top of page
Search

လူငယ်များစဉ်းစားချိန်လွန်ပြီ

Writer's picture: Myat Tun OoMyat Tun Oo

မအလစစ်မှုထမ်းဥပဒေ စထုတ်ချိန်မှာ ပိုက်ဆံရှိသူတွေကနိုင်ငံခြားကိုထွက်ဖို့ မရှိသူတွေကလဲ မိမိတို့နီးစပ်ရာ ကာကွယ်အဖွဲ့တွေထံ ခိုလုံဖို့ ဒါမှမဟုတ်နယ်စပ်ကနေ အခြားနိုင်ငံတွေကို ထွက်ခွာဖို့တိုက်တွန်းခဲ့ပြီးပါပြီ။

ဒီနေရာမှာအချို့က ဆရာ ကျွန်တော့်မှာ အမေအိုကြီးလုပ်ကျွေးနေရတယ်။မိန်းမနဲ့ကလေးတွေ လုပ်ကျွေးနေရတယ်။ ဒါကြောင့် ထွက်လို့မရဘူးဆိုပြီးဆင်ခြေပေးခဲ့သူများရှိကြပါတယ်။ ယခုအချိန်မှာ မအလစစ်တပ်က အမေအိုကြီးလုပ်ကျွေးနေရလို့ဆိုပြီး သင့်တို့ကို စစ်ထဲမဝင်ခိုင်းဘဲ မနေပါ။ မိန်းမနဲ့ကလေးတွေကို လုပ်ကျွေးနေရတယ်ဆိုပြီးလည်း သင်တို့ကို မအလကသူ့တပ်ထဲ မခေါ်ဘဲမနေပါ။ လက်ရှိ မအလတပ်ထဲမှာဖြစ်နေတာက တပ်အင်အား အင်မတန်မှနည်းနေပါတယ်။ ယခင်က ဘောမတွေပြောလေ့ရှိတာက PDF တွေက တိုက်လို့ သေနေတယ်ဆိုရင် စစ်တပ်အင်အားပြုန်းပြီပေါ့ဘာညာဆိုပြီး ဘောမတွေက ဆင်ခြေပေးလေ့ရှိပါတယ်။ ယခုအချိန်မှာကစစ်တပ်အင်အားက တကယ်ပြုန်းနေတာပါ။ ဒါကြောင့်မိုလို့ မအလတပ်ထဲမှာ လူမရှိလို့ လူတွေကိုအများကြီး လိုနေပါတယ်။ အစပိုင်းအပတ်စဉ်မှာ အချို့‌ ဘောမတွေ၊ ဖွတ်တွေ၊ စစ်တပ်ထဲယခင်ကဝင်လိုပြီး ဝင်ခွင့်မရတဲ့အရူးတွေက အစပိုင်းမှာ ဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် ပထမအပတ်စဉ်ပြီးမှာ ကျန်တဲ့အပတ်စဉ်တွေမှာကတော့ ပေါ်တာဆွဲဖမ်းဆီးအတင်းအဓမ္မစစ်တပ်ထဲ ဝင်ခိုင်းတာကနေ စလာခဲ့ပါတယ်။ ထိုအင်အားတွေနဲ့ရှမ်းမြောက်မှာ၊ အမ်းမှာ၊ ကချင်မှာ၊ ကယားမှာ ထိုးစစ်ဆင်တန်ပြန်တိုက်ပါတယ်။ ယခုလည်းစစ်သားသစ်တွေကိုသုံးနေဆဲပါ။ ယခုလိုသုံးရာမှာသူတို့ကို သူတို့ခိုင်းတာလုပ်အောင် ဘိန်းတွေ၊ ရာဘဆေးတွေတိုက်ပြီးစစ်တိုက်ခိုင်းတာပါ။ ဆေးဆိုတာက စွဲပြီးရင် ဖြတ်ရခက်ပါတယ်။ အချို့က ရိက္ခာမပါသွားစေမယ့်ဆေးပြားကတော့ ပါသွားကြတာများပါတယ်။ ဆေးပြားက ကျောပိုးအိတ်ထဲထည့်သွားရင် အများကြီးဆန့်ပါတယ်။ ခုအချိန်မှာ ရန်ကုန်ကအစ ရပ်ကွက်အလိုက် ခပ်စိပ်စိပ် လိုက်ခေါ်‌ နေပါပြီ။ အမျိုးသမီးတွေပါ ခေါ်မှာပါ။ အချို့ကလေးတွေက နိုင်ငံခြားထွက်သွားတဲ့သူ‌တွေဆိုရင် မိဘတွေကို ကျပ်ပါမယ်။ မိဘတွေအနေနဲ့လည်း နောက်တစ်အိမ်ရှိတဲ့လူဆို အိမ်ကို ပြောင်းနေတာကကောင်းပါတယ်။ လက်ရှိအိမ်မှာဆိုလို့ရှိရင် မိဘကိုပါ ပြဿနာရှာနိုင်ပါတယ်။ ဒါဆိုရင် မိန်းကလေးတွေက လွတ်မှာလား?

