top of page
Search

လောက်ကိုင်ကျပြီးရင် အဘ ဘာဆက်လုပ်မလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 20, 2023
  • 2 min read

MNDAA က လောက်ကိုင်ကိုတိုက်မယ်လို့ ကြေညာထားပြီးပါပြီ။ အစပိုင်းမှာ မအလက တရားဝင်မပြောရဲပေမယ့် ကျော်မျိုးမင်း၊ ကျော်စိုးဦးနဲ့ ဘောမများကတဆင့် တရုတ်ကဝင်ကူတာဆိုပြီး တရုတ်ဆန့်ကျင်ရေးအတွက် ဝါဒဖြန့်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် နောင်ချိုမှာက NUG အောက်က မန္တလေး PDF ပါနေလို့ အဆိုပါဝါဒဖြန့်မှုဟာ ဗမာတွေကြား မအောင်မြင်ခဲ့ပါ။

အစပိုင်း ရှမ်းမြောက်ကမြို့အချို့ကျချိန်မှာ မေမြို့ကို ခံစစ်ပြင်ခဲ့ပြီး မေမြို့ကနေ စစ်ကူတက်ဖို့ ကြိုးစားခဲ့သလို လားရှိုးကိုလဲ လေကြောင်းက စစ်ကူတွေပို့ခဲ့ပါတယ်။ အရှေ့ပိုင်းတိုင်းကလဲ စစ်ကူတက်ဖို့ကြိုးစားခဲ့သလို လောက်ကိုင်ကိုလဲ လေကြောင်းကနေ အားဖြည့်ထားခဲ့ပါတယ်။

ဒါပေမယ့်လဲ စခန်းတွေက ဆက်ကျနေခဲ့ပါတယ်။ လောက်ကိုင်ကိုဝိုင်းထားလို့ မကျအောင် ခံစစ်ပြင်ထားပေမယ့်လဲ မလွယ်ပါ။ လောက်ကိုင်ကျရင် အဘဘာတွေပြင်ထားပါသလဲ? အားလုံးသိတဲ့အတိုင်း ကျော်မျိုးမင်းလော်တာက MNDAA က ကိုးကန့်ဒေသ ပြန်ရဖို့သာဟုပါ။ ဒါက ကျော်မျိုးမင်းသဘောထားလား အဘရဲ့ ယုံကြည်ချက်လား? အဘက လောက်ကိုင်ကျရင် ဘာဆက်လုပ်မလဲ?

ERO များတွက်ထားတာက DASSK လွှတ်မလား သူမ ဘာပြောမလဲ ဘာညာပါ။ မအလဟာ DASSK ကို အကျယ်ချုပ်ပြောင်းတာက အများဆုံးဖြစ်မှာပါ။ ယခုအချိန်အထိ DASSK က ဘာမှမပြောဘဲ ရာပြည့်လာပြောသမျှ မလှုပ်ပါ။ DASSK ရဲ့ သဘောထားဟာ ကိုဂျင်မီတို့ ကိုဖြိုးဇေယာသော်တို့ ကြိုးပေးခံရတာ ကြားပြီးကထဲက အတော့်ကို တင်းမာသွားခဲ့ပါတယ်။ ဒါကြောင့် DASSK ကနေ ဘာမှကြီးကြီးမားမား ထပြောစရာမရှိပါဘူး။ မအလအဖမ်းခံရပြီး သူမကို သမ္မတတင်ရင်တော့ တစ်မျိုးပါ။ မအလကို ယခင်ကထဲက DASSK နဲ့ ညှိဖို့ပြောပေမယ့် မအလကိုယ်တိုင်ကလဲ စိတ်မဝင်စားပါ။ မအလဆွေးနွေးတာက DASSK က သံတမန်တွေ၊ သူ့အသံလွှင့်ဌာနတွေကို NUG/PDF မကောင်းကြောင်းပြောပေးရင် အကျယ်ချုပ်လောက် ပြောင်းပေးဖို့သာပါ။  DASSK ကလဲ စိတ်မဝင်စားပါ။ ဒါကြောင့် ERO တွေကြောက်သလို DASSK ထွက်လာပြီး ဘာပြောညာပြောက မအလအဖမ်းခံရပြီး သူမသမ္မတဖြစ်မှသာ ဖြစ်နိုင်မှာပါ။

