top of page
Search

လေကြောင်းရန်ကာကွယ်ရေးဆိုတာ ဘာလဲ?

Writer's picture: Myat Tun OoMyat Tun Oo

လေကြောင်းက အတိုက်ခံရရင် အချို့က NUG က မပေးသေးဘူးလား လေကြောင်းရန်ကာကွယ်ရေးမရှိလို့ ကလေးတွေသေတယ် ဘာညာဆိုပြီး NUG ကို အပြစ်တင်ဝေဖန်တာ ကြားရလေ့ရှိပါတယ်။ ဒါမျိုးကို AA, KIA, KNU တို့ကို လေကြောင်းကပစ်ရင် သူတို့အော်လေ့မရှိပါ။ အချို့က မသိလို့အော်တာရှိသလို အချို့က CDM တက္ကသိုလ်ကထိကဆိုပြီး သိသိကြီးနဲ့ အော်သူလဲရှိပါတယ်။ စာရေးသူအနေနဲ့ မသိသူများကို ဗဟုသုတအနေနဲ့ ရေးပြလိုပါတယ်။


ပထမဆုံးက လေကြောင်းငှက်ကင်ဆိုရာမှာ ရဟတ်ယာဉ်ပစ်က စရပါတယ်။ ဒါက စက်သေနတ်အကြီးစားကနေ ပခုံးထမ်းလောင်ချာအထိရှိပါတယ်။ အမေရိကန်လက်နက်က မရောင်းလို့ ဝယ်မရပါ။ ဝUWSA မှာရှိတဲ့ FN6 က အမြင့်ပေ ၁၃၀၀၀ လောက်သာပစ်ချနိုင်ပါတယ်။ သူက ၄ မိုင်ပတ်လည်သာကာကွယ်ပေးနိုင်တာပါ။ ရုရှားကဝယ်ထားတဲ့ လေ့ကျင့်ရေးနဲ့ တိုက်ခိုက်ရာမှာသုံးတဲ့ Yak-130 က အမြင့်ပေ ၄၀၀၀၀ လောက်ကနေ ပျံနိုင်ပါတယ်။ နောက် UWSA ထံမှာရှိတာက HN-5A လို့ခေါ်တဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်ပါ။ သူက ပေ ၈၀၀၀ အမြင့်အထိသာ ပစ်လို့ရပြီး သုံးမိုင်ပတ်လည်လောက်သာ ကာကွယ်နိုင်ပါတယ်။ ပြည်နယ် တိုင်းရဲ့ မြို့တွေဟာ ၅ မိုင်လောက် အသာလေးကျယ်ပါတယ်။ ဒီလက်နက်တွေဟာ စစ်စခန်းတွေကို ကာကွယ်ရာမှာ အသုံးဝင်နိုင်ပေမယ့် မြို့တွေကို ကာကွယ်ရာမှာ အကန့်အသတ်ရှိပါတယ်။ မအလတပ်က MiG-29 ဆိုရင် အမြင့်ပေ ငါးသောင်းလောက်အထိပြန်လို့ရပြီး နောက်ဆုံးဝယ်ထားတဲ့ SU-30 ဆိုရင် ပေ ငါးသောင်းခြောက်ထောင်လောက်အထိ ပျံနိုင်ပါတယ်။ ဒါကြောင့် မအလက တကယ် MiG-29/ SU-30 ကိုသုံးပြီး ဝ ကို ဗုံးကြဲရင်တောင် UWSA အနေနဲ့ ပစ်ချဖို့ခက်ပါတယ်။ ဒါဆိုရင် ဘာလို့မပစ်လဲဆိုတော့ တရုတ်ကိုကြောက်လို့ဖြစ်ပြီး နောက်အချက်က UWSA မှာ မြေပြင်ကနေ မအလမြို့တွေကို ပစ်လို့ရတဲ့ တာလတ်ပစ် ဒုံးပျံအချို့ရှိလို့ပါ။ သူကပစ်ပေမယ့် UWSA စခန်းကိုသိမ်းရာမှာ မြေပြင်ကအမြောက်နဲ့ပစ်ရမှာဖြစ်ပြီး ဟိုကလဲ ပြန်ပစ်မှာပါ။ ဝကသူ့ကို ဒုက္ခများစွာပြန်ပေးနိုင်သလို တရုတ်ကလဲ ဒုက္ခများစွာ ပြန်ပေးနိုင်လို့ မလုပ်တာပါ။ ဒါကြောင့်လေကြောင်းရန် ကာကွယ်ရေးလက်နက်ဟာ စာရေးသူတို့ထံမှာ ကြီးမားပြီး အမိန့်နာခံတဲ့တပ်မရှိရင်နိုင်ငံခြားအစိုးရထံက ရဖို့ခက်ပါတယ်။ ဝ ပိုင်တဲ့ ပခုံးထမ်းလေယာဉ်ပစ် FN-6 က တစ်ခုကို ဒေါ်လာတစ်သိန်းလောက်စျေးရှိပြီး ဝယ်ချင်တိုင်းဝယ်မရပါ။ မလေးရှား လေယာဉ်ပျံကို ယူကရိန်းအပေါ်မှာပစ်ချခဲ့တဲ့ ရုရှားထုတ် Buk လေယာဉ်ပစ်စနစ်က ပေ ရှစ်သောင်းအမြင့်အထိ ပစ်ချနိုင်ပြီး ၂၅ မိုင်ပတ်ဝန်းကျင်အထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒီဒုံးပျံကို ကိုင်တွယ်သူတွေဟာ ရုရှားစစ်သားတွေသာဖြစ်ပြီး ယူကရိန်းက ခွဲထွက်တဲ့သူပုန်တွေကိုတောင် ရုရှားက မပေးထားခဲ့ပါ။ ဒါက စာရေးသူတို့ရဖို့ မဖြစ်နိုင်ပါ။