မအလဟာ သူလိုလာရင် မိန်းကလေးဖြစ်ဖြစ် ယောင်္ကျားလေးဖြစ်ဖြစ်အကုန်လုံးကိုဖမ်းပြီး စစ်မှုထမ်းခိုင်းမှာပါ။ ဒီလူတွေကသာသူ့ရဲ့ထွက်ပေါက်ဖြစ်ပါတယ်။ သူ့မှာလူ့အသက်ကဘာမှတန်ဖိုးမရှိပါဘူး။ ပြည်သူကို ဂရုမစိုက်လို့ အာဏာသိမ်းတယ်ဆိုတာ မမေ့ပါနဲ့။

ဒါဆိုရင်သာမန်အမျိုးသားတစ်ယောက်အနေနဲ့ စဉ်းစားရပါမယ်။ မအလတပ်ထဲကို ကြောက်လို့ဝင်ပြီးအမေအိုကြီးသေတာခံမလား။ ဒါမှမဟုတ်နယ်စပ်ကိုထွက်ပြေးပြီး ကိုယ်လွတ်ရုန်းမလား။ ဒီအချိန်မှာလဲ အ‌မေအိုကြီးကို ကယ်နိုင်မှာမဟုတ်ပါ။ ဒါပေမယ့် ပိုက်ဆံတော့အနည်းငယ်ပြန်ထောက်ပံ့နိုင်ပါမယ်။ ဒါမှမဟုတ် ဒီထက်ပိုပြီး မြင့်မြတ်တဲ့ PDF ပြည်သူ့စစ်တပ်ထဲကိုဝင်ပြီး ဒီလမ်းကိုဖြတ်မလား။ စဉ်းစားရမှာပါ။ ဘယ်လမ်းရွေးရွေး အ‌မေအိုကြီးက ကျန်ခဲ့မှာဖြစ်သလို မိမိမိန်းမနဲ့ကလေးတွေကလည်းကျန်ခဲ့မှာပါ။ ဘယ်အရာမှ လွယ်တဲ့ရွေးချယ်မှုတော့မဟုတ်ပါ။ ဒါပေမယ့် သင်တို့ဟာကြားနေဆိုပြီး ခြံစည်းရိုးခွာထိုင်လို့တော့ လုံးဝလုံးဝမရတော့ပါဘူး။ မအလက သင်တို့တံခါးကို လာခေါက်နေပါပြီ။ ယခင်ကတွေဝေနေခဲ့သေးရင်တောင်မှ ယခုအချိန်မှာ မအလက သင်တို့ကိုမ‌တွေဝေဖို့ဆုံးဖြတ်ဖို့ တွန်းအားပေးနေပါပြီ။ ဒါဟာ တိုင်းပြည်လွတ်မြောက်ဖို့ ဘာမှမလုပ်ဖူးဆိုသူတွေကိုတောင် မိမိကိုယ်ကျိုးအတွက် ဆုံးဖြတ်ရတော့မှာပါ။

ဘယ်တပ်ထဲဝင်ရမလဲဆိုရင်တော့ မြန်မာပြည်အထက်ပိုင်းရန်ကုန်မြို့က အစဖြစ်နိုင်ရင်တော့ မန္တလေး PDF ထဲကို ဝင်ပါလို့တိုက်တွန်းပါရ‌စေ။ သူ့မှာလက်နက် အလုံလောက်ရှိပြီးသားပါ။ သူက လူအားများလာရင် များလာသလောက် လက်နက်တပ်ဆင်ပေးနိုင်ပါတယ်။။ သူကစစ်ပုံစစ်စစ်နဲ့ စစ်တပ်ဖွဲ့ထားတာကြာပါပြီ။ ပညာတတ်တွေက စစ်ဦးစီးအဖွဲ့နဲ့ ပူးပေါင်းအုပ်ချုပ်နေပါတယ်။ တစ်ယောက်ထဲက တပ်ချုပ်/တာဝန်ခံဆိုပြီး အာဏာရှင်ဆန်ဆန် မဖွဲ့ထားပါ။ အရေးကြီးဆုံးက သူကရွေးကောက်ခံအစိုးရဖြစ်တဲ့ NUG အောက်က အုပ်ချုပ်မှုကို တိုက်ရိုက်အမိန့်နာခံပါတယ်။ တင်တို့အသက်တွေ အလဟဿ မပေးရပါ။ အချို့နေရာတွေမှာအခြားအဖွဲ့‌တွေကို အသက်ပေးတိုက်ပေးပြီး သူကငြိမ်းချမ်းရေးယူပြီးမြို့ကြီးတွေပြန်ပေးရင် သင်တို့အသက်က အလဟဿဖြစ်မှာပါ။ ဒါမျိုးကို NUG က စီစစ်ထားလို့ မလိုလားအပ်ဘဲ သင့်အသက်ဆုံးရှုံးမှုမဖြစ်ပါ။ ကွန်မြူနစ်စနစ်အတွကလဲ အသက်ပေးစရာမလိုပါ။ ဒါကြောင့်မို့လို့ NUG အောက်က မန္တလေး PDF ကို ဖြစ်နိုင်ရင် ဝင်နိုင်အောင်ကြိုးစားပါ။