ဒါဆိုရင် မအလမပြုတ်ဘဲ လောက်ကိုင်ကျရင် မအလဘာဆက်လုပ်မလဲ? မအလနဲ့ တပ်ထဲမှာ စဉ်းစားထားတာက MNDAA က ကိုးကန့်ဒေသ၊ TNLA က သူ့နယ်မြေ၊ ရခိုင်က သူ့မြောက်ပိုင်း၊ ကရင်နီကလဲ သူ့နယ်ကိုစိုးမိုးလိုတယ်ဆိုတာပါ။ မအလအနေနဲ့က NUG/PDF ကိုတော့ နယ်မြေမပေးလိုပါ။ ဒါဆို ဘာဆက်လုပ်မလဲ။ ရေတိုမှာ မအလက သူစစ်ရှုံးနေတာက ဒရုံးကြောင့်လို့ ယူဆထားပြီး ဒရုံးဖျက်နည်းပညာကို ရုရှား၊ အီရန်၊ မြောက်ကိုရီးယားထံက မှာထားပါတယ်။ ဒါတွေက ရှေ့တန်းစခန်းအားလုံးပို့ ပမာဏရဖို့က မဖြစ်နိုင်သေးပါ။ ဒါကြောင့် မအလမှာ အချိန်လိုပါတယ်။

MNDAA က လောက်ကိုင်ကိုသိမ်းပြီးရင် မအလက အဆိုပါနယ်တွေကို MNDAA အထူးဒေသအဖြစ်သတ်မှတ်ပေးပြီး တရုတ်ကတဆင့် အပစ်ရပ်ဖို့ ဖိအားပေးမှာပါ။ TNLA ကိုလဲ သူ့နယ်ကို အထူးဒေသသတ်မှတ်ပေးပါမယ်။ ကရင်နီကို လွိုင်ကော်ကို မပေးနိုင်ပေမယ့် အခြားဒေသတွေကိုတော့ ညှိပြီးပေးနိုင်ပါတယ်။ ရခိုင်မှာ AA ကိုလဲ ရသလောက်နဲ့ အပစ်ရပ်ဖို့ ထပ်ညှိပါမယ်။ MNDAA နဲ့ ညှိလို့ရရင် အခြားအဖွဲ့တွေက အဆင်ပြေမယ်လို့ ယူဆထားပါတယ်။ ထိုအဖွဲ့တွေက NUG နဲ့ဝေးလို့ မအလက သူတို့လိုချင်တာပေးရင် ညှိလို့ရမယ်လို့ တွက်ထားတာပါ။ AA နဲ့ အပစ်ရပ်ပုံစံကို လိုက်လုပ်မလို့ပါ။ ယခင်ထဲက KNDF က ခွန်ပီထူးကို မအလက ပြည်နယ်ပေးရင် ညှိလို့ရမယ်လို့ တွက်ထားပြီးသားပါ။ ယခင်ထဲက KNDF အတွက် စာတမ်းကရှိပြီးသားပါ။ ဒီအတွေးအခေါ်က AA နဲ့ အပစ်ရပ်လို့ရတဲ့မူအပေါ်မှာ အခြေခံပါတယ်။


