top of page
Search

လေးကေ့ကော်လို အပစ်မခံရအောင် ဘယ်လိုလုပ်မလဲ?

Writer's picture: Myat Tun OoMyat Tun Oo

Updated: Dec 25, 2021


ဒီဆောင်းပါးက ပြည်ပက မြန်မာများအတွက် အဓိက ရည်ရွယ်ရေးသားပါတယ်။ စာရေးသူတို့တိုင်းပြည်မှာ စစ်ဖြစ်ရင် မအလတပ်က လေတပ်သုံးတာ တာဝေးပစ်လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တာတွေလုပ်လေ့ရှိပါတယ်။ ယခုဒီနည်းကိုသုံးပြီး တိုက်နေတာက မုံးကိုး၊ စစ်ကိုင်းနဲ့ ကရင်နယ်တွေမှာပါ။ စစ်ကိုင်းဟာ နေ့စဉ်ရဟတ်ယဉ်နဲ့ ပစ်ခတ်တာခံနေရပြီး အပြစ်မဲ့ အရပ်သားတွေ အသတ်ခံနေရပါတယ်။

နိုင်ငံခြားရောက် မြန်မာများသတိပြုသင့်တာက ရိုဟင်ဂျာကိစ္စ အသံအကျယ်ဆုံးအော်ခဲ့တဲ့ အင်္ဂလန်ဟာ လက်နက်ကူဖို့နေနေသာသာ မြန်မာသံရုံးကိစ္စတောင် ဒီမိုတွေကို မကူညီပါ။ အမေရိကန်အစိုးရကလဲ သမ္မတကိုယ်တိုင် အသံကျယ်ခဲ့ပေမယ့် ယခုဥပဒေအသစ်နဲ့ အထက်လွှတ်တော်အမတ် မစ်ကော်နယ်ကကူညီဖို့ တွန်းတွန်းတိုက်တိုက် လုပ်နေရဆဲပါ။ စာရေးသူတို့အနေနဲ့ လစ်ဗျားလို လာကူညီဖို့ ဆီးရီးယားလို အကူခံရဖို့က လောလောဆယ် မေ့ထားလိုက်ပါ။ ဒါကြောင့် ပြည်ပကို မမျှော်ဘဲ မိမိတိုင်းပြည်အတွက် စာရေးသူတို့အချင်းချင်းသာ ဝိုင်းကူရမှာပါ။ ဒါဆိုရင် ငါတို့လှူတဲ့ပိုက်ဆံတွေ ဘယ်ရောက်နေလဲ?