အကယ်၍မြန်မာပြည်အောက်ပိုင်းကလူဆိုရင်တော့ NUG အောက်က တနင်္သာရီ pdf ကလည်း စစ်ပုံကျပါတယ်။ လက်နက်အခက်အခဲရှိပေမယ့်သူကလည်းသေချာထောက်ပံ့နိုင်ပြီး NLD အမတ်တွေက စစ်သားလုပ်ပြီးအုပ်ချုပ်နေတဲ့ တပ်ဖွဲ့တွေပါ။ ဒီဒေသက သင်တို့ထိုင်းဘက်ကိုသွားပြီးအလုပ်လုပ်ရင်လည်း အဆင်ပြေနိုင်ပါတယ်။ အခြားနေရာဒေသကတော့ထိုင်းမြန်မာနယ်စပ်ကတောင်ပိုင်းတိုင်းစစ်ဌာနပါ။ ဘယ်နေရာသွားသွား NUG အောက်က PDF တွေကတော့ မအလယူနီဖောင်းနဲ့တိုက်ပြီးခွေးသေဝက်‌ သေရတာထက် စာရင်တော့ အဆတစ်ရာ ပိုပြီးမြင့်မြတ်ပါတယ်။ ငရဲပြည်ရောက်တာနဲ့ နတ်ပြည်ရောက်သလိုပါ။ နှိုင်းစရာတောင်မလိုပါ။

ဒါဆိုရင်လူငယ်တွေစဉ်းစားရမှာက မအလတပ်ထဲမှာ ခွေးသေ သေချင်လား ဒါမှမဟုတ် ပြည်သူ့အစိုးရ NUG PDF နာမည်နဲ့ မြင့်မြင့်မြတ်မြတ်‌ လေးသေချင်လားဆိုတာကို အဆုံးစွန်အထိ စဉ်းစားထားရမှာပါ။ ဒါကအဆုံးစွန်အထိကို ပြောထားတာပါ။ သင်သေသွားခဲ့လျင်တောင်မှ မအလတပ်‌ အောက်မှာ သင်သေသွားခဲ့ရင် သင့်ကို သင့်အမေကို သင်ကျန်ခဲ့တဲ့မိန်းမနဲ့ကလေးတွေကို ပြည်သူတွေက ခွေးတပ်ဝင်ပြီး ခွေးလိုသေသွားတဲ့ ခွေးသူတောင်းစားဆိုပြီး တံတွေးခွက်ထဲ ပက်လက်‌‌ မျောမှာပါ။

သင်ဟာ ပြည်သူ့အစိုးရ NUG အောက်မှာ စစ်မှုထမ်းပြီး မြင့်မြတ်စွာအသက်ပေးခဲ့ရင်တော့ သူရဲကောင်းအဖြစ် ပြည်သူတွေက အနောက်နိုင်ငံတွေမှာ ဒုတိယကမ္ဘာစစ်စစ်ပွဲအတွက်အလေးပြုသလိုအလေးပြုကြမှာဖြစ်ပြီး သင့်ကိုသူရဲကောင်းစစ်သည်ဗိမာန်မှာလည်း အလေးပြုကြမှာပါ။ မအလအတွက် သေပေးရင်တော့ နာဇီတွေလို ခွေးဗိမာန်မှာ အုတ်ဂူမရှိပါ။ သင်ကျန်ခဲ့တဲ့ သင့်အမေ သင့်ဦးကြီးနဲ့ သင့်သားသမီး ဇနီးမယားကိုလည်း ပြည်သူတွေက တိုင်းပြည်ရဲ့ ဘဏ္ဌာနဲ့သင့်တော်သလိုထောက်ပံ့ပြီး ကြည့်ရှာစောင့်ရှောက်ထားမှာပါ။ သင်ကခွေးတပ်ထဲမှာ သေသွားရင်တော့ ပြည်သူတွေက တစ်ပြားမှပေးမှာ မဟုတ်တဲ့အပြင် သင်ပိုင်ဆိုင်တဲ့ ပြည်သူ့ထံက ခိုးယူထားတဲ့ ဥစ္စာပစ္စည်းတွေကိုပြန်သိမ်းမှာပါ။

ယခုအချိန်က စဉ်းစားချိန်တောင်လွန်နေပါပြီ။ ရွေးချယ်စရာလမ်းတွေကရွှေခင်းတဲ့လမ်းမဟုတ်ပေမယ့် သမိုင်းကြောင်းကောင်းအောင်တော့ သင်တို့ရွေးရတော့မှာပါ။။ ရွေးချယ်ချိန်တန်‌ နေပါပြီ။ လမ်းမှန်ကို ရွေးနိုင်ကြပါစေ။

543 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

תגובות


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page