မအလတပ်ထဲမှာ တွက်ထားတာက ချင်းကို အိန္ဒိယက မထောက်ပံ့လို့ အတိုင်းအတာတစ်ခုအထိ ထိန်းနိုင်မယ်လို့ ယူဆပါတယ်။ ဒီအဖွဲ့တွေနဲ့ အဆင်ပြေမှ စစ်ကိုင်းက PDF နဲ့ KIA ကို ပြန်တိုက်ဖို့ပြင်မှာပါ။နောင်နှစ် ဖေဖော်ဝါရီလောက်ဆို ဒရုံးဖျက်လက်နက်တွေ အလုံအလောက်ရောက်မယ်လို့ မျှော်လင့်ထားပါတယ်။ KNU ထဲကတော့ မအလမွှေးထားတဲ့ မီးလေးတွေ ဘာဆက်ဖြစ်မလဲ မအလက စောင့်ကြည့်နေပါတယ်။


ဒါဆိုရင် မအလက ထိုးစစ်မဆင်ဘူးလားဆိုတော့ လောလောဆယ်မှာ MNDAA, TNLA, AA, MDY PDF ပူးပေါင်းအင်အားကို ယှဉ်နိုင်စွမ်းမရှိပါ။

ယခုလို ရေးပြတာက မအလတပ်ထဲက စဉ်းစားပုံကို သိနိုင်အောင်ပါ။ သတင်းသမားတွေ၊ နိုင်ငံရေးသမားတွေက DASSK ထွက်လာရင် ဘာညာစဉ်းစားလေ့ရှိပေမယ့် မအလက ဒီလို ERO ကို ကမ်းလှမ်းရင် သူတို့တိုက်တာရပ်မှာလား ဆက်တိုက်မှာလားဆိုတာ ပြောလေ့မရှိပါ။ ဒီဆောင်းပါးဟာ MNDAA, TNLA, AA နဲ့ KNDF ကို အတွေးလေးတွေပေး နိုင်လိမ့်မယ်လို့ ယူဆသလို NUG ကိုလဲ လိုတာတွေပြင်ဆင်နိုင်မယ်လို့ ယူဆပါတယ်။  သတင်းသမားတွေလဲ DASSK က ရပ်ခိုင်းရင်ဆိုတာမျိုး မတွေးဘဲ အဆိုပါအဖွဲ့တွေကို သူတို့တောင်းတဲ့ ဒေသ အချို့ကို မအလကပေးရင် ရပ်မှာလား ဆက်တိုက်မှာလားဆိုတာက တော်လှန်ရေးအတွက် အရေးကြီးတယ်ဆိုတာ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Maung Chit Khaing
Maung Chit Khaing
Nov 20, 2023

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် နည်းလမ်းတစ်ခုပဲ ရှိတယ်။ ၁။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရားမဝင် အာဏာသိမ်းမှု နဲ့ ထောင်ထဲသွင်းရမယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့သည်။ ဥပဒေနဲ့အညီ အရေးယူရမယ်။ ၂။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်၊ သား နှစ်ဦးစလုံး မိသားစုများ အပါအဝင်ကို မြန် မာနိုင်ငံသားဖြစ်ခွင့် ချက်ချင်းပေး ပြီး အောင်ဆန်းစုကြည် ကို သမ္မတရာထူး ချက်ချင်းပေးပါ။ အခြားရွေးချယ်စရာမရှိပါ။ NUG/ PDF သို့မဟုတ် ဗမာစစ်တပ်မှဖြစ်စေ တစ်စုံတစ်ဦးမှ တတ်နိုင်သမျှအမြန်ဆုံးပြုလုပ်ရမည်။ ၃။ ပြည်နယ်အားလုံးကို လွတ်လပ်သောနိုင်ငံအဖြစ် ကြေညာပါ။

၎င်းသည် ရာခိုင်နှုန်းပြည့် တရားဝင် ဖြစ်သည်။ ဒီလိုမှမဟုတ်ရင် မြန်မာပြည်ဟာ လျှင်မြန်စွာ ကျရှုံးပြီး ဘယ်တော့မှ ပြန်ကောင်းလာမှာ မဟုတ်ပါဘူး။ အခြားနည်းလမ်းမရှိပါ။


Edited
Like
Andrew Chen
Andrew Chen
Nov 22, 2023
Replying to

Very good idea.

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page