လက်ရှိ PDF အဖြစ် လက်နက်ကိုင်သင်တန်းတက်ပြီးသူဟာ တစ်သိန်းနီးပါးရှိပါပြီ။ သူတို့ကို ကျွေးထားဖို့ ပိုက်ဆံလိုသလို CDM အတွက်လဲ ပိုက်ဆံလိုပါတယ်။ နောက်လက်နက်ဝယ်ဖို့လဲ ပိုက်ဆံလိုပါတယ်။ NUG အစိုးရဟာ ထိုလိုငွေကို ရဖို့အတွက် နည်းလမ်းပေါင်းစုံ သုံးခဲ့ပါတယ်။ သုံးနေဆဲပါ။ ဒါပေမယ့် မအလရဲ့ စစ်သံတွေရဲ့ တိုက်ခိုက်မှုကို မကြာခဏခံရပါတယ်။ နောက် အမေရိကန်မှသည် အာဆီယံအထိ လောလောဆယ် လေနဲ့သာ ထောက်ပံ့နေတယ်ဆိုတာ မမေ့ပါနဲ့။ မင်းက ဘာအထောက်အထားရှိလဲ? ပထမ Gofundme နဲ့ NUG က ဝင်ငွေရှာချိန်မှာ မအလရဲ့ထောက်လှမ်းရေးက ငွေအနည်းငယ်ဝင်လှူ ပြီး ထို ငွေစုပေးတဲ့ ဌာနကို ဒီငွေတွေဟာ အကြမ်းဖက်မှုအတွက်သုံးမှာဆိုပြီး တိုင်ပါတယ်။ ဒါ့ကြောင့် NUG ဟာ ငွေထုတ်ရာမှာ အခက်အခဲရှိပါတယ်။ အမေရိကန်အစိုးရက ဒါငါတို့အဖွဲ့ ပေးထုတ်လိုက်လို့ ပြောရင်ရနိုင်ပေမယ့် အမေရိကန်က အဲ့ဒီလို မကူညီခဲ့ပါ။ ဒါက အမေရိကန်ကို အပြစ်တင်တာမဟုတ်ဘဲ ပြည်သူတွေ အဖြစ်မှန်ကို သိနိုင်အောင်ပါ။ နောက် NUG က အခွန်ကောက်ရာမှာလဲ ထို့အတူပါဘဲ။ မအလရဲ့ စစ်သံတွေက အခွန်ဆောင်သလိုနဲ့ ဘဏ်လိပ်စာယူ ပြီးရင် အဆိုပါဘဏ်တွေကို NUG က လက်နက်ဝယ်တယ် ဘာညာဆိုပြီး တိုင်ပါတယ်။ ထိုအချိန်မှာလဲ အီးယူက NUG က အစိုးရဆိုရင်ပြဿနာက ရှင်းရလွယ်ပေမယ့် သူတို့က ရူးချင်ယောင်ဆောင်နေပါတယ်။ ဒါကအရှိတရားပါ။ ဒါကိုရှောင်ဖို့ NUG က ငွေတိုက်စာချုပ်ရောင်းပါတယ်။ ဝယ်ယူသူက အလွန်များပါတယ်။ ဒါပေမယ့် မအလရဲ့ စစ်သံက စင်ကာပူဘဏ်တွေကို NUG က လက်နက်ဝယ်မယ် ဘာညာဆိုပြီး တိုင်ပါတယ်။ စင်ကာပူအစိုးရက မအလကိုတိုင်ရင်သာ စစ်ဖို့ကြာပေမယ့် အဆိုပါဘဏ်တွေကိုစစ်ပြီး ပိတ်ပါတယ်။ ဒါ့ကြောင့် မြန်မာလူမျိုးတွေ ငွေတိုက်စာချုပ်ဝယ်ဖို့ စင်ကာပူဘဏ်ကို ငွေလွှဲပြီးမှ ငွေပြန်ရတာတွေ ကြုံကြရမှာပါ။ ဒါတွေက ဘာကြောင့်လဲဆိုတော့ အမေရိကန်ကနေ အီးယူ၊ စင်ကာပူအထိက စာရေးသူတို့တော်လှန်ရေးကို လေနဲ့သာထောက်ခံနေကြလို့ပါ။

ဒီအခက်အခဲတွေကို ကျော်ဖြတ်ဖို့က နိုင်ငံခြားရောက် မြန်မာများအနေနဲ့ မိမိတို့အချင်းချင်း တရားဝင်ငွေကောက်ခံသူထံ လစဉ် ငွေလွှဲကြဖို့ပါ။ တစ်လကို ဒေါ်လာ ၅၀ ကနေ တစ်ထောင်၊ တစ်သောင်းအထိလွှဲလို့ရပါတယ်။ ဒီအစီအစဉ်က ဘာကောင်းသလဲဆိုတော့ မအလထောက်လှမ်းရေးက ထိုးဖောက်မရတာပါ။ လူတစ်ယောက်ဟာ မိမိနဲ့သိသူ အယောက် ၂၀-၃၀ လောက်သာကောက်လို့ အတိုင်ခံရရင်လဲမိမိလူထဲက သစ္စာဖောက်ကို တန်းသိမှာပါ။ ငွေလွှဲရာမှာလဲ နိုင်ငံခြားဘဏ်တွေကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။ စစ်တိုက်တယ်ဆိုရာမှာ သေနတ်ဟာ တစ်ခါပစ်ရုံမဲ့ မပြီးသွားပါဘူး။ AA ဟာ ယခုလို စစ်တိုက်နိုင်ဖို့ လက်နက်ရအောင် ဆယ်နှစ်လောက် ပြင်ခဲ့ရပါတယ်။ စာရေးသူတို့က ဆယ်လအတွင်း တိုက်ဖို့ပြင်ရလို့ အရှိန်အဟုန်နဲ့ လိုပါတယ်။

