top of page
Search
  • Writer's pictureMyat Tun Oo

လက်ရှိတပ်မတော်သားများလိုက်နာရန်



NUG အစိုးရမှ D Day ကြေညာ၍ တိုက်ခိုက်ပါက ပြည်သူ့ထံလက်နက်ချရန်။

ပြည်သူ့ဘက်မှ ရပ်တည်ရန်။

မလိုက်နာဘဲ သူခိုးမအလအမိန့်နာခံ၍ ပြည်သူနှင့် ပြည်သူ့တပ် PDF ကို ပစ်ခတ်ပါက ချေမှုန်းခံရမည်ဖြစ်ပါသည်။

အဖမ်းခံရမှ အထက်အမိန့်အရလို့ ဆင်ခြေပေးလဲ လက်ခံမည်မဟုတ်ပါ။ ထိုပစ်ခတ်သူများသည်တိုင်းပြည်သစ္စဖောက်များဖြစ်၍ ဥပဒေအရ ထိရောက်စွာအရေးယူခြင်းခံရမည်ဖြစ်ပြီး ပိုင်ဆိုင်မှုများပါ သိမ်းဆည်းခံရပါမည်။


ပြည်သူ့တပ်ကို ပြန်တိုက်မည်ဟု စဉ်းစားပါက အာဖဂန်က မြင်ကွင်းလေးကို မြင်အောင်ကြည့်လိုက်ပါ။


လက်ဝဲသုန္ဒက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက


“စစ်နည်းဗျူဟာ

ဘယ်လိုသာလည်း

စွဲကိုင်လက်နက်

ဘယ်လိုထက်လည်း

ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်

ပြည်သူ့အင်အား မလေးစားလျှင်

ဓားသွားလည်းကြွေ

လှံလည်းခွေအံ့”

လို့ နန္ဒိသေနပျို့မှာ ရေးခဲ့ပါတယ်။


လက်ရှိတပ်မတော်နဲ့တူတဲ့ အာဖဂန်တပ်မတော်ဟာ ရုရှားကဲ့သို့ အင်အားကြီးတဲ့ အမေရိကန်ကလက်နက်ထောက်ပံ့၊ သင်တန်းပေးပြီး ခေတ်မှီလေယဉ်တွေ လက်နက်တွေပိုင်သလို စစ်သည်အင်အား၂ သိန်းနီးပါးရှိခဲ့ပါတယ်။ အဲ့ဒီတပ်မတော်ကြီးဟာ စိတ်ဓာတ်အင်အားမရှိ တပ်ထဲကထွက်လိုသူများနဲ့သာ ဖွဲ့စည်းထားလို့ တကယ့်ရင်ဆိုင်တိုက်ပွဲမှာ ရှုံးခဲ့ရပါတယ်။


လက်ဝဲသုန္ဒရဲ့ ပျို့ဟာ ၂၁ ရာစုအထိ မှန်နေတယ်ဆိုတာကို လက်ခံလိုက်ပါ။

ယခုအချိန် တပ်ကမထွက်ခွါရဲသေးရင်တောင် CDM စာရင်းပေးထားပါ။ နံပတ်ယူထားပါ။ ယခုဘာမှ မလုပ်ရဲသေးရင်လဲ ဟိုကလာတိုက်ရင် လက်နက်ချပါ။ နောက်မှ အမိန့်အရဆိုရင် ဟိုကလဲ အမိန့်အရပစ်ရမှာပါ။

89 views1 comment
bottom of page