top of page
Search

လက်နက်တွေတကယ်မိတာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 9, 2021
  • 1 min read

စစ်ပွဲမှာ စိတ်ဓာတ်စစ်ဆင်ရေးက အရေးကြီးဆုံးပါ။ စိတ်ဓာတ်မြင့်မားနေရင် အောင်မြင်ဖို့က မဝေးပါ။မအလတပ်ရဲ့ ဖွဲ့စည်းပုံအရ ဗိုလ်မှူးချုပ်အဆင့်နဲ့အထက်မှာ ငါတို့အာဏာသိမ်းအပြီး ဂွင်မိတော့မယ်ဆိုပြီး တက်ကြွနေသူများလဲရှိပါတယ်။ ဒါပေမယ့် ဒုဗိုလ်မှူးကြီးနဲ့အောက် ရှေ့တန်းမှာ လက်တွေ့တိုက်နေရသူများကတော့ မပျှော်နိုင်ပါ။ ယခင်က ရခိုင်နဲ့ကချင်ကို အပို့မခံရအောင် လိုက်ရ ပေးရပေမယ့် ယခုက ချင်း၊ စစ်ကိုင်း၊ ကယား၊ ကရင်ပါတိုးလာနေခဲ့ပါပြီ။ အချို့မိသားစုက ကိုဗစ်ဖြစ်ပြီး ကာကွယ်ဆေးမထိုးရလို့ ခံရတာကလဲ အောက်ခြေမိသားစုတွေပါ။ ဒါပေမယ့် မအလဟာ ဒါတွေကို အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ အချို့နေရာတွေမှာက အောက်ခြေတပ်တွေကို ရွာတွေကိုစစ်နိုင်ရင် လိုရာခိုးသဘောမျိုးနဲ့လဲ လူမဆန်စွာ စည်းရုံးတာတွေ့ရပါတယ်။

ယခုအချိန်မှာ မအလထိန်းထားတဲ့ အကြောက်တရားကဲ့သို့ အောက်ခြေတပ်သားနဲ့ ဗိုလ်တွေ မိသားစုတွေဟာလဲ အရပ်ထဲမှာ အသတ်ခံရနိုင်တယ်ဆိုတဲ့ အကြောက်တရားက ဝင်လာခဲ့ပါပြီ။ ဒါ့အပြင်လူတွေက သူတို့ကို မုန်းနေတယ်ဆိုတာလဲ သူတို့အပြင်ထွက်ရင် သိလာနေပါပြီ။ ရန်ကုန်နဲ့ မန္တလေးမြို့ပေါ်မှာ မအလတပ် အပစ်ခံရရင် ပြုမူပုံက စိတ်ဖိစီးနေတဲ့ တပ်အသွင်ကို ဆောင်လာနေပါပြီ။

ဒါဆိုလက်နက်တွေကို တကယ်မိနေလား? မအလတပ်ရဲ့ အဓိကကျောထောက်နောက်ခံက လိမ်လည်မှုပါ။ မအလဟာ လိမ်လည်တင်ပြပြီး ရာထူးတက်လာခဲ့သလို သူ့အောက်ကလူတွေကလဲ လိမ်တင်ပြပြီးဖားလာ ရာထူးတက်လာသူတွေပါ။ လိမ်တတ်တာဟာ သူတို့ရဲ့ အားသာချက်ဖြစ်သလို သူတို့ရဲ့အားနည်းချက်လဲဖြစ်ပါတယ်။ တကယ်က နယ်ခံ PDF တွေဟာ အဖွဲ့များစွာရှိနေပါတယ်။ သူတို့ဟာNUG ရဲ့ PDF ဗဟိုနဲ့ တိုက်ရိုက်အမိန့်ယူတိုက်နေတာမဟုတ်ပါ။ NUG ကတောင် အဖွဲ့တိုင်းကို မသိပါ။ယခုမအလလုပ်နေတာက NLD လွှတ်တော်အမတ်ကိုတွေ့ရင် ဆန္ဒပြသူ Gz တွေကိုတွေ့ရင် လက်နက်တွေနဲ့ ဓာတ်ပုံရိုက်ပြီး မိသလိုတင်တာပါ။ ဒါက သူအမှု ၁၀၀ မိတယ်တင်ရင် တကယ်မိတာက ၅% လောက်သာပါ။ ဘာကိုတကယ်မိသလဲဆိုရင် ထိုင်းနယ်စပ်က လှုပ်ရှားသူအချို့ ဝင်လာခဲ့ရင်တော့ မိတာရှိပါတယ်။ ဟို ABSDF က လူကို မိတာမျိုးပေါ့။ ဒါက စရဖတန်ပြန်က သူပုန်စခန်းထဲမှာရှိလို့ပါ။ဒေသခံ PDF က မိမိဖာသာ လက်နက်စုဆောင်းရတာမိုလို့ မိခဲ့ရင်တောင် တစ်ဖွဲ့ထဲပါ။

နောက်ပြဿနာက ပျူစောထီးပါ။ ယခုအချိန်မှာ ပျူစောထီးကိစ္စကို တခါတလေမှာ ဒေသခံရဲက မသိလို့ မှားဖမ်းမိတာမျိုးလဲရှိပါတယ်။ အချို့ PDF တွေလဲ ပျူစောထီးဆိုပြီး စစ်တပ်ကပေးတဲ့သင်တန်းတက်၊ လက်နက်ယူပြီး PDF လုပ်လို့ လက်နက်ပျောက်ဆုံးသွားတာတွေလဲ ရှိလာနေပါပြီ။ Gz အများစုဟာ NLD ပါတီဝင်မဟုတ်ခဲ့လို့ NLD ကိုအခြေခံထောက်လှမ်းဖို့ လုပ်ထားတဲ့ စရဖဟာ NLD နဲ့ မပတ်သက်ဖူးသူ ပျူစောထီးထဲဝင်လာရင် မခွဲခြားတတ်ပါ။