စစ်ဆိုတာ ပိုက်ဆံကုန်ပါတယ်။ ပျက်ဆီးတာတွေ လူသေတာတွေရှိပါတယ်။ ဒါ့ကြောင့် DASSK ကရင်ကြားစေ့ရေး ရွေးခဲ့တာပါ။ မအလက လက်နက်အားကိုး အာဏာသိမ်းလို့ ဒီအခြေအနေရောက်ခဲ့တာ မမေ့ပါနဲ့။ လူတစ်ယောက်စားဖို့ တစ်နေ့ကို တစ်ဒေါ်လာလောက်ကုန်ပါတယ်။ လူတစ်သောင်းဆိုရင်တောင် ဒေါ်လာတစ်သောင်းပါ။ တစ်လကို ဒေါ်လာ ၃ သိန်းပါ။ တစ်နှစ်ကို ဒေါ်လာ ၃.၆ သန်းပါ။ဒါက PDF တစ်သောင်းကို ကျွေးရင် ကုန်မယ့်စရိတ်ပါ။ တစ်သိန်းဆိုရင် ၃၆ သန်းပါ။ AK 47 က တွက်ရလွယ်အောင် ဒေါ်လာတစ်ထောင်ထားပါ။ အမှန်က လူတစ်သောင်းဆိုရင် ဒေါ်လာ ၁၀ သန်းပါ။ ဒါက ငွေအခက်အခဲတင်ပါ။လက်နက်ရအောင်လုပ်ရတဲ့ အခက်အခဲမပါသေးပါ။ လေယဉ်ပစ်အမြောက်တို့ တာဝေးပစ်အမြောက်တို့က ပိုက်ဆံပေးတာတောင် ဝယ်ရခက်တတ်ပါတယ်။ RPG တစ်ခုဟာ ဒေါ်လာ တစ်ထောင်လောက်ရှိပြီး အထဲက ကျည်ဆန်က ဒေါ်လာ ၁၀၀ ကနေ ၅၀၀ ပါ။ အခြားတိုင်းရင်းသားလက်နက်ကိုင်တွေက ဘယ်ကငွေရလဲဆိုတော့ သူတို့က တိုက်လာတာနှစ်ချီနေလို့ သူတို့ရဲ့ ဝင်ငွေလမ်းကြောင်းလေးတွေရှိပြီးသားပါ။

ပြောလိုတာက ဘာလဲဆိုတော့ တော်လှန်ရေးဆိုတာ တစ်ခါထဲနဲ့ ပြီးမသွားပါ။ စာရေးသူတို့က မြောက်ပိုင်းအိုင်ယာလန်က တော်လှန်ရေးလို အမေရိကန်က အိုင်းရစ်လူမျိုးတွေက သူတို့တပ်မတော်ကို လစဉ်ထောက်ပံ့သလို လှူခဲ့ရတာပါ။ နောက်ပွဲတွေလုပ်ပြီးလဲ အလှူခံကြရပါတယ်။

အကျဉ်းချုပ်ရရင် PDF တစ်သောင်းလောက်ကျွေးဖို့က တစ်နှစ်ကို ဒေါ်လာ ၃၆ သန်း အနည်းဆုံးကုန်ပါမယ်။ ဒါက နှစ်တိုင်းကုန်နေမှာပါ။ PDF တစ်သောင်းအတွက်က ဒေါ်လာ ၁၀ သန်း လက်နက်အတွက်ကုန်ပါမယ်။ ဒါကတော့ တစ်ခါသာကုန်မှာဖြစ်ပြီး တစ်သိန်းအတွက် သန်း ၁၀၀ပါ။ ကျည်ဆန်တွေလက်နက်ကြီးတွေ ဆက်သွယ်ရေးဆက်တွေကလဲ ကုန်မှာပါ။ NUG မှာ စစ်ရေးအတွက်တင် တစ်လကိုဒေါ်လာ ၂၅ သန်းလောက်လိုပါမယ်။ ဒေါ်လာ ၂၅ သန်းနဲ့ လက်နက်ဖိုးတောင် တစ်လနှစ်လစုရမယ်ဆိုတာ မမေ့ပါနဲ့။ ဒါ့ကြောင့် နိုင်ငံခြားရောက် မြန်မာများက လစဉ် ဒေါ်လာ ၅၀ မှာ ၅၀၀၀ အထိ ပုံမှန်ထည့်ဝင်ခြင်းဖြင့် တော်လှန်ရေးမှာ ဝိုင်းကူကြပါ။ လေးကေ့ကော်လို စစ်ကိုင်းမှာလို ဗုံးကျဲမခံရအောင်လေယဉ်ပစ်လက်နက်တွေလိုပါတယ်။ ဖြစ်မှ NUG ဘာလုပ်ပါ ညာလုပ်ပါ ပြောမရပါ။ သူ့မှာ ကြိုပြင်ရ ဝယ်ရပါမယ်။ ယခုငွေလှူရင်တောင် လေယဉ်ပစ် လက်နက်က နောက်သုံး လေးလနေမှ ရမှာပါ။ သူ့မှာစစ်ကိုင်းကို ပို့ဖို့ခက်နိုင်ပေမယ့် ကရင်ဒေသတော့ ပြည်သူ့ထံက ပိုက်ဆံရရင် ဝယ်နိုင်မှာပါ။ အားလုံးအမေရိကန်က ဘာကူ ညာကူ ဥရောပနဲ့ အင်္ဂလိက်က ကူတာတွေကို မျှောတာလျော့ပြီး မိမိအစိုးရ မိမိတပ်မတော် PDF ကို လက်တွေ့ကျကျ ထောက်ပံ့ကြပါလို့ တောင်းပန်ပါရစေ။ ပြည်သူသာ အဓိကပါ။

