဖွဲ့နဲ့ လုပ်တတ်သူပါ။ လူတော်ရော လူကောင်းရော ၁၀၀% မဟုတ်တောင် အများစုမွေးထုတ်နိုင်တဲ့ NLD ကို မဲပေးချင်းဖြင့်အသင်းအဖွဲ့နဲ့လုပ်မှုကို အားပေးပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page