top of page
Search

လောက်ကိုင်အကြောင်းမေးသူများသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 7, 2024
  • 1 min read

အချို့က လောက်ကိုင်က မအလက လက်နက်ချခိုင်းတာလား သူတို့ဖာသာလက်နက်ချတာလား မေးကြပါတယ်။ မအလဟာ သူ့လူကိုတရုတ်ပြည်လွှတ်ချိန်မှာ သူ့လူ ဆွေးနွေးပွဲမှာတောင်းဆိုတာက MNDAA နဲ့ TNLA၊ AA တို့ကို သူတို့မူလနေရာ ပြန်ဆုတ်ပေးဖို့ပါ။ လွှတ်တော်မှာ စကားပြောတဲ့လေသံမျိုး အရမ်းမာပါတယ်။ ဒါက မအလအနေနဲ့ ဆုတ်ဖို့ အစီအစဉ်မရှိဆိုတာကိုပြတဲ့ ပထမသက်သေပါ။

နောက်အပစ်ရပ်ချိန်မှာ လောက်ကိုင်ကို လူသူ၊ လက်နက်အင်အားတွေ ဖြည့်ထားခဲ့ပါတယ်။ ဒါကလဲ သူ့စခန်းဆုတ်ဖို့ အစီအစဉ်မရှိဆိုတာကိုပြတဲ့ ဒုတိယသက်သေပါ။ ဒါပေမယ့် ကိုးကန့်ပြည်သူစစ်ကလွဲရင် သူ့တပ်ဟာ မြို့ပေါ်မှာ အသေခံမတိုက်ဘဲ လက်နက်သာချနေတာ အားလုံးတွေ့မှာပါ။

လောက်ကိုင်ကို နေရာအလိုက်ဗိုလ်မှူးချုပ်တွေက ဗျူဟာမှူးအဆင့်လောက်အလုပ်ကို ဝင်အာချောင်နေကြတာပါ။ နောက်ဆုံးသူတို့ကို အဝိုင်းခံရချိန်မှာ သူတို့အသက်အသေမခံနိုင်လို့ သူတို့ဖာသာ လက်နက်ချဖို့ညှိပြီး အမိန့်မနာခံဘဲ လက်နက်ချလိုက်တာပါ။ သူတို့က အထက်အမိန့်တောင်းတာမဟုတ်ဘဲ သူတို့လက်နက်ချမယ် လုပ်ချင်ရာလုပ်ဆိုတာမျိုးပါ။ ဒါတောင် MNDAA ထံကသတင်းထွက်လာပြီးမှ စစ်ရုံးချုပ်ကသိတာပါ။ ဒါပေမယ့် မဲလုံးက အရှက်ပြေ အမိန့်အရခွါစစ်ဆင်လာသယောင်ပြောနေတာက ရယ်စရာပါ။ ခွါစစ်မှာက လက်နက်ပစ္စည်းအကုန် မိမိတပ်နဲ့ ပါလာရမှာပါ။ အင်္ဂလိပ်တပ် ဂျပန်အဝင်မှာ အိန္ဒိယကို ဆုတ်ခွါသလိုမျိုးပေါ့။

ဒီနေရာမှာ ဆုတ်လာသူအကုန်ကိုဖမ်းမလား မေးစရာရှိပါတယ်။ ယခုမအလက အောက်ခြေတပ်သားတွေကို အိန္ဒိယနယ်စပ်မှာလို မဖမ်းဘဲနဲ့ ကရင်နီ/ကယားနဲ့ လားရှိုးခံစစ်၊ ပြင်ဦးလွင်ခံစစ်၊ ရခိုင်စစ်မျက်နှာတွေကို ပို့မှာပါ။ စစ်တပ်ထဲမှာ လူမရှိလို့ ထိုသူများကို မဖမ်းဘဲ ရှေ့တန်းပြန်ပို့တာက သူတို့အတွက် ထောက်ဒဏ်ထက် ပိုခံရသလို မအလအတွက်လဲ အဆင်ပြေပါတယ်။ ဒါက မဲလုံးပြောတာနဲ့လဲ ညီသလိုဖြစ်ပါမယ်။ သူတို့က ဗိုလ်မှူးချုပ်တွေအမိန့်ကို နာခံခဲ့လို့ပါ။ ဒါပေမယ့် သူတို့တိုင်ပင်ပြီး လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ်တွေကို အရေးမယူဘဲထားရင် အခြားသူတွေကလဲ အလွယ်တကူလက်နက်ချနိုင်သလို အရေးယူရင်လဲ သူ့ကိုပုန်ကန်မှာက စိုးရိမ်ရပြန်ပါတယ်။ ဘရွှေလက်ထက်ကတော့ စခန်းကျတာကို သတင်းမှားပို့ရင်တောင် အရေးယူကြသူများပါ။

ယခုကတော့ အဆိုပါဗိုလ်မှူးချုပ်တွေကို ခုံရုံးဖွဲ့စစ်မှာလားက စာရေးသူမသိသလို မအလကိုယ်တိုင်တောင် မဆုံးဖြတ်ရသေးပါ။ နေပြည်တော်ကို ခေါ်ရင်တော့ သေချာပါတယ်။ ယခုက သူတို့က ထိန်းခိုင်းထားပြီးမှ မအလက အမိန့်ထုတ်မှာပါ။ သူတို့ကို ဘာမှမပြောဘဲ နေပြည်တော်ရောက်မှ ဗျင်းမှာပါ။ ကြိုပြောလို့ သူတို့ကထွက်ပြေးရင် မအလပိုသိက္ခာကျနိုင်လို့ပါ။

ကျန်တာတွေက နောက်မှသာရေးပါမယ်။

Photo and Design credit: Myanmar now and original uploader

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page