မနေ့က မုံရွာမှာ စျေးပိတ်သူတွေကို မုံရွာစည်ပင်က ခြိမ်းခြောက်တယ်။ ပုံမှန်မှာဆို ပြည်သူက ဘာမှမလုပ်နိုင်ဘူး။ မုံရွာဆိုတော့ တိုင်းမှူးက သူ့ဝင်းထဲမှာသာ အာဏာရှိတာ။ ဟိုမုံရွာမြို့ပြ ပျောက်ကျားနှစ်ဖွဲ့က စည်ပင်ဝန်ထမ်းတွေကို စာထုတ်လိုက်တော့ ချက်ခြင်း အချိုးပြောင်းသွားတာ တွေ့ရပါတယ်။ ဘာကိုပြလဲဆိုတော့ အဲ့ဒီနေရာတွေမှာ မအလအုပ်ချုပ်ရေး ဘယ်လောက်ပျက်နေပြီလဲဆိုတာကို ပြတာပါ။
နောက်လှိုင်သာယာမှာ မနေ့ညကဖြစ်တာ။ PDF ပစ်ခတ်တာက ပိုပြီးအကွက်ကျလာတာကို တွေ့ရပါတယ်။ ဗျူဟာမှူးတပ်စွဲတဲ့နေရာကို ဝင်ပစ်တာက ပစ်သူများရဲ့ ဗျူဟာကျကျ စဉ်းစားလာတာကို တွေ့ရသလို ဗုံးပစ်လောင်ချာကို သုံးနိုင်လာတာဟာ အားသာချက်ပါ။ ဗီဒီယိုမတင်တာလဲ ကောင်းပါတယ်။ယခုရန်ကုန်မှာ မအလတပ်တွေ လွတ်လွတ်လပ်လပ် သွားလာနေနိုင်တာက စာရေးသူတို့ ဒီမိုတွေမှာလက်နက်ကြီး များများ မရှိသေးလို့ပါ။ ဥပမာ ရန်ကုန်တိုင်း စစ်ဌာနချုပ်ဆိုပါစို့။ သူတို့က သဲအိတ်နဲ့ကာထားလဲ လက်နက်ကြီးရှိရင် ကျော်ပစ်ပြီး အထဲက လက်နက်သိုလှောင်ရာတွေ ဗျူဟာမှူး တိုင်းမှူးနေရာတွေကို အချက်ကျကျ ပစ်နိုင်မှာပါ။ မအလလာခဲ့ရင်လဲ သူလာတဲ့နေရာကို ပစ်လာနိုင်မှာပါ။
မနေ့က လှိုင်သာယာတိုက်ပွဲကို လေ့လာရအောင်။ ဗျူဟာမှူးရုံးစိုက်ရာကို ပစ်ချိန်မှာ အလစ်အငိုက်မိသွားပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် သေသူ ငါးဦးခန့်ရှိခဲ့ပါတယ်။ နောက် ကားတွေထွက်အသွားမှာမိုင်းဆွဲခံရလို့ လေးယောက်ထပ်သေပါတယ်။ ဒဏ်ရာရသူ ၂၀ ခန့်ရှိပြီး မင်္ဂလာဒုံစစ်ဆေးရုံနဲ့ အမှတ် ၂စစ်ဆေးရုံကို ခွဲပို့ခဲ့ရပါတယ်။ ဒဏ်ရာရသူက စာရေးသူသိတာထက် ပိုများနိုင်ပါတယ်။ ရဲတပ်ရင်းကဒဏ်ရာရသူက တပ်ဆေးရုံမလာလို့ပါ။
ပြန်သုံးသပ်ရရင် လက်နက်ကြီးဟာ လွတ်မြောက်နယ်မြေရရှိမှုကို ဆုံးဖြတ်သွားမှာပါ။ ယခုအချိန်မှာစာရေးသူတို့ PDF တွေဟာ မြေပြင်က မအလအုပ်ချုပ်ရေးကို လုံးဝပျက်သွားအောင် လုပ်ထားနိုင်နေတာ သေချာပါတယ်။ နောက်အဆင့်က နယ်မြေထိန်းဖို့ပါ။ ဒါကလက်နက်ကြီးလိုပါမယ်။ နောက်မှသပ်သပ်ရေးပါ့မယ်။