မအလနားက ကမ္ဘာက စစ်ရေးမှသည် ကိုဗစ်သတင်းအထိ ဂျင်းများနဲ့ တည်ဆောက်ထားတာပါ။ ရခိုင်မှာဆိုလဲ AA က အုပ်ချုပ်နေပေမယ့် သူနိုင်နေတာပါဘဲ။ ကိုဗစ်ဆိုရင်လဲ အပြင်မှာ အောက်ဆီဂျင်ပြတ်လို့တင်မဟုတ် တပ်ထဲမှာတောင် သေနေချိန်မှာ မြဝတီနဲ့ မြန်မာ့အသံမှာက အောက်ဆီဂျင်တွေပိုနေပါတယ်။ ကိုဗစ်ကလဲ မအလက ဒီနေ့ကူးစက်မှုကျဆိုရင်ကျပါတယ်။ ထို့အတူပါဘဲ မအလက PDF တစ်ရာမိရမယ်ဆိုလဲ လေထဲမှာ မိပါတယ်။

သူ့အားနည်းချက်က ကိုယ့်အားသာချက်ပါ။ သူကတော့ ဆက်ဂျင်းထည့်မှာပါ။ ပြည်သူတွေက ချင့်ယုံပါ။ လုပ်စရာရှိတာကို သတိနဲ့လုပ်ပါ။ ပြည်သူညီရင် အရေးတော်ပုံက အောင်မှာမုချပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 09, 2021

ဦးမြတ်!!! ကိုမင်းကိုနိုင်ရဲ့ ယနေ့ စကားပါ။

~အမှတ်နဲ့က နိုင်နေပြီ

**အလဲထိုး နိုင်ဖို့ပဲ ကျန်တော့တယ်။

တဖက်ပြိုင်ဖက်က ထိုးချက် မြိုင်မြိုင်၊ ပိုင်အောင် ထိုးလာတဲ့အခါ အထိုးခံရသူ

(အထက်ပိုင်း)ခေါင်းပိုင်းက မူး ၊ (အောက်အခြေ) ဒူးကယိုင်လာရင် ငါ မဟန်နိုင်တော့ဘူးဆိုတာ သိလာရပါတယ်။

(ဝမ်းကွဲအကို မန်းတိုင်း လက်ရွေးစင် ပြောကြားခဲ့သော စကားပါ)

ဆောင်းပါးပါ အချက်များနှင့် ကိုက်ညီမှုရှိ၍ ထင်ဟပ်ပြခြင်းဖြစ်ပါသည်။

ကြားသိရသော ကွန်ယက်သတင်းများအရ

အောက်ခြေ ယိုင် ေနပါပြီ။

~​ကျောက်ထု စခန်းမှာ ဆယ်ဂဏန်း ထွက်ပြေးမှု

~ယင်းမာပင် တရော်ကျင်းမှာ ဆေးကုမခံရ၍ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု

~မကေွးလေတပ်စခန်း ပေါက်ကွဲမှု

ခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်လာပါသည်။ မင်းကင်း ၅၇ ယောက် အဖမ်းခံရပြီးကတည်းက PDF များ အနေအထိုင် ကျစ်လစ်လာကြောင်း သတင်းများအရ သိလာရပါသည်။

~ခရမ်းမှာ အပွင့်ကြီး ကြွေသွားတာလက်သည် မမိ။

~တောင်ဒဂုံမှာ ဆိုင်ကယ် ဗီနိုင်းဖြုတ်တဲ့ ဘက်တော်သားတွေ ထိ။ ဘယ်သူလုပ်လို့ လုပ်မှန်း မသိ။

~ပုဇွန်တောင်စျေးရှေ့ဖြစ်စဥ်

~ကောလင်းစစ်ဆေးရေးဂိတ်(ယနေ့ဖြစ်စဥ်) မြင်သာမြင် ဖမ်းမရ။ လှုပ်ရှားသူရဲ့ ဆိုင်ကယ်မီးခိုးပဲ မြင်ရရုံမျှသာ။

ဒူးတွေ မခိုင် ၊ အောက်ခြေ ယိုင်နေသော လက်လှမ်းမီ သိသမျှ ဖြစ်စဥ်များ။ကြာလာလျှင် အားပြတ် ဘိုင်းဘိုင်းလဲ ရှုံးပွဲ အလဲထိုး ခံရန် ကြုံလာရသော ရှေ့ပြေးကြိုတင်နိမိတ်ပုံရိပ်များဖြစ်ပါသည်။

ခုပဲ မတ္တရာဖြစ်စဥ်ကို သိလိုက်ရပါသည်။

ပျုထီးတွေ ရှေ့တန်းစစ်မြေပြင် အပို့ခံရမည့်သတင်းကြောင့် ပျုထီးတွေ ထိတ်လန့်ပြီး( လက်နက်မှောင်ခိုထုတ်ရောင်းသည့် ဖြစ်စဥ်များရှိလာ၍) ကလိမ် စေ့ ၊ ငြမ်းဆင် တချက်ခုတ် နှစ်ချက်ပြတ် လုပ်ဇာတ်သာဖြစ်ကြောင်း စာမျက်နှာမှာ ဖတ်ရှုခွင့်ရခဲ့ပါသည်။

**လိမ်ညာနေသမျှ အရှုံးနဲ့သာကြုံရမည် ဆိုသောအသိ** ခုထိ မသိနိုင်ခြင်းက ကျရှုံးခြင်းသို့ အလျင်အမြန်ရောက်အောင်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page