လေကြောင်းရန်ကာကွယ်ဖို့ရာမှာ ရန်သူ့လေယာဉ်ထက်သာတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ရှိမှသာ ဖြစ်နိုင်မှာပါ။ မအလတပ်မှာရှိတဲ့ ပန်ဆာ Pantsir 2 လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ မိုင် ၂၀ပတ်လည်ကာကွယ်နိုင်ပြီး အမြင့်ပေ ၅၈၀၀၀ အထိ ပစ်ချနိုင်ပါတယ်။ နောက်ဝယ်ထားတဲ့ S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်က မိုင် ၁၂၀ ပတ်လည်လောက်ကို ကာကွယ်ပေးပြီး အမြင့်ပေ၈၀၀၀၀ ကပျံတဲ့ လေယာဉ်ကို ပစ်ချနိုင်ပါတယ်။ရုရှားထံက ယခုအချိန်အထိ မရသေးပါ။

လက်ရှိစစ်ပွဲတွေကို ပြန်ကြည့်ပါ။ အီရတ်နဲ့ လစ်ဗျားမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ရှိခဲ့ပါတယ်။ အီရတ်ဟာ အီရန်နဲ့စစ်ဖြစ်ရာမှာ အီရန်ကို လေကြောင်းအသာရခဲ့တာ အားလုံးသိမှာပါ။ ဒါပေမယ့် အမေရိကန်ကတိုက်ရာမှာ မယှဉ်နိုင်ခဲ့ပါ။ အမေရိကန်က အီရတ်လေကြောင်းရန် ကာကွယ်ရေးကိုအရင်ပစ်ပြီးမှ လေယာဉ်နဲ့ ဗုံးကြဲတာပါ။ ထို့အတူ ယူကရိန်းမှာလဲ လေကြောင်းရန်ကာကွယ်ရေးကအတိုင်းအတာတစ်ခုအထိရှိပါတယ်။ ရုရှားလေယာဉ်တွေဟာ ယူကရိန်းက ပစ်ချမှာစိုးလို့ သူ့နယ်စပ်ကနေသာ ဒုံးပျံနဲ့ လှမ်းပစ်တာပါ။ ဒါပေမယ့် ယူကရိန်းဟာ အီရန်ထုတ် မောင်းသူမဲ့လေယာဉ်များစွာDrone swap နဲ့ တိုက်ချိန်မှာ ဘာမှမလုပ်နိုင်ခဲ့ပါ။ ဒါတောင် အမေရိကန်က ပိုပြီးကောင်းတဲ့လေကြောင်းရန်ကာကွယ်ရေးပေးဖို့ သဘောတူထားပါတယ်။ အားလုံးသိတဲ့အတိုင်း ယူကရိန်းဟာ သူ့မြို့တွေကို မကာကွယ်နိုင်လို့ အပစ်ခံနေရတာ အားလုံးသတင်းထဲမှာ တွေ့နေ ဖတ်နေရမှာပါ။ သူ့လူမျိုးတွေ၊ သူ့သတင်းသမားတွေက ယူကရိန်းအစိုးရကို မဆဲနေပါ။ ဒုတိယကမ္ဘာစစ်မှာလဲ အင်္ဂလိပ်နဲ့ ပြင်သစ်ဟာ ဂျာမနီလေတပ်ကို ဗုံးမကြဲအောင် မကာကွယ်နိုင်ခဲ့ပါဘူး။

ယခုလိုရေးပြတာဟာ သာမန်ပြည်သူတွေ၊ မြန်မာ့သတင်းသမားတွေ အမြင်ကျယ်အောင်ပါ။ ဒလန်မဟုတ်ရင်ပေါ့။ မအလလေတပ်ရန်က လေကြောင်းရန်ကာကွယ်ဖို့က တရုတ်၊ အမေရိကန်၊ ရုရှား၊ ပြင်သစ်နဲ့ အင်္ဂလိပ်က မကူရင် မရပါ။ ဒါက အမှန်တရားပါ။ ရဟတ်ယာဉ်ပစ်လောက်တော့ စာရေးသူတို့နိုင်ပေမယ့် အဖွဲ့တိုင်းကို ပေးနိုင်မှာမဟုတ်ပါ။