5,309 views3 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

3 Comments


amarakolwin65
Dec 26, 2021

We support NUG

Like

amarakolwin65
Dec 26, 2021

We support

Like

Myint Soe Oo
Myint Soe Oo
Dec 24, 2021

ဦးမြတ် !!! ဤမျှ

ကြမ်းကြုတ်သော ၊ရက်စက်သော ၊ထောက်ထားညှာတာမှု ကင်းသော ၊ကျောက်ကျစ်သော ၊ စဉ်းလဲသော ၊

ဉာဏ်နီဉာဏ်နက်များသော ၊မာယာပရိယာယ် ကြွယ်လွန်းသော

အဖွဲ့အစည်း။

ကုလ ဆိုတဲ့ အသင်းအဖွဲ့ကတောင် မျက်ဝါးထင်ထင် တွေ့နေပါလျက်

အကြမ်းဖက် ဟု အမည်မတတ်ပေးနိုင်သေးပါ။ ပြော မထွက် ၊ မဆိုရက်အောင်

ကုလသည် နှောင်ကြိုးတစ်ခုဖြင့် ချုပ်ကိုင်ထားပြီလား။

ယင်းနှောင်ကြိုးကို မည်သူ တုပ် ထားပါသနည်း။

အာဆီယံက ဟွန်ဆန် ? သူလည်းသံပတ်ပေးထားသော စက်ရုပ်နှင့် မခြားပါ။

နောက်ကွယ်က နှောင်ကြိုးပိုင်ရှင် လက်ဝါဝါရဲ့ ကျေးဇူးခံ ကျေးဇူးစား ဂတိစကားကို မပယ်ရှားဝံ့ကြောင်း သိသာပါသည်။

ယွမ် နှင့် ကျပ် ၊ ရူးပီး နှင့် ကျပ်

အတူယှဉ်တွဲသုံးစွဲရေး ဦးတည်ချက်သည်

ငွေကြေးကို နယ်ချဲ့ ၊ သိမ်းပိုက်ခြင်းတစ်မျိုးဖြစ်ပါသည်။

မြန်မာပြည် တော်လှန်ရေး လူထုနောက်မှာ ပီဒီအက်ဖ် ၊ဂျီဇက်၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစု အချို့နှင့် အင်န်ယူဂျီသာ ရှိပါသည်။အားကိုးစရာ အားထားစရာ အစစ်ဖြစ်ပါသည်။စကစကို တော်လှန်နေရုံမျှမက စကစ၏ ဆရာကိုပါ တွန်းလှန်နေရပါသည်။


ပြည်ပ အဖွဲ့မှန်သမျှ

~သူကြီးသား ရမ်းကားမှုကို

~သူကြီးမျက်နှာ ထောက်၍


မျက်နှာလွှဲ ၊ ခဲ(ဂဲ )ပစ်နေကြခြင်းသာဖြစ်ပါသည်။


အမြင်ကွဲလွဲပါက နားလည်ပေးပါရန်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page