top of page
Search

လမင်းကို ဟောင်သော ခွေးပု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 24, 2019
  • 1 min read

ree

လမင်းကို ဟောင်သော ခွေးပု

စာရေးသူတို့က လမင်းကြီးကို မြင်တဲ့အခါမှာ လမင်းကြီးက သာလိုက်တာ။ အေးချမ်းမှုကို ပေးသလိုလူတွေကို ညဖက် အလင်းရောင်ပေးနိုင်တယ် ဘာညာဆိုပြီး ရေးကြပါတယ်။ လမင်းကြီးရဲ့ သာယာမှုကိုလဲ အမွန်းတင်တာပေါ့။ ဒါပေမယ့် ဟောင်နေတဲ့ ခွေးပုလေးကို မြင်ချိန်မှာတော့ ဒီခွေးပုလေးကဟောင်လိုက်တာ မိမိနေရာ မိမိမနေဘူး။ လူတွေအိပ်မရဘူး။ လူတွေကို ဒုက္ခပေးနေတဲ့ခွေးပု သေမှအေးမယ်လို့ ထင်ကြ ပြောကြပါလိမ့်မယ်။

ဒါပေမယ့် အဆိုးမြင်ဝါဒီ ပညာရှင်များ၊ ဖွတ်များကတော့ စာရေးသူတို့နဲ့ အမြင်မတူနိုင်ပါ။ သူတို့ကမင်းတို့လက နေပြီးမှထွက်ရတာပါ ပူလဲ မပူဘူး ဘာညာဆိုပြီး ကြံဖန်အပြစ်ပြော ဝေဖန်ကြမှာပါ။ သူတို့ဟာ မိမိနေရာမိမိမနေဘဲ ဟောင်နေတဲ့ ခွေးပုလေးကိုတွေ့ချိန်မှာတော့ ဒီခွေးပုလေးက အမျိုးသားရေးခွေးလေး၊ အိမ်စောင့်ခွေးလေး၊ မျိုးစောင့်ခွေးလေးဆိုပြီး ကြံဖန်ချီးကျူးကြမှာပါ။

တစ်ဖက်နဲ့တစ်ဖက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမြင်တွေ မတူနိုင်ပေပါ။ ဒါပေမယ့် လမင်းဟာ လမင်းသာဖြစ်ပြီးခွေးပုဟာ ခွေးပုပါဘဲ။ ခွေးဟာ လမင်းကို ဟောင်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ပါ။ တိုက်ဆိုင်မှုရှိခဲ့ရင်ခွင့်လွတ်ပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page