လက်တွေ့ကျတာက သတင်းလုံခြုံရေးပါ။ မီးဘေးရှောင် မလောင်ခင်တားဆိုရိုးစကားရှိသလိုကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတာလဲ အားလုံးသိမှာပါ။ အဓိကက အာမခြောင်ဖို့ပါ။ မိမိတို့သမ္မတ ဘယ်မှာရှိတယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဘယ်မှာရှိတယ်ဆိုတာကို မသိပါစေနဲ့။ တောင်/မြောက်တောင် မသိပါစေနဲ့။ သတင်းသမားတွေလဲ တော်လှန်ရေးအသိရှိပါ။ ယင်းမာပင်မှာ ယခုအတိုက်ခံနေရတာက ဗိုလ်နဂါးနဲ့ ဗိုလ်သံမဏိကိစ္စကစပြီး အဖွဲ့ကွဲတာ နောက်နန်းမီးသတ်အဒေါ်သစ္စာဖောက်က သတင်းသမားတွေနဲ့ဗျူး၊ စရဖသတင်းပေးရာကစပါတယ်။ မိမိတို့စခန်းတွေရဟတ်ယာဉ်နဲ့ အစီးခံရမှ ပစ်ချဖို့လက်နက်ဟာ အထက်မှာရေးထားသလို မဖြစ်နိုင်ပါ။ စာရေးသူမှာလက်နက်ရှိခဲ့ရင်တောင် NUG ရဲ့ အာဏာသက်ရောက်ရာနေရာကို အရင်ဆုံး ကာကွယ်ရမှာပါ။

ဒါဆိုရင် မအလက လေတပ်အားကြီးလို့ တော်လှန်ရေးက မနိုင်တော့ဘူးလား? တာလီဘန်ဟာဆိုဗီယက်တပ်ရော၊ အမေရိကန်တပ်ကိုပါ နိုင်ခဲ့ပါတယ်။ ထို့အတူ ဗီယက်နမ်ကလဲ သူ့ထက်အင်အားကြီးတဲ့ အမေရိကန်လေတပ်ကို နိုင်ခဲ့ပါတယ်။  တရုတ်ကွန်မြူနစ်တပ်ဟာလဲ သူ့ထက်လေကြောင်းရှိတဲ့တရုတ်ဖြူတပ်ကို နိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲ? တာလီဘန်ဟာ အမိန့်နာခံမှု အားကောင်းပါတယ်။တရုတ်တပ်ဟာ သူ့ပါတီအမိန့် ဗီယက်ကောင်းဟာ သူ့ပါတီအမိန့်ကို နာခံပါတယ်။ လိုင်းပေါ်တက်ပြီးNUG ဘာလဲ လက်နက်မပေးသေးဘူး အာမခြောင်နေပါ။ တာလီဘန်၊ တရုတ်နီ၊ ဗီယက်ကောင်းတပ်တွေဟာ ကုလကို အားမကိုးနေသလို ဘီဘီစီ၊ CNN ၊ လူ့အခွင့်အရေးအဖွဲ့တွေကို ဂရုစိုက်မနေပါ။ မိမိရှိတာနဲ့ ကိုက်ညီတဲ့ တော်လှန်ရေးကို ဆင်နွဲခဲ့ပြီး အောင်ပွဲဆင်ခဲ့ပါတယ်။ သူတို့မှာ အဖွဲ့တွေအများကြီးကွဲမနေပါ။ ဒါက NUG အတွက်လဲ အမေရိကန်စံတွေ values တွေက ကောင်းပေမယ့် မိမိနဲ့ကိုက်ညီတဲ့မိမိမှာရှိတဲ့ဟာနဲ့ လုပ်ရမှာပါ။ ကျန်အဖွဲ့တွေကလဲ တာလီဘန်နဲ့ ဗီယက်ကောင်းအမိန့်နာခံသလို နာခံရမှာဖြစ်ပြီး တစ်မြို့တပ်မတော်တစ်ခုဆိုရင် အဆင်မပြေပါ။

အကျဉ်းချုပ်က သတင်းလုံခြုံမှု၊ အမိန့်နာခံမှု၊ မိမိမှာရှိတဲ့ လက်နက်နဲ့ ကိုက်ညီတဲ့ စစ်ဗျူဟာချမှုကသာ လေယာဉ်တွေထက် အနိုင်အရှုံးကို ဆုံးဖြတ်သွားမှာပါ။ မိမိတပ်တည်နေရာကိုမသိရင် ရန်သူ့လေယာဉ် ဗုံးကြဲလို့မရသလို ရဟတ်ယာဉ်လဲ လာမရပါ။ ဒါက လေယာဉ်ပစ်ထက် လက်တွေ့ကျကျလုပ်နိုင်တဲ့နည်းပါ။ အားလုံး ဆင်ခြင်နိုင်ကြပါစေ။

704 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page